[Unicode]

Apple ဟာ iPhone X ကို ထုတ်ခဲ့တုန်းက တော်ဝင်ဆန်တဲ့ဒီဇိုင်းပိုင်းနဲ့ ဆန်းသစ်တီထွင်တဲ့နည်းပညာပိုင်းအပြင် Power user တွေအတွက်ပါ အာရုံစိုက်ပြီး ပြောင်းလဲခဲ့တာကို တွေ့ရပါတယ်။ တစ်ဘက်မှာတော့ အစဉ်တစိုက်မြင်တွေ့ခဲ့ရတဲ့ iPhone ရဲ့ ဝိသေသလက္ခဏာအချို့တော့ ပျောက်ဆုံးခဲ့တယ် ပြောရမှာပါပဲ။

အကယ်၍သာ ကောလာဟလတွေမှန်မယ်ဆိုရင်တော့ လာမယ့် ၂၀၂၀ မှာထုတ်မယ့် iPhone 12 တွေဟာ ဒရမ်မာဆန်တဲ့ အပြောင်းအလဲတစ်ခုကို ဖော်ဆောင်လာနိုင်ဖွယ်ရှိနေပါတယ်။ Apple သာ အမှန်တကယ် ဒေါ်လာ ၄၀၀ ဝန်းကျင် iPhone တွေ ထုတ်လာမယ်၊ ဒီဇိုင်းပိုင်းကိုလည်း အရင်မြင်နေကျအတိုင်း Flat ဆန်ဆန်ပြန်သွားမယ်ဆိုရင်တော့ ဒီအပြောင်းအလဲနှစ်မျိုးဟာ Apple ရဲ့ အနာဂတ်ဈေးကွက်ကို တိုးချဲ့ပေးနိုင်မယ်လို့ ယူဆရပါတယ်။

ထွက်ထားတဲ့သတင်းသာ မှန်ခဲ့မယ်ဆိုရင်တော့ iPhone 9 ဟာ ဟိုယခင်ကတည်းက သုံးလာတဲ့လူတွေအတွက် အသင့်တော်ဆုံးဖြစ်ခဲ့တယ်လို့ ဆိုရမှာပါ။ iPhone SE, iPhone 8 တို့ကိုပေါင်းစပ်လိုက်တဲ့ပုံစံနဲ့ iPhone သစ်ဟာ ဈေးနှုန်းလည်းသက်သာမယ်၊ ဒီဇိုင်းအားဖြင့်လည်း ရှေးအငွေ့အသက်တွေကို ပြန်ခံစားရစေမယ်ဆိုရင်တော့ အပြောင်းအလဲကြီးကြီးမားမားကို သိပ်မကြိုက်တဲ့ Apple fan တွေအတွက် နှစ်သက်မြတ်နိုးစရာ iPhone သစ်ဖြစ်လာမှာပါ။

iPhone XR ဟာ ဒီနှစ်ရဲ့ ပထမကိုးလတာကာလအတွင်း အရောင်းရဆုံးဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်က Apple ရဲ့ ကျဆင်းနေတဲ့ iPhone ရောင်းအားကို တစ်ဘက်တစ်လမ်းကနေ ထောက်ကူပေးနိုင်ခဲ့ပါတယ်။ ဒီနောက်မှာ ထုတ်ခဲ့တဲ့ iPhone 11 ကလည်း ကျေနပ်စရာရောင်းအား ရနေတာကို တွေ့ရပါတယ်။ ဒါ Apple အတွက် လာမယ့် ၂၀၂၀ iPhone တွေရောင်းတဲ့နေရာမှာ ဈေးနှုန်းပိုင်း ဂရုပြုပြင်ဆင်ဖို့ သတိပေးနေသလိုပါပဲ။

JP Morgan ရဲ့ သတင်းကို ကိုးကားပြီးပြောရမယ်ဆိုရင်တော့ Apple ဟာ 5G iPhone လေးမျိုးကို Standard မော်ဒယ်နဲ့ Pro မော်ဒယ်ဆိုပြီး အမျိုးအစားခွဲရောင်းချသွားဖွယ်ရှိပါတယ်။ Standard မော်ဒယ်နှစ်မျိုးကိုတော့ ပထမနှစ်ဝက်မှာ မိတ်ဆက်ပေးသွားမှာဖြစ်ပြီး Pro မော်ဒယ်နျစ်မျိုးကတော့ ဒုတိယနှစ်ဝက်ရောက်မှ မိတ်ဆက်မယ်လို့ ဆိုထားတာပါ။

