အမေရိကန်အပါအဝင် ကမ္ဘာတစ်ဝန်းက စည်းကမ်းထိန်းသိမ်းရေးအဖွဲ့တချို့ဟာ TikTok နဲ့ပတ်သက်ပြီး တင်းမာတဲ့ သဘောထားကို လက်ကိုင်ထားကြတာ ထင်ရှားနေပါတယ်။ တရုတ်ဆိုရှယ်ပလက်ဖောင်းဟာ ကလေးသူငယ်အခွင့်အရေးကို ချိုးဖောက်ကြောင်းတွေ့ရှိခဲ့ကြပေမဲ့ အလားတူပို့စ်တွေ လွှင့်တင်တာကိုလည်း ထိန်းချုပ်နိုင်ခြင်း မရှိသေးတာ ဖြစ်ပါတယ်။

ရလဒ်အနေနဲ့ နိုင်ငံအချို့မှာ TikTok အသုံးပြုခြင်းကို ပိတ်ပင်ခံခဲ့ရပါတယ်။ တစ်ဖက်မှာလည်း TikTok ဟာ ပိုပြီးတော့ လူကြိုက်များလာတဲ့ ပလက်ဖောင်း ဖြစ်လာပါတယ်။ အမေရိကန်ကတော့ နိုင်ငံတော်လုံခြုံရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ TikTok ကို ပိတ်ပင်ထားပြီး ဒီအတွက်လည်း အငြင်းပွားဖွယ်ရာ ဆုံးဖြတ်ချက်အဖြစ် ဝေဖန်ခံနေရဆဲ ဖြစ်ပါတယ်။

အားလုံးစိုးရိမ်နေကြတာကတော့ TikTok ရဲ့ User data တွေဟာ ပေါက်ကြားနေတယ် ဆိုတာပါပဲ။ TikTok ကလည်း တခြားလူမှုရေးပလက်ဖောင်းတွေလိုပါပဲ။ အသုံးပြုသူဒေတာကို စုဆောင်းပါတယ်။ အခြားပလက်ဖောင်းတွေလိုပဲ အသုံးပြုသူတွေကို ပိုပြီးကောင်းမွန်တဲ့ အတွေ့အကြုံပေးဖို့နဲ့ ပိုသက်ဆိုင်တဲ့အကြောင်းအရာတွေ ပြသနိုင်ဖို့ အချက်အလက်စုဆောင်းတယ်လို့ TikTok က ပြောပါတယ်။

ဒါပေမဲ့ User data ဟာ အလွယ်တကူ ရယူနိုင်တာမျိုး မဟုတ်ပါဘူး။ ယေဘုယျအားဖြင့် ပလက်ဖောင်းရဲ့ တာဝန်ရှိသူတွေပဲ သိနိုင်တာပါ။ ဒါပေမဲ့ TikTok ကတော့ သူ့ရဲ့လုပ်ဆောင်ချကဟာ ပွင့်လင်းမြင်သာကြောင်း ပြသဖို့အတွက် သူ့ရဲ့ API ကို ပြီးခဲ့တဲ့နှစ်ကတည်းက စမ်းသပ်ခဲ့ပါတယ်။ မကြာသေးခင်ကတော့ API ရဲ့ ဒေတာတွေကို အမေရိကန်က အမြတ်အစွန်းမယူတဲ့ ပညာရေးအဖွဲ့အစည်းတွေနဲ့ ဆက်နွယ်နေတဲ့ သုတေသီတွေ ရယူနိုင်ပြီလို့ ကြေညာခဲ့ပါတယ်။

ဒါကြောင့် TikTok user base ကို ဝင်ရောက်ဖို့အတွက် Scholar တွေဟာ အဆိုပြုလွှာတင်ပြီး US Data Security (USDS) ဌာနခွဲက အတည်ပြုချက်ရပြီးရင် Public account ကို Access လုပ်ခွင့်ရသွားမှာ ဖြစ်ပါတယ်။ ဒါဆိုရင် App မှာ အသုံးပြုသူတင်ထားတဲ့ Content info ကိုလည်း သိနိုင်မှာ ဖြစ်ပါတယ်။ ဒီလို Access လုပ်နိုင်ခြင်းအားဖြင့် ငယ်ရွယ်တဲ့ အသုံးပြုသူတွေရဲ့ အလေ့အထတွေ၊ အပြုအမူတွေကို လေ့လာသိရှိနိုင်မှာလည်း ဖြစ်ပါတယ်။

ဒီလုပ်ရပ်ဟာ TikTok အနေနဲ့ သူတို့ဟာ အမေရိကန်ရဲ့ နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ ပလက်ဖောင်းတစ်ခု မဟုတ်ကြောင်း သက်သေပြဖို့ ကြိုးစားတဲ့ လုပ်ရပ်ပဲ ဖြစ်ပါတယ်။

Ref: Gizchina