Elon Musk နဲ့ Twitter ရဲ့ ဇာတ်လမ်းက ဟိုးလေးတကျော်ဖြစ်ခဲ့ပြီး နောက်ဆုံးမှာ တရားစွဲမယ်တွေဘာတွေ ဖြစ်သွားခဲ့ပါပြီ။ Twitter ကလည်း အရောင်းအဝယ်ပျက်ရင်တောင် လျော်ကြေးတော့ ရမှဖြစ်မယ်လို့ ဆုံးဖြတ်ထားပုံပါ။ Elon Musk ကတော့ $44 ဘီလီယံ တန် သဘောတူညီမှုကို တရားဝင်ဖျက်သိမ်းနိုင်ဖို့ ကြိုးစားနေပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့တုန်းက Securities and Exchange Commission ကို တင်သွင်းတဲ့ Musk ရဲ့ အဖွဲ့ကတော့ Twitter ဟာ သူတို့ရဲ့ သဘောတူညီချက်မှာ “အဓိကအခြေခံအချက်အလက်တွေကို ချိုးဖောက်တာ” ဆွေးနွေးနေစဉ်အတွင်း “မမှန်ကန်ဘဲ အထင်အမြင်မှားစေတဲ့” ကြေညာချက်တွေ ထုတ်ပြန်တာတွေ ပြုလုပ်ခဲ့တဲ့အတွက် သဘောတူညီချက်ကို ရပ်ဆိုင်းလိုက်တာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

“Twitter ရဲ့ ပလက်ဖောင်းပေါ်မှာ Fake ဒါမှမဟုတ် Spam အကောင့်တွေနဲ့ပတ်သက်ပြီး လွတ်လပ်စွာအကဲဖြတ်ဖို့ လိုအပ်တဲ့အချက်အလက်နဲ့ သတင်းအချက်အလက်တွေကို Mr. Musk က နှစ်လနီးပါး ရှာဖွေခဲ့တယ်” လို့ Musk ရဲ့ ဥပဒေရေးရာအဖွဲ့က ရေးသားခဲ့ပါတယ်။ “Twitter ဟာ ဒီအချက်အလက်တွေကို ပေးအပ်ဖို့ ပျက်ကွက်တာ၊ ဒါမှမဟုတ် ငြင်းဆိုခဲ့တယ်” ဆိုပါတယ်။

Musk က သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီးနောက် ရက်သတ္တပတ်အနည်းငယ်အကြာမှာ ဒီသဘောတူညီချက်ကို စွန့်လွှတ်မဲ့အဆင့်အဖြစ် သတ်မှတ်လိုက်တာပါ။ အကြောင်းပြချက်က Twitter ရဲ့ ပလက်ဖောင်းပေါ်မှာ Spam bot တွေပျံ့နှံ့ပြီး လွဲမှားတဲ့ ကိန်းဂဏန်းတွေ ထုတ်ပြန်ခဲ့တာကို မကျေနပ်တာပါပဲ။

အကယ်၍ တရားတဘောင်မှာ Musk က ရှုံးနိမ့်ခဲ့ရင် Twitter ကို လမ်းခွဲကြေးအဖြစ် ဒေါ်လာ ၁ ဘီလီယံ ပေးရဖွယ်ရှိနေပါတယ်။ တရားသူကြီးကတော့ Twitter နဲ့ Musk နှစ်ဦးနှစ်ဖက်လုံးရဲ့ လျောက်လဲချက်တွေ လက်ခံပြီးမှ ဆုံးဖြတ်မှာပါ။ ဆုံးဖြတ်ချက်ချမှ လျော်ကြေးက ဘယ်လောက်ပေးရမယ်ဆိုတာကိုလည်း သတ်မှတ်ပေးမှာဖြစ်ပါတယ်။

“သဘောတူညီချက်ကို ရှေ့မတိုးနိုင်ရတဲ့အကြောင်းရင်းက တစ်ဖက်မှာ တော်တော်ဆိုးရွားတဲ့အရာတစ်ခုရှိနေတာကို ပြရမှာပါ။ ပြီးတော့ ဒီလိုဖြစ်နေတယ်ဆိုတာကို တရားသူကြီး လက်ခံလာအောင် လုပ်နိုင်မလုပ်နိုင်ဆိုတာ မသိပါဘူး” လို့ University of Richmond School of Law က ပါမောက္ခ Carl Tobias က မှတ်ချက်ပေးပါတယ်။

Musk ကတော့ Twitter ရှယ်ယာ ၉% ကို ဝယ်ယူပြီး ကုမ္ပဏီဘုတ်အဖွဲ့မှာ တစ်နေရာယူချင်သူပါတယ်။ Musk ဟာ Twitter အတွက် ပိုပြီးကျစ်လျစ်တောင့်တင်းတဲ့ လုပ်ငန်းအစီအစဉ်ကို ရေးဆွဲလိုတာထက် လွတ်လပ်စွာပြောဆိုခွင့်နဲ့ လွတ်လပ်တဲ့ ကော်ပိုရေးရှင်း ဖြစ်စေချင်နေတာပါ။ သူရည်မှန်းထားတာနဲ့ မကိုက်ညီတဲ့အတွက်ကြောင့် သဘောတူညီချက်ကို စွန့်လွှတ်ချင်တာလည်း ဖြစ်နိုင်တယ်လို့ ယူဆရပါတယ်။

Ref: The Verge