WhatsApp ဟာ လက်ရှိအချိန်မှာ Privacy ကို ဦးစားပေးထားတဲ့ Messaging Service တစ်ခုအနေနဲ့ လူသိများနေတာဖြစ်ပါတယ်။ အခုလည်း WhatsApp ကနေ အသုံးပြုသူတွေအတွက် တခြားသော Social Media Service တွေမှာ အသုံးပြုနိုင်ခြင်းမရှိသေးတဲ့ Privacy Feature တစ်ခုကို ထုတ်ပေးလိုက်ပါပြီ။

ဒါကတော့ WhatsApp မှာ ကိုယ့်ရဲ့ Profile ဓါတ်ပုံကို တခြားသူတွေမမြင်ရအောင် Hide ထားနိုင်တဲ့ Feature အပါအဝင် တခြားသော Feature အသစ်တွေကိုပါ ထုတ်ပေးလိုက်တာဖြစ်ပါတယ်။ WhatsApp ဟာ အခုလိုမျိုး Privacy Feature တွေကို ပြီးခဲ့တဲ့နှစ်ထဲက စတင်ဆောင်ရွက်နေတာဖြစ်ပေမယ့် အခုအချိန်မှာတော့ ကမ္ဘာလုံးမှာရှိတဲ့အသုံးပြုသူတွေအတွက် ထုတ်ပေးလိုက်တာဖြစ်ပါတယ်။

ဒါကြောင့် iPhone နဲ့ Android အသုံးပြုသူတွေအားလုံး ကိုယ့် Profile ဓါတ်ပုံကို Hide ထားနိုင်မယ့် Privacy Option ၄ မျိုးကို ရွေးချယ်နိုင်မှာဖြစ်ပြီး အဆိုပါ Option တွေကတော့ “Everyone” ၊ “My Contacts” ၊ “My Contact except” နဲ့ “Nobody” တွေပဲဖြစ်ပါတယ်။

ဒါတင်မဟုတ်သေးဘဲ တခြားသော Feature တွေအနေနဲ့ Message Seen Status ကို ပိတ်ထားနိုင်ပြီဖြစ်သလို Group Chat Call တွေမှာလည်း တချို့သောသူတွေကို Mute ပြုလုပ်နိုင်ပြီဖြစ်ပါတယ်။ အဆိုပါ Group Call တွေမှာ အသစ် Join လာတဲ့သူတွေကိုလည်း Bannerအနေနဲ့ ဖော်ပြပေးသွားမယ်လို့ သိရပါတယ်။

Ref – GSM Arena