မကြာသေးခင်တုန်းက iPhone ကနေ Samsung Device ဆီကို WhatsApp History တွေ လွှဲပြောင်းပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ Samsung မဟုတ်တဲ့ အခြား Android device တွေအတွက်တော့ ဒီလုပ်ဆောင်ချက်က အဆင်သင့် မဖြစ်ခဲ့ပါဘူး။

အခုတော့ WhatsApp အသုံးပြုသူ Android user တွေအတွက် သတင်းကောင်းတစ်ခု ထွက်ပေါ်လာပါပြီ။ အကြောင်းက iPhone ကနေ Samsung device ကိုလွှဲပြောင်းပေးနိုင်သလို Google Pixel တွေဆီကိုလည်း WhatsApp History ကို လွှဲပြောင်းပေးနိုင်ပြီဖြစ်လို့ပါပဲ။ ဒါတင်မကသေးပါဘူး Android 12 မောင်းနှင်ထားတဲ့ဘယ် Device ကိုမဆို ပြောင်းလဲနိုင်မှာဖြစ်တယ်လို့ Google က ကြေညာလိုက်ပါတယ်။

Google ရဲ့ ကြေညာချက်အရ iPhone ကနေ Android 12 လည်ပတ်တဲ့ ဘယ် Device ကိုမဆို WhatsApp history တွေလွှဲပြောင်းနိုင်ဖို့ အချိန်ကြာကြာမစောင့်ဆိုင်းရတော့ဘူးလို့ ယုံကြည်ရပါတယ်။ ဒီလို အချက်အလက်ရွှေ့ပြောင်းမှုဟာ ရိုးရှင်းတဲ့ပုံစံနဲ့ပဲ အလုပ်လုပ်ပါတယ်။ Pixel 6 ဒါမှမဟုတ် Pixel 6 Pro ကို ယူလိုက်ပါ။ အဓိကလိုအပ်ချက်က Lightning to USB-C cable တစ်ခုပါပဲ။

Pixel နဲ့ iPhone ကို ချိတ်ဆက်ပြီးတဲ့နောက်၊ ကနဦးတပ်ဆင်မှုအတွက် Prompt ပေါ်လာတဲ့အခါ iPhone ပေါ်က QR code ကို Scan ဖတ်ပြီး WhatsApp ကို ဖွင့်လိုက်ရပါမယ်။ ပြီးရင်တော့ Conversations, media နဲ့ အခြားအရာတွေအားလုံးကို Pixel ဆီ လွှဲပြောင်းပို့ဆောင်ပေးလို့ရပြီ ဖြစ်ပါတယ်။ Chat history ကို iPhone ကနေ Pixel ဆီ လွှဲပြောင်းပို့ဆောင်ပေးပြီးတဲ့နောက်မှာတော့ iPhone ဟာ Message အသစ်တွေကို လက်ခံရရှိတော့မှာမဟုတ်ဘူးလို့ သိရပါတယ်။

Ref: GSM Arena