ဒီသတင်းကို အခြေခံရရင်တော့ လာမယ့် ၂၀၂၀ အတွင်း Apple ရဲ့ iPhone 12 တွေဟာ ပုံစံပိုင်းရော၊ ဈေးနှုန်းပိုင်းပါ အပြောင်းအလဲကြီးကြီးမားမား ပြုလုပ်ထားမယ်လို့ ခန့်မှန်းရပါတယ်။ အထူးသဖြင့် 5.4-inch iPhone 12 ဟာ Apple ရဲ့ လျှို့ဝှက်လက်နက်တစ်ခု ဖြစ်လာနိုင်ပါတယ်။ iPhone 12 Plus ကတော့ iPhone 11 နေရာကို တိုက်ရိုက်ဆက်ခံဖွယ်ရှိနေပြီး၊ iPhone 12 Pro ကတော့ Power user တွေကို ပစ်မှတ်ထားနိုင်ပါတယ်။

ဒီလိုမှမဟုတ်ဘဲ လာမယ့်နှစ်ထဲမှာ iPhone တွေကို ၄ မျိုးလောက် မထုတ်လုပ်ပေးနိုင်ဘူး၊ ဈေးနှုန်းလည်း ထပ်ပြီးမလျှော့ချပေးနိုင်ဘူး၊ 5G နယ်ပယ်ထဲလည်း မဝင်နိုင်ဘူးဆိုရင်တော့ ဖောက်သည်အတော်များများက Platform ပြောင်းသုံးသွားမယ့် ပြဿနာကို ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် အခုသတင်းထွက်ထားတဲ့ မဟာဗျူဟာက Apple ရဲ့ အကောင်းဆုံးပြောင်းလဲမှုဖြစ်လာမလားဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါပြီ။

Ref: Phone Arena

[Zawgyi]

၂၀၂၀ မွာ iPhone ထုတ္လုပ္ေရာင္းခ်မယ့္ မဟာဗ်ဴဟာသစ္က Apple ရဲ႕ အေကာင္းဆုံးအေျပာင္းအလဲ ျဖစ္လာမလား

Apple ဟာ iPhone X ကို ထုတ္ခဲ့တုန္းက ေတာ္ဝင္ဆန္တဲ့ဒီဇိုင္းပိုင္းနဲ႔ ဆန္းသစ္တီထြင္တဲ့နည္းပညာပိုင္းအျပင္ Power user ေတြအတြက္ပါ အာ႐ုံစိုက္ၿပီး ေျပာင္းလဲခဲ့တာကို ေတြ႕ရပါတယ္။ တစ္ဘက္မွာေတာ့ အစဥ္တစိုက္ျမင္ေတြ႕ခဲ့ရတဲ့ iPhone ရဲ႕ ဝိေသသလကၡဏာအခ်ိဳ႕ေတာ့ ေပ်ာက္ဆုံးခဲ့တယ္ ေျပာရမွာပါပဲ။

အကယ္၍သာ ေကာလာဟလေတြမွန္မယ္ဆိုရင္ေတာ့ လာမယ့္ ၂၀၂၀ မွာထုတ္မယ့္ iPhone 12 ေတြဟာ ဒရမ္မာဆန္တဲ့ အေျပာင္းအလဲတစ္ခုကို ေဖာ္ေဆာင္လာႏိုင္ဖြယ္ရွိေနပါတယ္။ Apple သာ အမွန္တကယ္ ေဒၚလာ ၄၀၀ ဝန္းက်င္ iPhone ေတြ ထုတ္လာမယ္၊ ဒီဇိုင္းပိုင္းကိုလည္း အရင္ျမင္ေနက်အတိုင္း Flat ဆန္ဆန္ျပန္သြားမယ္ဆိုရင္ေတာ့ ဒီအေျပာင္းအလဲႏွစ္မ်ိဳးဟာ Apple ရဲ႕ အနာဂတ္ေဈးကြက္ကို တိုးခ်ဲ႕ေပးႏိုင္မယ္လို႔ ယူဆရပါတယ္။

