Android ဖုန်းတွေမှာ Application တွေ ပွင့်နေလို့ရှိရင် ဖုန်းဘက်ထရီတွေ ပိုပိုကုန်လေ့ရှိပါတယ်။ ခရီးသွားနေတဲ့အချိန် အရေးကြီး ကိစ္စတွေနဲ့ ဖုန်းပြောနေရချိန်တွေမှာဆိုရင် ဖုန်းဘက်ထရီမကုန်ဖို့က အရေးကြီးပါတယ်။ Screen Timeout လုပ်ထားရင် ဖုန်းဘက်ထရီကုန်သာကို သက်သာစေမှာပါ။

ဖုန်းထဲက Settings ကို သွားပါ။

Display ဆိုတဲ့ ခလုတ်ကို ရှာပါ။ နှိပ်ပါ။

Display ထဲ ရောက်သွားရင် Screen Timeout ကို ရှာပါ။

  • Screen Timeout ကို နှိပ်လိုက်ရင်
  • ၁၅ စက္ကန့် (15 Seconds)
  • စက္ကန့် ၃၀ (30 Seconds)
  • ၁ မိနစ် (1 Minute)
  • ၂ မိနစ် (2 Minutes)
  • ၁၀ မိနစ် (10 Minutes)

စခရင် ပိတ်ထားတဲ့အချိန်ကြာလေလေ ဖုန်းဘက်ထရီအားပိုခံလေပါဘဲ။  ကိုယ်လက်ရှိ အသုံးမ၀င်တဲ့ Application တွေ အီးမေးလ် (Email) စတာတွေကို ပိတ်ထားသင့်ပါတယ်။ အကယ်၍ လိုင်းမမိတဲ့နေရာမျိုးဆိုရင် Airplane Mode ပြောင်းထားသင့်ပါတယ်။ ဖုန်းက လိုင်းကို ရှာဖွေနေရင် ဖုန်း ဘက်ထရီ ပိုကုန်စေပါတယ်။ Bluetooth နဲ့ Wi-Fi တို့ကိုလည်း မလိုအပ်ရင် ပိတ်ထားသင့်ပါတယ်။