Facebook Messenger မှာ အမိုက်စား လုပ်ဆောင်ချက်တွေ ထည့်သွင်းထားပြီး သုံးရတာလည်း လွယ်ကူပါတယ်။ ဒါ့အပြင် ဖုန်းနဲ့ ကွန်ပြူတာ ၂ ခုစလုံးမှာ သုံးနိုင်တာကလည်း မိုက်ပေမယ့် End-to-end Encryption ကို Default အနေနဲ့ မထည့်သွင်းထားပါဘူး။

Facebook မှာ End-to-end Encryption ကို Default အနေနဲ့ ဘယ်အချိန် ထည့်သွင်းပေးမလဲဆိုတာ လူတော်တော်များများက စိတ်ဝင်စားနေကြပါတယ်။ ဒီဆောင်းပါးမှာ အဲဒီမေးခွန်းကို အဖြေပေးထားသလို Facebook ဟာ End-to-end Encryption ကို Messenger မှာ ဘာ့ကြောင့် အခုအချိန်အထိ မထည့်သွင်းပေးနိုင်သလဲဆိုတာကိုပါ သုံးသပ်ပေးမှာပါ။

Facebook ဟာ End-to-end Encryption ကို Messenger မှာ Default အ ဘယ်အချိန် ထည့်သွင်းပေးမလဲ?

Facebook ဟာ End-to-end Encryption ကို Messenger မှာ Default အနေနဲ့ ဘယ်အချိန် ထည့်သွင်းပေးမလဲ ဆိုတာနဲ့ ပတ်သက်ပြီး ပြောပြထားဖူးပါတယ်။ Messenger ရဲ့ မူဝါဒ ဒါရိုက်တာ Gail Kent က Facebook Newsroom မှာ ဧပြီလက ပို့စ်တစ်ခုနဲ့ အသိပေးခဲ့ပါတယ်။ Kent က ဒါဟာ ရေရှည် စီမံကိန်း ဖြစ်ပြီး အစောဆုံး အနေနဲ့ ၂၀၂၂ မှာ ထည့်သွင်းပေးနိုင်မယ်လို့ ထင်ကြောင်းပြောခဲ့ပါတယ်။

End-to-end Encryption ကို Default အနေနဲ့ ဘာ့ကြောင့် မထည့်သွင်းနိုင်သေးတာလဲ?

Facebook Messenger ကို အင်တာနက် ရှိတဲ့ Device တိုင်းကနေ Log In ဝင်ပြီး လွယ်လွယ်ကူကူ သုံးနိုင်ပါတယ်။ Device များစွာကနေ တစ်ပြိုင်နက် Log In ဝင်ပြီး သုံးနိုင်အောင် Facebook က ဖန်တီးပေးထားပါတယ်။ နောက်ထပ် မိုက်တာတစ်ခုက Chats တွေကို Device တိုင်းမှာ Sync လုပ်ပေးတာပါ။ End-to-end Encryption ကို Default အနေနဲ့ ထောက်ပံ့ထားတဲ့ Messenger တွေမှာ ဒီလို လုပ်ဆောင်ချက်တွေ မပါပါဘူး။ တစ်ချိန်မှာ Device ၁ လုံးမှာပဲ သုံးနိုင်ပြီး Chats တွေကို Back Up မလုပ်ထားရင် နောက် Device ၁ လုံးကနေ သုံးရင် Chats တွေ ပျောက်သွားမှာပါ။

Facebook ဟာ Messenger ကို Device များစွာကနေ လွယ်လွယ်ကူကူ သုံးနိုင်အောင် ပြုလုပ်ပေးထားတဲ့အတွက် အခုအချိန်အထိ End-to-end Encryption ကို Default အနေနဲ့ မထည့်သွင်းပေးနိုင်သေးတာပါ။

သင့် Privacy အတွက် စိတ်ပူသင့်သလား?

Facebook Messenger မှာ သင့်ရဲ့ Messages တွေအတွက် အရမ်း စိတ်ပူစရာ မလိုပါဘူး။ Encrypted Messages တွေ ပို့ချင်ရင် “Start End-to-end Encrypted Chat  လုပ်ဆောင်ချက်ကို သုံးနိုင်ပါတယ်။ အရင်ကတော့ ” Secret Conversation” လို့ နာမည်ပေးထားတာပါ။

End-to-end Encryption ကို Default အနေနဲ့ ထည့်ထားတဲ့ Messenger ကိုမှ သုံးချင်ရင်တော့ Telegram နဲ့ Signal တို့က နာမည်ကြီးပါတယ်။

Ref : makeuseof