ကာလကြာရှည် ကောလာဟလသတင်းဖြစ်နေတဲ့ WhatsApp ရဲ့ Multi-device ထောက်ပံ့မှုဟာ မကြာခင်မှာပဲ အမှန်တကယ်ဖြစ်ပေါ်လာတော့မယ်လို့ ကုမ္ပဏီက အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် WhatsApp အသုံးပြုသူတွေအနေနဲ့ Account တစ်ခုတည်းနဲ့ Device လေးခုကို ချိတ်ဆက် အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။

Account တစ်ကခုနေ Device လေးခုကို ချိတ်ဆက်အသုံးပြုနိုင်မယ့် Beta ကို လမယ့်လတွေအတွင်းမှာ အသုံးပြုသူတွေကြား ထုတ်ပေးတော့မယ်လို့ဆိုပေမယ့် ရက်စွဲအတိအကျကိုတော့ ထုတ်ပြန်ခြင်းမပြုခဲ့ပါဘူး။ ဒါပေမယ့် “view once” နဲ့ “disappearing mode” ဆိုတဲ့ Feature သစ်နှစ်မျိုးကိုတော့ တရားဝင်ကြေညာသွားခဲ့ပါတယ်။

ဒီသတင်းက WABetaInfo က Facebook CEO Mark Zuckerberg နဲ့ WhatsApp အကြီးအကဲ Will Cathcart တို့ကို တွေ့ဆုံမေးမြန်းရာကတစ်ဆင့် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ Cathcart ကတော့ WhatsApp ဟာ iPad app development လုပ်နေတယ်ဆိုတာကို အတည်မပြုခဲ့ပေမယ့် multi-device support ဟာ iPad ကိုလည်း ထောက်ပံ့နိုင်ခြေရှိတယ်လို့ ဆိုခဲ့ပါတယ်။

အသုံးပြုသူတွေကြားမှာ Content တစ်ခုကို ပို့ပြီးတဲ့နောက် တစ်ဖက်ကကြည့်ပြီးချိန်မှာ ပျောက်ကွယ်သွားမှာဖြစ်တဲ့ “view once” feature ကို WhatsApp မှာပါဝင်လာမယ်ဆိုတဲ့အကြောင်းကိုတော့ Zuckerberg က အတည်ပြုပေးခဲ့တာပါ။ “disappearing mode” ကတော့ Chat threads တွေအားလုံးက Messages တွေအားလုံးကို ဖျောက်နိုင်တဲ့လုပ်ဆောင်ချက်လို့ သိရပါတယ်။

WhatsApp ကို Device လေးခုမှာ အသုံးပြုနိုင်မယ်ဆိုပေမယ့် “It’ll still be end-to-end encrypted” ဖြစ်နေတုန်းပါပဲလို့ Zuckerberg က ဆိုပါတယ်။ ဒါပေမယ့် Device တစ်ခုက ဘက်ထရီကုန်သွားပေမဲ့ Message နဲ့ Feature တွေအားလုံးကို Device အားလုံးမှာ အလုပ်ဖြစ်နေဖို့ကတော့ နည်းပညာဆိုင်ရာစိန်ခေါ်မှုကြီးတစ်ခုဖြစ်နေသေးတယ်လို့ Zuckerberg က ထည့်သွင်းပြောဆိုထားပါတယ်။ ဒီပြဿနာကိုလည်း ဖြေရှင်းပြီး မကြာမီမှာ ယူဆောင်လာနိုင်မယ်လို့ မျှော်လင့်နေတယ်လို့ ဆိုပါတယ်။

Ref: The Verge