[Zawgyi]

လုံၿခဳံေရး အားနည္းတဲ့ေနရာ၊ သုံးစြဲသူေတြရဲ႕ အခ်က္အလက္ေတြကို အလြဲသုံးစားလုပ္တဲ့ေနရာမွာ နာမည္ႀကီးတာ ဘယ္ကုမၸဏီလဲဆိုတာ အားလုံး သိၾကၿပီးသား ျဖစ္မွာပါ။ ဟုတ္ပါတယ္ Facebook ပါ။ ဒီတစ္ခါမွာေတာ့ Facebook က မဟုတ္ဘဲ၊ Facebook ရဲ႕ လက္ေအာက္ခံ ကုမၸဏီ တစ္ခုျဖစ္တဲ့ WhatsApp ဟာ ၿပီးခဲ့တဲ့ ရက္ပိုင္းတုန္းက လုံၿခဳံေရး ယိုစိမ့္မႈႀကီး အႀကီးအက်ယ္ ျဖစ္ပြားခဲ့ပါတယ္။ “ဒီပုတ္ထဲက ဒီပဲ” ဆိုတာ ဒါမ်ိဴးေျပာတာ ျဖစ္ႏိုင္ပါတယ္။

WhatsApp ဟာ လက္ရွိအခ်ိန္မွာ ကမာၻ႔အႏွံ႔အျပားက လူဦးေရ စုစုေပါင္း ၁.၅ ဘီလီယံ အထိ အသုံးျပဳေနတဲ့ Application ျဖစ္ပါတယ္။ WhatsApp ကေန တစ္ဆင့္ ဖုန္းဝင္လာၿပီဆိုတာနဲ႔ ဖုန္းကိုင္သည္ ျဖစ္ေစ၊ မကိုင္သည္ ျဖစ္ေစ Hacker ေတြက Spyware ကို အလြယ္တကူ Install ျပဳလုပ္ႏိုင္တဲ့ Security Bug ကို ေတြ႕ရွိခဲ့တာ ျဖစ္ပါတယ္။ အဆိုပါ Spyware ဟာ ဖုန္းေခၚဆိုမႈ၊ စာတိုေပးပို႔/ၾကည့္ရႈ႕မႈနဲ႔ တျခားေသာ အခ်က္အလက္ေတြကို ရယူႏိုင္တဲ့အျပင္ ဖုန္းကင္မရာကို ဖြင့္ၾကည့္ႏိုင္ၿပီး Mic ကေန တစ္ဆင့္လည္း အသံဖမ္းယူႏိုင္တယ္လို႔ ဆိုပါတယ္။

Android , iOS, Windows Phones နဲ႔ Tizen Devices ေတြေပၚမွာ Install လုပ္ထားတဲ့ WhatsApp ဒါမွမဟုတ္ WhatsApp Business Application မွန္သမွ် အဆိုပါ တိုက္ခိုက္မႈကို ခံရႏိုင္ပါတယ္။ Financial Times ကေတာ့ Spyware ကို တီထြင္ဖန္တီးခဲ့သူေတြဟာ အစၥေရးႏိုင္ငံ အေျခစိုက္ Cyber Intelligence Company တစ္ခုျဖစ္တဲ့ NSO Group ျဖစ္တယ္လို႔ ဆိုထားပါတယ္။ TheGuardian သတင္းဌာနမွာေတာ့ NSO Group က ပစ္မွတ္ထားၿပီး တိုက္ခဲ့သူေတြဟာ အဂၤလန္ႏိုင္ငံ အေျခစိုက္ လူ႔အခြင့္အေရး ေဖာ္ေဆာင္ေပးေနတဲ့ ေရွ႕ေနေတြနဲ႔ ႏိုင္ငံတကာ လြတ္ၿငိမ္းခ်မ္းသာခြင့္အဖြဲ႕ သုေတသီေတြ ျဖစ္တယ္လို႔ ေဖာ္ျပထားပါတယ္။

မည္သို႔ပင္ဆိုေစကာမူ အကယ္၍ သင္ဟာ WhatsApp ဒါမွမဟုတ္ WhatsApp Business Application ကို အသုံးျပဳေနတဲ့ သူတစ္ေယာက္ဆိုရင္ လုံၿခဳံေရး ယိုစိမ့္မႈႀကီးကို ပိတ္ပင္ဖို႔အတြက္ ထုတ္ေပးထားတဲ့ ေနာက္ဆုံး ဗားရွင္းကို Update ျပဳလုပ္သင့္ပါတယ္။

