[Zawgyi]

Samsung Galaxy Note 9 ဟာ Copper, Lavender Purple, Blue စတဲ့ အေရာင္ ၃ေရာင္ကို အဝါေရာင္ S Pen နဲ႔ ထုတ္လုပ္မယ္၊ ၿပီးေတာ့ Classic Midnight Black ရွိမယ္ဆိုၿပီး ထုတ္ျပန္ေၾကညာထားခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္ ပၪၥမေျမာက္အေရာင္အျဖစ္ Cloud Silver ရွိေနတယ္ဆိုၿပီးေတာ့ သတင္းေတြ ထြက္ေပၚခဲ့ပါေသးတယ္။ အခုေနာက္ဆုံးမွာေတာ့ ၆ ေရာင္ေျမာက္အျဖစ္ အျဖဴေရာင္ကိုယ္ထည္နဲ႔ ပုံရိပ္က ထြက္ေပၚလာတာပဲ ျဖစ္ပါတယ္။

အျဖဴေရာင္ကိုယ္ထည္နဲ႔ Galaxy Note 9 ရဲ႕ပုံရိပ္ကို Evan Blass ဆိုသူက Twitter မွာ မွ်ေဝခဲ့တာ ျဖစ္ပါတယ္။ သူ ေဖာ္ျပခဲ့တဲ့ ဒီပုံဟာ တကယ့္ Note 9 white ရဲ႕ ပုံရိပ္ အစစ္အမွွန္ျဖစ္ပါ့မလားလို႔ သံသယျဖစ္စရာ ေကာင္းေပမယ့္ အားလုံးရဲ႕ စိတ္ဝင္စားမႈကိုေတာ့ ရယူႏိုင္ခဲ့တာ အမွန္ပါပဲ။

လူအမ်ားစုက ဒီ Galaxy Note 9 အျဖဴေရာင္ပုံကို Photoshop နဲ႔ လုပ္ထားတာလားလို႔ သံသယ ျဖစ္ခဲ့ၾကေပမယ့္ မွ်ေဝခဲ့သူ Evan Blass ကိုယ္တိုင္ကေတာ့ အစစ္အမွန္ျဖစ္ႏိုင္ဖြယ္ရွိတယ္လို႔ ဆိုခဲ့ပါတယ္။ ဒီလိုဆိုရင္ေတာ့ ျဖစ္ႏိုင္ေျခက ႏွစ္ခုတည္းပါ။ အတု ျဖစ္ခ်င္ျဖစ္မယ္။ ဒါမွမဟုတ္ တကယ္လည္း အျဖဴေရာင္ ထြက္လာႏိုင္တယ္။

Samsung ဟာ Note Series ေတြမွာ အျဖဴေရာင္ကို ယခင္ကလည္း ထုတ္လုပ္ခဲ့ဖူးပါတယ္။ အနီးဆုံးေျပာရမယ္ဆိုရင္ Galaxy Note 8 ျဖစ္ပါတယ္။ ေဆာင္းရာသီ အိုလံပစ္ပြဲေတာ္မွာ ႏိုင္ငံတကာ အိုလံပစ္ေကာ္မတီနဲ႔ ပူးေပါင္းမႈအျဖစ္ Galaxy Note 8 PyeongChang 2018 Limited Edition ကို ထုတ္ခဲ့တာပါ။ Limited Edition ဆိုတဲ့အတိုင္း ေဈးကြက္မွာ ေရာင္းခ်တာမဟုတ္ဘဲ IOC member ေတြ၊ ဝန္ထမ္းေတြနဲ႔ ၿပိဳင္ပြဲဝင္ အားကစားသမားေတြကိုပဲ ေရာင္းခ်ခဲ့တာ ျဖစ္ပါတယ္။

Ref: gsmarena

 

[Unicode]

Samsung Galaxy Note 9 ဟာ Copper, Lavender Purple, Blue စတဲ့ အရောင် ၃ရောင်ကို အဝါရောင် S Pen နဲ့ ထုတ်လုပ်မယ်၊ ပြီးတော့ Classic Midnight Black ရှိမယ်ဆိုပြီး ထုတ်ပြန်ကြေညာထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ပဉ္စမမြောက်အရောင်အဖြစ် Cloud Silver ရှိနေတယ်ဆိုပြီးတော့ သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။ အခုနောက်ဆုံးမှာတော့ ၆ ရောင်မြောက်အဖြစ် အဖြူရောင်ကိုယ်ထည်နဲ့ ပုံရိပ်က ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။

အဖြူရောင်ကိုယ်ထည်နဲ့ Galaxy Note 9 ရဲ့ပုံရိပ်ကို Evan Blass ဆိုသူက Twitter မှာ မျှဝေခဲ့တာ ဖြစ်ပါတယ်။ သူ ဖော်ပြခဲ့တဲ့ ဒီပုံဟာ တကယ့် Note 9 white ရဲ့ ပုံရိပ် အစစ်အမှှန်ဖြစ်ပါ့မလားလို့ သံသယဖြစ်စရာ ကောင်းပေမယ့် အားလုံးရဲ့ စိတ်ဝင်စားမှုကိုတော့ ရယူနိုင်ခဲ့တာ အမှန်ပါပဲ။

လူအများစုက ဒီ Galaxy Note 9 အဖြူရောင်ပုံကို Photoshop နဲ့ လုပ်ထားတာလားလို့ သံသယ ဖြစ်ခဲ့ကြပေမယ့် မျှဝေခဲ့သူ Evan Blass ကိုယ်တိုင်ကတော့ အစစ်အမှန်ဖြစ်နိုင်ဖွယ်ရှိတယ်လို့ ဆိုခဲ့ပါတယ်။ ဒီလိုဆိုရင်တော့ ဖြစ်နိုင်ခြေက နှစ်ခုတည်းပါ။ အတု ဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ် တကယ်လည်း အဖြူရောင် ထွက်လာနိုင်တယ်။

Samsung ဟာ Note Series တွေမှာ အဖြူရောင်ကို ယခင်ကလည်း ထုတ်လုပ်ခဲ့ဖူးပါတယ်။ အနီးဆုံးပြောရမယ်ဆိုရင် Galaxy Note 8 ဖြစ်ပါတယ်။ ဆောင်းရာသီ အိုလံပစ်ပွဲတော်မှာ နိုင်ငံတကာ အိုလံပစ်ကော်မတီနဲ့ ပူးပေါင်းမှုအဖြစ် Galaxy Note 8 PyeongChang 2018 Limited Edition ကို ထုတ်ခဲ့တာပါ။ Limited Edition ဆိုတဲ့အတိုင်း ဈေးကွက်မှာ ရောင်းချတာမဟုတ်ဘဲ IOC member တွေ၊ ဝန်ထမ်းတွေနဲ့ ပြိုင်ပွဲဝင် အားကစားသမားတွေကိုပဲ ရောင်းချခဲ့တာ ဖြစ်ပါတယ်။

Ref: gsmarena