[Zawgyi]

Apple ဟာ ကုမၸဏီရဲ႕ ထုတ္ကုန္ေတြကို အေျခခံၿပီး က်န္းမာေရးဝန္ေဆာင္မႈနယ္ဆီကို ေျခဆန႔္ဖို႔ ႀကိဳးစားေနတာပါ။ အနီးစပ္ဆုံးေျပာရရင္ေတာ့ Apple Watch ေတြဟာ က်န္းမာေရးအေထာက္အကူျပဳ ထုတ္ကုန္ေတြဆိုတာပါပဲ။ ဒီလိုမ်ိဳး က်န္းမာေရး အေထာက္အကူျပဳ Feature ေတြပါဝင္တာေၾကာင့္ Apple Watch ေတြက သာမန္ထက္ ၄ဆေက်ာ္ေလာက္ ေရာင္းအားပိုေကာင္းခဲ့တာ ျဖစ္ပါတယ္။

Apple Watch ဟာ လူေတြရဲ႕ က်န္းမာေရးကို ဘယ္အတိုင္းအတာေလာက္ထိ အေထာက္အကူျပဳႏိုင္လဲဆိုတဲ့ ေမးခြန္းက ႏွစ္အေတာ္ၾကာ အခ်ိန္ယူၿပီးမွ ေျဖႏိုင္မယ္ထင္ပါတယ္။ ဒါေပမယ့္ Apple Watch ေၾကာင့္ အသက္ဆုံးရႈံးမယ့္ အႏၲရာယ္ကေန လြတ္ေျမာက္ခဲ့ရတဲ့ အျဖစ္အပ်က္ေလးေတြကေတာ့ ရွိေနပါတယ္။

လြန္ခဲ့တဲ့ ၂၀၁၈ ေမလဆန္းပိုင္းေလာက္ကလည္း အသက္ ၇၆ ႏွစ္အ႐ြယ္ အဖိုးအိုတစ္ေယာက္ဟာ Apple Watch က ႏွလုံးခုန္ျမန္ေနေၾကာင္း သတိေပးတာေၾကာင့္ ေဆး႐ုံကိုသြားခဲ့လို႔ ႏွလုံးေသြးေၾကာပိတ္ၿပီး အသက္ဆုံးရႈံးရမယ့္ အႏၲရာယ္ကေန လြတ္ေျမာက္ခဲ့ရပါတယ္။

၂၀၁၉ ရဲ႕ ဧၿပီလဆန္းပိုင္းမွာလည္း အလားတူ ျဖစ္ရပ္မ်ိဳးထပ္မံျဖစ္ပြားခဲ့ပါတယ္။ အဲဒါကေတာ့ Apple Watch အသုံးျပဳသူတစ္ေယာက္ဟာ အိပ္ယာထက္မွာလွဲၿပီး တီဗြီၾကည့္ရင္း ဘီစကြတ္စားေနတဲ့အခ်ိန္ သူ႔ႏွလုံးခုန္သံက ပုံမွန္မဟုတ္ဘူးလို႔ သတိေပးျခင္းခံခဲ့ရတာပဲ ျဖစ္ပါတယ္။

အဆိုပါပုဂၢိဳလ္ဟာ Apple Watch ရဲ႕ သတိေပးမႈကို လိုက္နာၿပီး အေရးေပၚလူနာတင္ကား ေခၚခဲ့တာေၾကာင့္ အခ်ိန္မီေဆးကုသမႈခံႏိုင္ခဲ့ၿပီး အသက္အႏၲရာယ္ကေန ကင္းလြတ္ခဲ့ရတာ ျဖစ္ပါတယ္။ ေဆး႐ုံကားေရာက္ခ်ိန္မွာ သူဟာ ဆိုး႐ြားတဲ့အေျခအေနကို ရင္ဆိုင္ေနရၿပီျဖစ္ေၾကာင္း သူ႔အေတြ႕အႀကဳံကို ျပန္လည္မွ်ေဝခဲ့တာ ျဖစ္ပါတယ္။

Apple Watch ေတြဟာ အခုေနာက္ပိုင္းမွာ က်န္းမာေရးအေထာက္အကူျပဳ Feature ေတြျဖစ္တဲ့ ေသြးဖိအားတိုင္းတာျခင္း၊ ေရဓာတ္ပမာဏ ေစာင့္ၾကည့္ျခင္း စတာေတြအျပင္ ECG (Electrocardiography) Monitor လည္း ထည့္သြင္းေပးလာခဲ့တာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ႐ုတ္တရက္ ျဖစ္ေပၚလာတတ္တဲ့ ႏွလုံးထိခိုက္မႈကေန အသက္အႏၲရာယ္ျဖစ္ပြားျခင္းကို ကာကြယ္ေစာင့္ေရွာက္ေပးႏိုင္မယ္လို႔ Apple က ယုံၾကည္ေနတာလည္း ျဖစ္ပါတယ္။

လက္ရွိအခ်ိန္အထိေတာ့ Apple Watch ေၾကာင့္ အသက္အႏၲရာယ္ကေန ကင္းလြတ္ခဲ့ရတဲ့ အျဖစ္အပ်က္ အခ်ိဳ႕ကို ၾကားသိခဲ့ရၿပီး ျဖစ္ပါတယ္။ ဒီျဖစ္ရပ္ အနည္းငယ္ကို အေျခခံၿပီး အနာဂတ္မွာ Apple Watch ေတြက လူေပါင္းမ်ားစြာရဲ႕ က်န္းမာေရးကို ေစာင့္ေရွာက္ၿပီး အေရးပါတဲ့ေနရာတစ္ခုကို ရယူႏိုင္သြားမလားလို႔ ေတြးမိရပါေတာ့တယ္။

