ဘရာဇီးမှာ Forward Message အရေအတွက်ကို ကန့်သတ်ခဲ့ပြီး သုံးနှစ်အကြာမှာတော့ WhatsApp ဟာ ဒီ Feature ကို တစ်ကမ္ဘာလုံးမှာ ဖြန့်ကျက်ဖို့ စီစဉ်နေပါတယ်။ လက်ရှိ Beta မှာပါဝင်တဲ့ လုပ်ဆောင်ချက်ကို အနာဂတ် Update မှာ ထည့်သွင်းမယ်လို့ သိရပါတယ်။

WABetaInfo ရဲ့ အဆိုအရ iOS အတွက် WahtsApp ရဲ့ Beta ဗားရှင်းဖြစ်တဲ့ 22.7.0.76 မှာ Forward limit ကို ရရှိနေပြီလို့ သိရပါတယ်။ App ဟာ Spam နဲ့ သတင်းမှားတွေ ပြန့်ပွားခြင်းကကာကွယ်ဖို့ ထပ်ဆင့်ပို့ထားတဲ့ Message တွေအတွက် Forward message ရဲ့ စွမ်းဆောင်ရည်ကို ကန့်သတ်ထားတာကို တွေ့မြင်နိုင်ပြီ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ဒီ Feature ဟာ ထပ်ဆင့်ပို့ပြီးသား Message တွေအတွက်ပဲ သက်ရောက်မှုရှိမယ်လို့ သိရပါတယ်။ ဒါကြောင့် အသုံးပြုသူက Message owner ဖြစ်တယ်ဆိုရင်တော့ ပို့ချင်တဲ့သူဘယ်သူ့ဆီကိုမဆို ပို့လို့ရမှာ ဖြစ်ပါတယ်။ ကန့်သတ်ချက်အသစ်ကြောင့် WhapsApp အသုံးပြုသူတွေဟာ တစ်ကြိမ်မှာ ထပ်ဆင့်ပို့ထားတဲ့ Message တစ်ခုကိုပဲ ပေးပို့နိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် WhatsApp ဟာ Camera Tab ကို Communities feature နဲ့ အစားထိုးဖို့စီစဉ်နေတယ်လို့လည်း WBetaInfo က ဆိုပါသေးတယ်။ Communities ဟာ ဆက်နွယ်နေတဲ့ Group တွေကို အတူတကွ စုစည်းပေးပါတယ်။ အဲဒီနေရာမှာ အသုံးပြုသူဖန်တီးထားတဲ့ ဒါမှမဟုတ် ပါဝင်နေတဲ့ Community တိုင်း ပေါ်နေမယ်လို့ သိရပါတယ်။

Ref: 9To5Mac