Chat service တွေအကြောင်းပြောတဲ့အခါ အရည်အသွေးနဲ့ မြန်နှုန်းကြားက ကောင်းမွန်တဲ့မျှခြေရှိမှုကို မဖြစ်မနေထည့်သွင်း ပြောဆိုကြရပါတယ်။ ဒါကလည်း Chat service တွေရဲ့ အရေးပါတဲ့အခန်းကဏ္ဍထဲက တစ်ခုဖြစ်လို့ပါပဲ။

စာတိုပို့ရုံတင်မဟုတ်တော့ဘဲ၊ ဓါတ်ပုံတွေ၊ ဗီဒီယိုတွေကိုပါ မြန်မြန်ဆန်ဆန်နဲ့ပေးပို့လာတဲ့ Chat အသုံးပြုသူတွေဟာ၊ ပေးပို့လိုက်တဲ့အရာရဲ့ အရည်အသွေးကိုလည်း ကောင်းမွန်စေချင်ကြပါတယ်။ ဥပမာအားဖြင့် ကိုယ့်သူငယ်ချင်းတွေကို တစ်ခုခုကြွားချင်လို့ ဗီဒီယိုပို့လိုက်တဲ့အခါ တော်တော်နဲ့မရောက်ဘဲ ကြာနေတာမျိုးကြုံရရင် စိတ်ကျေနပ်မှုမရဘဲ မချင့်မရဲဖြစ်ရလေ့ရှိပါတယ်။

WhatsApp မှာတော့ အရည်အသွေးနဲ့မြန်နှုန်းကို မျှခြေဖြစ်အောင် ပြုလုပ်ထားတဲ့ Algorithms က အသုံးပြုသူရဲ့ Connection မြန်နှုန်းပေါ်မူတည်ပြီး ဗီဒီယိုအရည်အသွေးကိုအလိုအလျောက် ဆုံးဖြတ်သတ်မှတ်ပေးထားတာ ဖြစ်ပါတယ်။ ပြဿနာကတော့ Connection မကောင်းပေမဲ့ အရည်အသွေးကောင်းကောင်းနဲ့ပို့ချင်သူတွေအတွက် စိတ်ကျေနပ်မှုမရတာပါပဲ။

WABetalnfo ရဲ့ဖော်ပြချက်အရ WhatsApp အသုံးပြုသူတွေဟာ မကြာခင်မှာ ဗီဒီယိုအရည်အသွေးကို ကိုယ်တိုင်စိတ်ကြိုက် ရွေးချယ်သတ်မှတ်နိုင်တော့မယ်လို့ သိရပါတယ်။ Google Play Beta program ရဲ့ beta version 2.21.14.6 မှာ ဒီလိုမျိုး ဗီဒီယိုအရည်အသွေးကို Manually set လုပ်နိုင်မဲ့ Feature ပါလာမယ်လို့ ဆိုပါတယ်။

Screenshot မှာမြင်တွေ့ရတာကတော့ Uploaded ဗီဒီယိုအတွက် မတူညီတဲ့အရည်အသွေးသုံးမျိုးကို ရွေးချယ်ခွင့်ပြုတာထားပါ။ Auto (recommended) ကတော့ မူလအတိုင်းပဲ WhatsApp ရဲ့ Algorithm နဲ့ အကောင်းဆုံးဖြစ်မယ်လို့ ဆုံးဖြတ်လိုက်တဲ့အရည်အသွေးအတိုင်း ပို့မှာဖြစ်ပါတယ်။ Best quality ကတော့ အကောင်းဆုံးအရည်အသွေးနဲ့ Uploaded လုပ်မှာပါ။ Data saver ကတော့ ပို့မဲ့ဗီဒီယိုကို ချုံ့လိုက်မှာဖြစ်တဲ့အတွက် အရည်အသွေးတော့ အနည်းငယ်ကျဆင်းသွားပါလိမ့်မယ်။

Listing မှာတော့ ဒီ Feature သစ်ကို “underdevelopment” လို့ပဲတွေ့ရတဲ့အတွက် ဘယ်အချိန်ရောက်မှ Final version အဖြစ်ထွက်လာမလဲဆိုတာကို မသိရသေးပါဘူး။

Ref: Phone Arena