Samsung ဟာ သူရဲ့ Virtual Reality (VR) Game တွေနဲ့ အချိန် အတိုင်းအတာ တစ်ခုထိ အောင်မြင်ခဲ့ပါတယ်။ ဒါပေမယ့် သတင်းတွေ ထွက်နေတာကတော့ Tech Giant ကြီး Samsung ဟာ သူ့ရဲ့ Augmented Reality (AR) နဲ့ Virtual Reality (VR) နည်းပညာသုံး Wireless Headset အသစ်ကို ထုတ်လုပ် ရောင်းချဖို့ ပြင်ဆင်နေပြီလို့ ဆိုပါတယ်။

Source: elm.washcoll.edu

လက်ရှိဈေးကွက်မှာတော့ AR Headset ထုတ်လုပ်ရောင်းချတာ Google Glass နဲ့ Microsoft HoloLens ပဲရှိပါသေးတယ်။ Samsung ကတော့ လက်ရှိ Gear VR Headset ပဲထုတ်ထားပါတယ်။ VR Headset ဆိုတဲ့အတိုင်း VR ပဲသုံးထားပြီး တခြားဘာမှ လုပ်မရပါဘူး။ ဆိုလိုတာကတော့ တကယ့် အပြင်က ကမ္ဘာကို မမြင်ရတော့ဘဲ Virtual World ကိုပဲ မြင်ရတာပါ။ ဒါပေမယ့် AR ကတော့ တကယ့် ကမ္ဘာအစစ်ကို မြင်ရမှာဖြစ်ပြီး အဲ့ထဲမှာပဲ Virtual Element တွေပါ ပါဝင်နေတာပါ။

Source: Samsung.com

Samsung ရဲ့ AR/VR Headset အသစ်ဟာ September မှာကျင်းပမယ့် IFA 2018 က Launch လုပ်မယ်လို့ ကောလဟာလတွေ ထွက်နေပါတယ်။ ဒီ Headset ဟာ ထွက်ဖူးပြီးသား Headset တွေနဲ့ မတူဘဲ သူ့ကို အသုံးပြုဖို့ ဖုန်းလိုတော့မှာ မဟုတ်ဘူးလို့ ခန့်မှန်းနေတာတွေလည်း ရှိပါတယ်။ ဈေးနှုန်းတော့ ခန့်မှန်းလို့မရသေးပေမယ့် September မှာ Launch လုပ်ဖို့တော့ သေချာသလောက်ပါပဲ။