Update WhatsApp for Android
Update WhatsApp for iOS

Ref : TheGuardian

[Unicode]

ဖုန်းဝင်လာပြီ ဆိုတာနဲ့ ကိုယ့်ဖုန်းထဲက အချက်အလက်တွေ ရယူသွားနိုင်တဲ့ Spyware ကို WhatsApp မှာ တွေ့ရှိ

လုံခြုံရေး အားနည်းတဲ့နေရာ၊ သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို အလွဲသုံးစားလုပ်တဲ့နေရာမှာ နာမည်ကြီးတာ ဘယ်ကုမ္ပဏီလဲဆိုတာ အားလုံး သိကြပြီးသား ဖြစ်မှာပါ။ ဟုတ်ပါတယ် Facebook ပါ။ ဒီတစ်ခါမှာတော့ Facebook က မဟုတ်ဘဲ၊ Facebook ရဲ့ လက်အောက်ခံ ကုမ္ပဏီ တစ်ခုဖြစ်တဲ့ WhatsApp ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက လုံခြုံရေး ယိုစိမ့်မှုကြီး အကြီးအကျယ် ဖြစ်ပွားခဲ့ပါတယ်။ “ဒီပုတ်ထဲက ဒီပဲ” ဆိုတာ ဒါမျိူးပြောတာ ဖြစ်နိုင်ပါတယ်။

WhatsApp ဟာ လက်ရှိအချိန်မှာ ကမ္ဘာ့အနှံ့အပြားက လူဦးရေ စုစုပေါင်း ၁.၅ ဘီလီယံ အထိ အသုံးပြုနေတဲ့ Application ဖြစ်ပါတယ်။ WhatsApp ကနေ တစ်ဆင့် ဖုန်းဝင်လာပြီဆိုတာနဲ့ ဖုန်းကိုင်သည် ဖြစ်စေ၊ မကိုင်သည် ဖြစ်စေ Hacker တွေက Spyware ကို အလွယ်တကူ Install ပြုလုပ်နိုင်တဲ့ Security Bug ကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ Spyware ဟာ ဖုန်းခေါ်ဆိုမှု၊ စာတိုပေးပို့/ကြည့်ရှု့မှုနဲ့ တခြားသော အချက်အလက်တွေကို ရယူနိုင်တဲ့အပြင် ဖုန်းကင်မရာကို ဖွင့်ကြည့်နိုင်ပြီး Mic ကနေ တစ်ဆင့်လည်း အသံဖမ်းယူနိုင်တယ်လို့ ဆိုပါတယ်။

Android , iOS, Windows Phones နဲ့ Tizen Devices တွေပေါ်မှာ Install လုပ်ထားတဲ့ WhatsApp ဒါမှမဟုတ် WhatsApp Business Application မှန်သမျှ အဆိုပါ တိုက်ခိုက်မှုကို ခံရနိုင်ပါတယ်။ Financial Times ကတော့ Spyware ကို တီထွင်ဖန်တီးခဲ့သူတွေဟာ အစ္စရေးနိုင်ငံ အခြေစိုက် Cyber Intelligence Company တစ်ခုဖြစ်တဲ့ NSO Group ဖြစ်တယ်လို့ ဆိုထားပါတယ်။ TheGuardian သတင်းဌာနမှာတော့ NSO Group က ပစ်မှတ်ထားပြီး တိုက်ခဲ့သူတွေဟာ အင်္ဂလန်နိုင်ငံ အခြေစိုက် လူ့အခွင့်အရေး ဖော်ဆောင်ပေးနေတဲ့ ရှေ့နေတွေနဲ့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ သုတေသီတွေ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

မည်သို့ပင်ဆိုစေကာမူ အကယ်၍ သင်ဟာ WhatsApp ဒါမှမဟုတ် WhatsApp Business Application ကို အသုံးပြုနေတဲ့ သူတစ်ယောက်ဆိုရင် လုံခြုံရေး ယိုစိမ့်မှုကြီးကို ပိတ်ပင်ဖို့အတွက် ထုတ်ပေးထားတဲ့ နောက်ဆုံး ဗားရှင်းကို Update ပြုလုပ်သင့်ပါတယ်။

Download WhatsApp for Android
Download WhatsApp for iOS

Ref : TheGuardian