WhatsApp ရဲ့ တိုးတက်တဲ့ပြောင်းလဲမှုတွေကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စတုတ္ထသုံးလပတ်ထဲမှာ ထင်ထင်ရှားရှားကို မြင်တွေ့ခဲ့ကြရပါတယ်။ အောက်တိုဘာလလယ်ရောက်ချိန်မှာ WhatsApp ရဲ့ End-to-End Encryption Backup ကို Android ရော iOS မှာပါ အသုံးပြုလာနိုင်ပြီး အခြားတိုးတက်မှုတွေကိုလည်း ယူဆောင်လာခဲ့တာပါ။

နိုဝင်ဘာလထဲမှာတော့ Windows အတွက် WhatsApp ရဲ့ Beta ဗားရှင်းကို စတင်အသုံးပြုလာနိုင်တာ တွေ့ရပါတယ်။ ဒါဟာ WhatsApp အသုံးပြုသူတွေအတွက် စိတ်ကျေနပ်စရာ တိုးတက်မှုလို့ ဆိုနိုင်သလို၊ စီးပွားရေးနယ်ပယ်ထဲ ခြေဆန့်ချင်တဲ့ အမှတ်တံဆိပ်အတွက်လည်း ကောင်းမွန်တဲ့အရွေ့တစ်ခုကို စတင်နိုင်ခဲ့တာလို့ ဆိုနိုင်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲမှာတော့ WhatsApp ဟာ Cryptocurrency ပေးပို့နိုင်တဲ့ လုပ်ဆောင်ချက်ကို စမ်းသပ်နေကြောင်း သတင်းပေါ်ထွက်လာခဲ့ပါသေးတယ်။ ဒါပေမဲ့ ဒီနှစ်ဇန်နဝါရီလကုန်ပိုင်းမှာ အမှန်တကယ်ယူဆောင်ပေးလာတာက iOS 15 အတွက် Focus Mode ကို ထောက်ပံ့ပေးတာပဲဖြစ်ပါတယ်။ ဒါကို Update version 22.2.75 မှာ ရရှိနေတာပါ။

Update မှာ ပိုပြီးကောင်းမွန်တဲ့ Voice memos, Focus Mode အတွက် ထောက်ပံ့မှုနဲ့ Notifications တွေနဲ့အတူ Group/profile photos စတာတွေကို ထည့်သွင်းပေးထားပါတယ်။ ဒါပေမဲ့ လက်တလောမှာတော့ Update ကို အမေရိကန်က Devices တွေမှာပဲ အသုံးပြုလို့ရဦးမှာ ဖြစ်ပါတယ်။

Voice messages ကို Paused လုပ်တာ၊ Resumed လုပ်တာတွေ ထောက်ပံ့ပေးထားပြီး စပြီးဖမ်းယူဖို့အတွက်တော့ ပုံမှန်အတိုင်းဆိုရင်တော့ မျက်နှာပြင်ကို Swipe up ပြုလုပ်ရမှာပါ။ ဒါပေမဲ့ “stop recording” လေးထောင့်ခလုတ်အစား Play/resume toggle ပါဝင်နေပါပြီ။

Focus mode ဟာ Notification နဲ့ Apps တွေကို Filter ခံထားခွင့်ပြုပါလိမ့်မယ်။ ဒါကြောင့် ဘယ်အချိန်မှာ Notifications တွေကို လက်ခံရယူမလဲဆိုတာကို ရွေးချယ်နိုင်ပါလိမ့်မယ်။ သိပ်မကြာခင်ရက်သတ္တပတ်အတွင်းမှာတော့ ဒီ Update ကို တစ်ကမ္ဘာလုံးက iOS အသုံးပြုသူတွေ ရရှိမယ်လို့ မျှော်လင့်ရပါတယ်။

Ref: GSM Arena