WhatsApp ဟာ Communities အတွက် အစီအစဉ်ကို ကြေညာလိုက်ပါတယ်။ ဒါဟာ တူညီတဲ့ Group တွေကို အတူတူစုစည်းဖို့ ရည်ရွယ်ထားတာလည်း ဖြစ်ပါတယ်။ Community ဟာ အခြေခံအားဖြင့် အုပ်စုတွေကို စုစည်းထားတာဖြစ်ပြီး အသုံးပြုသူတွေဟာ တူညီမှုရှိတဲ့အုပ်စုအချင်းချင်း ပေါင်းစည်းပြီး ကွန်မြူနတီတစ်ခုကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။

Community admin တွေဟာ Group တွေကို စီမံခန့်ခွဲနိုင်ပြီး အဖွဲ့အားလုံးဆီကိုလည်း Message တွေကို တစ်ပြိုင်နက် ပေးပို့နိုင်မှာ ဖြစ်ပါတယ်။ ဒီနည်းက အဖွဲ့နဲ့သက်ဆိုင်တဲ့ တစ်ဦးချင်းစကားပြောဆိုမှုတွေဟာ အဖွဲ့အားလုံးဆီကိုလည်း တစ်ပြိုင်နက်အကျိုးသက်ရောက်စေနိုင်မယ်လို့ ယုံကြည်ရပါတယ်။ ဒါ့အပြင် Communities တွေကို end-to-end encryption လည်း ထောက်ပံ့ပေးဦးမယ်လို့ သိရပါတယ်။

ဒါပေမဲ့ Communities ဟာ အခြား Apps တွေလိုမျိုးမဟုတ်ဘဲ ကွန်မြူနတီအသစ်ကို ရှာဖွေတာ၊ ဒါမှမဟုတ် ရှာဖွေတွေ့ရှိတာမျိုး ပြုလုပ်နိုင်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။ ကုမ္ပဏီက လူမှုအဖွဲ့အတွင်းမှာ သတင်းမှားပျံ့နှံ့မှုကိုလျှော့ချဖို့အတွက် လက်ရှိကန့်သတ်ချက်ဖြစ်တဲ့ Group တစ်ခုကို တစ်ကြိမ်မှာ Message ၅ခု ပို့နိုင်တာကိုလည်း လျှော့ချဦးမယ်လို့ သိရပါတယ်။

WhatsApp ဟာ တစ်ဦးတစ်ယောက်ချင်း ဒါမှမဟုတ် Admin တွေကိုလည်း Ban နိုင်မှာဖြစ်ပြီး Community တစ်ခုထဲမှာ တရားမဝင်၊ အကြမ်းဖက် ဒါမှမဟုတ် အမုန်းပွားစေတဲ့လုပ်ဆောင်ချက်တွေပြုလုပ်တာကို သိရှိရရင် Community ကို ဖျက်သိမ်းမှာလည်း ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ဒီဝန်ဆောင်မှုတွေကို သတ်မှတ်ရွေးချယ်ထားတဲ့ အသုံးပြုသူအနည်းငယ်ပဲ ရရှိဦးမှာဖြစ်ပြီး အသုံးပြုသူအားလုံးဆီရောက်ရှိဖို့တော့ တဖြည်းဖြည်းနဲ့မှတိုးချဲ့သွားမယ်လို့ သိရပါတယ်။

Ref: GSM Arena