Ref: GSMArena

[Unicode]

Apple Watch တွေဟာ အနာဂတ်မှာ အရေးပါတဲ့ ကျန်းမာရေးအစောင့်အရှောက် ဖြစ်လာနိုင်မလား

Apple ဟာ ကုမ္ပဏီရဲ့ ထုတ်ကုန်တွေကို အခြေခံပြီး ကျန်းမာရေးဝန်ဆောင်မှုနယ်ဆီကို ခြေဆန့်ဖို့ ကြိုးစားနေတာပါ။ အနီးစပ်ဆုံးပြောရရင်တော့ Apple Watch တွေဟာ ကျန်းမာရေးအထောက်အကူပြု ထုတ်ကုန်တွေဆိုတာပါပဲ။ ဒီလိုမျိုး ကျန်းမာရေး အထောက်အကူပြု Feature တွေပါဝင်တာကြောင့် Apple Watch တွေက သာမန်ထက် ၄ဆကျော်လောက် ရောင်းအားပိုကောင်းခဲ့တာ ဖြစ်ပါတယ်။

Apple Watch ဟာ လူတွေရဲ့ ကျန်းမာရေးကို ဘယ်အတိုင်းအတာလောက်ထိ အထောက်အကူပြုနိုင်လဲဆိုတဲ့ မေးခွန်းက နှစ်အတော်ကြာ အချိန်ယူပြီးမှ ဖြေနိုင်မယ်ထင်ပါတယ်။ ဒါပေမယ့် Apple Watch ကြောင့် အသက်ဆုံးရှုံးမယ့် အန္တရာယ်ကနေ လွတ်မြောက်ခဲ့ရတဲ့ အဖြစ်အပျက်လေးတွေကတော့ ရှိနေပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၈ မေလဆန်းပိုင်းလောက်ကလည်း အသက် ၇၆ နှစ်အရွယ် အဖိုးအိုတစ်ယောက်ဟာ Apple Watch က နှလုံးခုန်မြန်နေကြောင်း သတိပေးတာကြောင့် ဆေးရုံကိုသွားခဲ့လို့ နှလုံးသွေးကြောပိတ်ပြီး အသက်ဆုံးရှုံးရမယ့် အန္တရာယ်ကနေ လွတ်မြောက်ခဲ့ရပါတယ်။

၂၀၁၉ ရဲ့ ဧပြီလဆန်းပိုင်းမှာလည်း အလားတူ ဖြစ်ရပ်မျိုးထပ်မံဖြစ်ပွားခဲ့ပါတယ်။ အဲဒါကတော့ Apple Watch အသုံးပြုသူတစ်ယောက်ဟာ အိပ်ယာထက်မှာလှဲပြီး တီဗွီကြည့်ရင်း ဘီစကွတ်စားနေတဲ့အချိန် သူ့နှလုံးခုန်သံက ပုံမှန်မဟုတ်ဘူးလို့ သတိပေးခြင်းခံခဲ့ရတာပဲ ဖြစ်ပါတယ်။

အဆိုပါပုဂ္ဂိုလ်ဟာ Apple Watch ရဲ့ သတိပေးမှုကို လိုက်နာပြီး အရေးပေါ်လူနာတင်ကား ခေါ်ခဲ့တာကြောင့် အချိန်မီဆေးကုသမှုခံနိုင်ခဲ့ပြီး အသက်အန္တရာယ်ကနေ ကင်းလွတ်ခဲ့ရတာ ဖြစ်ပါတယ်။ ဆေးရုံကားရောက်ချိန်မှာ သူဟာ ဆိုးရွားတဲ့အခြေအနေကို ရင်ဆိုင်နေရပြီဖြစ်ကြောင်း သူ့အတွေ့အကြုံကို ပြန်လည်မျှဝေခဲ့တာ ဖြစ်ပါတယ်။

Apple Watch တွေဟာ အခုနောက်ပိုင်းမှာ ကျန်းမာရေးအထောက်အကူပြု Feature တွေဖြစ်တဲ့ သွေးဖိအားတိုင်းတာခြင်း၊ ရေဓာတ်ပမာဏ စောင့်ကြည့်ခြင်း စတာတွေအပြင် ECG (Electrocardiography) Monitor လည်း ထည့်သွင်းပေးလာခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ရုတ်တရက် ဖြစ်ပေါ်လာတတ်တဲ့ နှလုံးထိခိုက်မှုကနေ အသက်အန္တရာယ်ဖြစ်ပွားခြင်းကို ကာကွယ်စောင့်ရှောက်ပေးနိုင်မယ်လို့ Apple က ယုံကြည်နေတာလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်အထိတော့ Apple Watch ကြောင့် အသက်အန္တရာယ်ကနေ ကင်းလွတ်ခဲ့ရတဲ့ အဖြစ်အပျက် အချို့ကို ကြားသိခဲ့ရပြီး ဖြစ်ပါတယ်။ ဒီဖြစ်ရပ် အနည်းငယ်ကို အခြေခံပြီး အနာဂတ်မှာ Apple Watch တွေက လူပေါင်းများစွာရဲ့ ကျန်းမာရေးကို စောင့်ရှောက်ပြီး အရေးပါတဲ့နေရာတစ်ခုကို ရယူနိုင်သွားမလားလို့ တွေးမိရပါတော့တယ်။

Ref: GSMArena