အခုအချိန်မှာ ဖြစ်ပွားနေတဲ့ COVID-19 ဗိုင်းရပ်စ်ဟာဆိုရင် တကမ္ဘာလုံးမှာဖြစ်ပွားနေတဲ့သူပေါင်း ၅ သိန်းခွဲဝန်းကျင်ရှိနေပြီဖြစ်ပြီးတော့ အသက်သေဆုံးသူတွေအနေနဲ့လည်း ၂ သောင်းခွဲနီးပါးရှိနေပြီဖြစ်ပါတယ်။ ဒီအချိန်မှာ အကောင်းဆုံးကတော့ COVID-19 နဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကို သတင်းမှားမဟုတ်ဘဲ သိရှိဖို့က အရေးကြီးနေပြီဖြစ်ပါတယ်။

အဲ့ဒီအတွက် လက်ရှိအချိန်မှာ World Health Organization (WHO) ကနေ COVID-19 နဲ့ ပတ်သက်တဲ့ သတင်းတွေ၊ ပြုလုပ်ရမယ့်အချက်တွေ၊ သတိပေးချက်တွေနဲ့ တခြား Feature တွေပါဝင်လာမယ့် Android ၊ iOS နဲ့ Web App ကို မကြာခင်မှာ မိတ်ဆက်သွားတော့မယ်လို့ သိရပါတယ်။

အဆိုပါ App ကိုတော့ “WHO MyHealth” ဆိုတဲ့နာမည်နဲ့ အသုံးပြုထားပြီးတော့ ယခင် Google နဲ့ Micorsoft တို့က အလုပ်သမားတွေအပြင် WHO Advisor နဲ့ Ambassadors တို့အပြင် တခြားသောကျွမ်းကျင်သူတွေက လုပ်အားပေးအနေနဲ့ ပါဝင်ဆောင်ရွက်ထားကြတာလည်းဖြစ်ပါတယ်။

အဆိုပါ Application ကို လက်ရှိသတ်မှတ်ထားတဲ့ Development Roadmap အရဆိုရင် Android နဲ့ iOS မှာ လာမယ့်မတ်လ ၃၀ ရက်နေ့မှာ တရားဝင်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အဆိုပါ App ဟာ Open Source ဖြစ်တဲ့အတွက် တခြားသောသူတွေအနေနဲ့လည်း အဆိုပါ App မှာပါဝင်တဲ့ COVID-19 နဲ့ပတ်သက်တဲ့သတင်းတွေကို တခြားသော App အနေနဲ့ ထပ်မံတိုးချဲ့ပြီး ထုတ်ပေးနိုင်မယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီလိုမျိုး COVID-19 ဗိုင်းရပ်စ်အတွက် အကောင်းဆုံးကတော့ Social Media က သတင်းတွေထက် WHO ရဲ့ ယခု App လိုမျိုး ယုံကြည်ရတဲ့သတင်းဌာနတွေကနေပဲ စောင့်ကြည့်ဖတ်ရှုတာအကောင်းဆုံးဖြစ်မှာပါ။

Ref – 9to5Google