Microsoft ရဲ့ နောက်ဆုံး Windows 10 Update Version ဖြစ်တဲ့ Fall Creator Update ဟာ ယခင်နဲ့ မတူညီတဲ့ Features အသစ်တွေများစွာပါဝင်လာပြီပဲဖြစ်ပါတယ်။ အဲ့ဒီထဲကမှ အရင်က Internet Explorer လို့ သိကြတဲ့ Windows ရဲ့ Default Browser ကလည်း ယခုအချိန်မှာ Edge Browser အဖြစ်ပြောင်းလဲသွားပြီပဲဖြစ်ပါတယ်။

အခုပြောပြပေးသွားမှာက တကယ်လို့ Windows 10 Fall Creator Update ကို အသုံးပြုနေတယ်ဆိုရင် ဘာဖြစ်လို့ Browser ကို Edge Browser ပဲ အသုံးပြုသင့်သလဲဆိုတာကိုပြောပြသွားမှာဖြစ်ပါတယ်။

1. Taskbar မှာ Website တွေကို Pin ပြုလုပ်ထားနိုင်ခြင်း

Windows 10 Fall Creator Update ရဲ့ Edge Browser မှာဆိုရင် ကိုယ်အသုံးများတဲ့ Website တွေကို Taskbar ဆီကို ဆွဲချလိုက်ရုံနဲ့ Taskbar မှာ Pin လုပ်ပြီးသားဖြစ်သွားမှာဖြစ်ပါတယ်။ ဒီအချက်က အမြဲတမ်းဝင်ကြည့်နေဖြစ်တဲ့ Website တွေရရှိရင် အရမ်းအသုံးဝင်တဲ့ Feature တစ်ခုဖြစ်မှာပါ။

2. Full Screen အပြည့်အသုံးပြုနိုင်ခြင်း

Website တွေကို ကြည့်ရှုနေတဲ့အချိန်မှာ Browser မှာရှိတဲ့ Menu တွေ Tab Bar တွေကို မျက်စိရှုပ်စရာပါ။ Edge Browser မှာဆိုရင် လက်ရှိအကောင်းဆုံး Full Screen Mode ကိုပြောင်းလဲနိုင်တဲ့ Function ပါဝင်ပြီးတော့ Keyboard မှာရှိတဲ့ F11 Key ကို နှိပ်လိုက်ရုံနဲ့ ပြောင်းလဲနိုင်မှာဖြစ်ပါတယ်။

3. စမတ်ဖုန်းမှာ ကြည့်နေတဲ့ Website ကို ကွန်ပျူတာဆီ ပို့နိုင်ခြင်း

ဒီ Feature ဟာဆိုရင် Edge Browser ရဲ့ အကောင်းဆုံးသော Feature လို့ ပြောလို့ရပြီးတော့ ကိုယ့် စမတ်ဖုန်းမှာ ကြည့်နေတဲ့ Website ရှိရင် ကွန်ပျူတာမှာရှိတဲ့ Edge Browser ကို ချက်ခြင်း Share ပေးမှာပဲဖြစ်ပါတယ်။ အဆိုပါ Feature ကို Microsoft က Continue On PC လို့ နာမည်ပေးထားပြီး အသုံးပြုနိုင်ဖို့အတွက် ကိုယ့်ရဲ့ Android ဒါမှမဟုတ် iDevices မှာ Microsoft Cortana (သို့) Edge Browser Preview App သွင်းထားဖို့ လိုအပ်မှာဖြစ်ပါတယ်။

4. Bookmark တွေကို အလွန်လွယ်ကူစွာမှတ်သားထားနိုင်ခြင်း

Microsoft Edge Browser ရဲ့ အားသာချက်နောက်တစ်ခုက Bookmarking Feature ဖြစ်မှာပါ။ တကယ်လို့ ကိုယ်ဖတ်နေတဲ့ Website တစ်ခုကိုနောက်မှ မှတ်ထားချင်လို့ သိမ်းထားချင်တယ်ဆိုရင် (Ctrl + D) ကို နှိပ်လိုက်တာနဲ့ Bookmark Menu ပေါ်လာပြီး ကိုယ့်စိတ်ကြိုက်နာမည်ပေးပြီး မှတ်သားထားလို့ရမှာပါ။

5. PDF နဲ့ Ebook reader အဖြစ်ပါ အသုံးချနိုင်ခြင်း

Web Browser နဲ့ PDF တွေ Ebook တွေဖတ်လို့ရမယ်လို့ သင်တွေးကြည့်ဖူးပါသလား? အခု Edge Browser နဲ့ဆိုရင် ဘယ်လို PDF ပဲဖြစ်ဖြစ်၊ ဘယ်လို Ebook Format တွေပဲဖြစ်ဖြစ် Edge Browser မှာ ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။ အဲ့ဒါကလည်း သာမန်အနေနဲ့ပဲ ဖတ်ရှုနိုင်တာမျိုးမဟုတ်ပဲ PDF Reader Application တစ်ခုနဲ့ ဖတ်သလိုမျိုး Highlight, Notes Function တွေပါ အသုံးပြုနိုင်ဦးမှာပါ။

အခုလိုမျိုး Windows 10 Fall Creator Update မှာ ပါဝင်လာတဲ့ Edge Browser ဟာဆိုရင် အခြားသော Browser တွေထက် ပိုမိုမြန်ဆန်တဲ့အပြင် အခုလိုမျိုး Features တွေလည်း အစုံပါဝင်နေတော့ စမ်းသပ်သုံးစွဲကြည့်သင့်ပါတယ်။