WhatsApp ဟာ အခြား ပလက်ဖောင်းတွေနဲ့ယှဉ်ရင် ပြီးပြည့်စုံတယ်လို့ မဆိုနိုင်သေးပါဘူး။ ဒါပေမဲ့ Facebook ရဲ့ပိုင်ဆိုင်မှုအောက်က Messaging App ဟာ ဒီနှစ်ထဲမှာတော့ ပြောင်းလဲမှုတွေကို အားသွန်လုပ်ဆောင်လာတာ တွေ့မြင်ရပါတယ်။ ပြီးခဲ့တဲ့ ကောလာဟလဖြစ်တဲ့ Voice message transcriptions စမ်းသပ်မှုကလည်း WhatsApp ရဲ့ အရွေ့ကို သိသာထင်ရှားစေပါတယ်။

အခုလည်း WhatsApp ဟာ အိန္ဒိယနဲ့ ဘရာဇီးတို့မှာ Mobile person-to-person payments ကို မိတ်ဆက်ခဲ့ပြီးနောက်၊ သူ့ရဲ့ငွေလွှဲဝန်ဆောင်မှုမှာ ပိုင်မုန့်ကို အလွှာလိုက်လှီးသလိုလှီးနိုင်ဖို့ ပြင်းပြင်းထန်ထန်ကြိုးပမ်းနေတာကို တွေ့ရပါတယ်။ အဲဒါကတော့ သုံးစွဲသူတွေရဲ့ ပိုင်ဆိုင်မှုကိုအလေးထားကြောင်းပြသတဲ့ ဝန်ဆောင်မှုတစ်ခုကို စတင်နိုင်ဖို့ကြိုးစားနေတာလို့ ဆိုနိုင်ပါတယ်။

WABetalnfo ရဲ့ နက်နက်ရှိုင်းရှိုင်းတူးဖော်မှုတစ်ခုအရ ဒီ Feature ဟာ လက်ရှိအချိန်မှာ ဖွံ့ဖြိုးဆဲအဆင့်သာရှိနေသေးပေမဲ့ WhatsApp ရဲ့ အနာဂတ် Feature ဖြစ်လာနိုင်ကြောင်းကို Code တွေက ပြသနေတယ်လို့ ဆိုပါတယ်။ ဒီ “cashback” Feature ဟာ အိန္ဒိယမှာပဲ အကန့်အသတ်နဲ့စတင်မဲ့ပုံစံဖြစ်ပါတယ်။ ဒါမှမဟုတ်ရင် WhatsApp အနေနဲ့ သူတို့ရဲ့ Feature ကို အိန္ဒိယမှာ စတင်စမ်းသပ်ပြီး ပထမဆုံးအနေနဲ့ အသုံးပြုဖို့ရည်ရွယ်ထားတယ်လို့ ဆိုရမှာပါပဲ။

Promotional ကာလအတွင်းမှာ တန်ဖိုး ၁၀ ရူပီး Cashback (အမေရိကန်ငွေကြေးအရ ၁၄ ဆင့်) သတ်မှတ်ထားမယ်လို့ သိရပါတယ်။ သတင်းရင်းမြစ်ရဲ့အဆိုအရ သုံးစွဲသူတွေဟာ ကနဦးလွှဲပြောင်းမှုပြုလုပ်အပြီး ၄၈ နာရီအကြာမှာ သူတို့ရဲ့ငွေစာရင်းထဲကို Cashback ဝင်လာတာတွေ့ရပါလိမ့်မယ်။ ဒီလုပ်ဆောင်ချက်ဟာ အသုံးပြုသူတိုင်းကိုဖွင့်ပေးမှာမဟုတ်ဘဲ WhatSapp payment transfer စနစ်ကို မသုံးစွဲခဲ့ဖူးသူတွေအတွက် ကမ်းလှမ်းချက်အနေနဲ့သာ ပေးမယ်လို့လည်း သိရပါတယ်။

Ref: Androidpolice