၂၀၂၁ ခုနှစ် ဇွန်လမတိုင်ခင်ကစပြီး WhatsApp ရဲ့ ပြုပြင်ပြောင်းလဲမှုတွေက အရှိန်အဟုန်နဲ့ပေါ်ထွက်လာတာကို မြင်တွေ့လာရပါတယ်။ အထူးသဖြင့် WhatsApp အကောင့်တစ်ခုကို Device လေးခုမှာ အသုံးပြုနိုင်လာတာ၊ ဗီဒီယိုအရည်အသွေကို အသုံးပြုသူကိုယ်တိုင် သတ်မှတ်လာနိုင်တာ၊ Group Call ပိုင်းဆိုင်ရာ တိုးတက်လာတာတွေပဲ ဖြစ်ပါတယ်။

ဒီသြဂုတ်လဆန်းပိုင်းတုန်းကလည်း Message ကို လက်ခံသူက တစ်ကြိမ်ကြည့်ပြီးတာနဲ့ ပျက်သွားမဲ့လုပ်ဆောင်ချက် “View Once” ကို ထုတ်ပေးခဲ့ပါသေးတယ်။ ဒီလုပ်ဆောင်ချက်ကတော့ WhatsApp အသုံးပြုသူတွေကြားထဲမှာ အတော်လေးရေပန်းစားခဲ့တယ်လို့ ဆိုရပါမယ်။ အခုလည်း WhatsApp က Message တွေကို ရက်ပေါင်း ၉၀ နောက်ပိုင်း ပျက်သွားစေမယ့် လုပ်ဆောင်ချက်ကို ထည့်သွင်းဖို့ ပြုလုပ်နေကြောင်း သတင်းထွက်ပေါ်လာပါတယ်။

တကယ်တော့ WhatsApp ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက ၇ ရက်နောက်ပိုင်းမှာ Message တွေပျောက်ကွယ်သွားစေတဲ့ Feature ကို မိတ်ဆက်ခဲ့ပါသေးတယ်။ အခုပြုလုပ်နေတဲ့ Message သက်တမ်းကုန်ဆုံးချိန်က ရက် ၉၀ ဖြစ်တာကြောင့် အသုံးပြုသူတွေအတွက် နောက်ထပ် ရွေးချယ်စရာတစ်ခု ဖြစ်လာပါလိမ့်မယ်။

ဒီလုပ်ဆောင်ချက်ကို Beta မှာတွေ့မြင်နိုင်ပြီလို့ဆိုပေမဲ့ WhatsApp Android beta (2.21.9.6) မှာပဲတွေ့နိုင်မယ်လို့ သိရပါတယ်။ Disappearing messages ရဲ့အောက်က ရွေးချယ်မှုတွေအနေနဲ့ 24 hours, 7 days, 90 days နဲ့ Off တို့ ပေးထားတာကို တွေ့မြင်ရပါတယ်။ ထုံးစံအရဆိုရင်တော့ Final version ထွက်ဖို့ ရက်သတ္တပတ်များစွာကနေ လပိုင်းအထိ စောင့်ရဖွယ်ရှိပါတယ်။

Ref: GSM Arena