WhatsApp ဟာ လက်ရှိအချိန်မှာလူသုံးများတဲ့ Messaging App တစ်ခုဖြစ်ပြီး End-to-End Encryption ကို Support ပေးထားတာလည်းဖြစ်ပါတယ်။ အခုလိုမျိုး End-to-End Encryption ပါဝင်တဲ့အတွက် Account တစ်ခုကို Device တစ်ခုထက်ပိုပြီး အသုံးပြုနိုင်ခြင်းမရှိခဲ့ပါဘူး။

ဒါပေမယ့်လည်း အခုအချိန်မှာတော့ WhatsApp မှာ Account တစ်ခုထဲကိုပဲ Device အများအပြားမှာ အသုံးပြုလာနိုင်စေတော့မှာပဲဖြစ်ပါတယ်။ အဆိုပါသတင်းကိုတော့ WABetaInfo ကနေ ဖော်ပြခဲ့တာဖြစ်ပြီး WhatsApp Account တစ်ခုကို Device ၄ ခုအထိ အသုံးပြုနိုင်တဲ့ Feature တစ်ခုကိုစမ်းသပ်နေတယ်လို့ သိရပါတယ်။

အဆိုပါ Feature အတွက် WhatsApp မှာ “Linked Devices” ဆိုပြီး UI Tab အသစ်ပါဝင်လာမှာဖြစ်ပြီး အဆိုပါ UI Tab ကနေ အသုံးပြုချင်တဲ့ Device တွေကို ချိတ်ဆက်ရမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် ဘယ် Device က ဘယ်အချိန်မှာ နောက်ဆုံးအသုံးပြုထားခဲ့တယ်ဆိုတာကိုပါ ပြန်လည်ကြည့်ရှုနိုင်ဦးမှာဖြစ်ပါတယ်။

အခုလိုမျိုးပြုလုပ်ထားတဲ့အတွက် Device အသစ်ကို ထည့်သွင်းမယ်ဆိုရင် SMS သို့မဟုတ် WhatsApp Chat ကနေ Verification Code ကိုအသုံးပြုဖို့ လိုအပ်မယ်လို့ ယူဆရပါတယ်။ အဲ့ဒီအတွက် Security ပိုင်းမှာ စိတ်ချထားနိုင်ဦးမှာပါ။

Ref – Phone Arena