ထြက္ထားတဲ့သတင္းသာ မွန္ခဲ့မယ္ဆိုရင္ေတာ့ iPhone 9 ဟာ ဟိုယခင္ကတည္းက သုံးလာတဲ့လူေတြအတြက္ အသင့္ေတာ္ဆုံးျဖစ္ခဲ့တယ္လို႔ ဆိုရမွာပါ။ iPhone SE, iPhone 8 တို႔ကိုေပါင္းစပ္လိုက္တဲ့ပုံစံနဲ႔ iPhone သစ္ဟာ ေဈးႏႈန္းလည္းသက္သာမယ္၊ ဒီဇိုင္းအားျဖင့္လည္း ေရွးအေငြ႕အသက္ေတြကို ျပန္ခံစားရေစမယ္ဆိုရင္ေတာ့ အေျပာင္းအလဲႀကီးႀကီးမားမားကို သိပ္မႀကိဳက္တဲ့ Apple fan ေတြအတြက္ ႏွစ္သက္ျမတ္ႏိုးစရာ iPhone သစ္ျဖစ္လာမွာပါ။

iPhone XR ဟာ ဒီႏွစ္ရဲ႕ ပထမကိုးလတာကာလအတြင္း အေရာင္းရဆုံးျဖစ္ခဲ့ၿပီး ၿပီးခဲ့တဲ့ႏွစ္က Apple ရဲ႕ က်ဆင္းေနတဲ့ iPhone ေရာင္းအားကို တစ္ဘက္တစ္လမ္းကေန ေထာက္ကူေပးႏိုင္ခဲ့ပါတယ္။ ဒီေနာက္မွာ ထုတ္ခဲ့တဲ့ iPhone 11 ကလည္း ေက်နပ္စရာေရာင္းအား ရေနတာကို ေတြ႕ရပါတယ္။ ဒါ Apple အတြက္ လာမယ့္ ၂၀၂၀ iPhone ေတြေရာင္းတဲ့ေနရာမွာ ေဈးႏႈန္းပိုင္း ဂ႐ုျပဳျပင္ဆင္ဖို႔ သတိေပးေနသလိုပါပဲ။

JP Morgan ရဲ႕ သတင္းကို ကိုးကားၿပီးေျပာရမယ္ဆိုရင္ေတာ့ Apple ဟာ 5G iPhone ေလးမ်ိဳးကို Standard ေမာ္ဒယ္နဲ႔ Pro ေမာ္ဒယ္ဆိုၿပီး အမ်ိဳးအစားခြဲေရာင္းခ်သြားဖြယ္ရွိပါတယ္။ Standard ေမာ္ဒယ္ႏွစ္မ်ိဳးကိုေတာ့ ပထမႏွစ္ဝက္မွာ မိတ္ဆက္ေပးသြားမွာျဖစ္ၿပီး Pro ေမာ္ဒယ္န်စ္မ်ိဳးကေတာ့ ဒုတိယႏွစ္ဝက္ေရာက္မွ မိတ္ဆက္မယ္လို႔ ဆိုထားတာပါ။

ဒီသတင္းကို အေျခခံရရင္ေတာ့ လာမယ့္ ၂၀၂၀ အတြင္း Apple ရဲ႕ iPhone 12 ေတြဟာ ပုံစံပိုင္းေရာ၊ ေဈးႏႈန္းပိုင္းပါ အေျပာင္းအလဲႀကီးႀကီးမားမား ျပဳလုပ္ထားမယ္လို႔ ခန႔္မွန္းရပါတယ္။ အထူးသျဖင့္ 5.4-inch iPhone 12 ဟာ Apple ရဲ႕ လွ်ိဳ႕ဝွက္လက္နက္တစ္ခု ျဖစ္လာႏိုင္ပါတယ္။ iPhone 12 Plus ကေတာ့ iPhone 11 ေနရာကို တိုက္႐ိုက္ဆက္ခံဖြယ္ရွိေနၿပီး၊ iPhone 12 Pro ကေတာ့ Power user ေတြကို ပစ္မွတ္ထားႏိုင္ပါတယ္။

ဒီလိုမွမဟုတ္ဘဲ လာမယ့္ႏွစ္ထဲမွာ iPhone ေတြကို ၄ မ်ိဳးေလာက္ မထုတ္လုပ္ေပးႏိုင္ဘူး၊ ေဈးႏႈန္းလည္း ထပ္ၿပီးမေလွ်ာ့ခ်ေပးႏိုင္ဘူး၊ 5G နယ္ပယ္ထဲလည္း မဝင္ႏိုင္ဘူးဆိုရင္ေတာ့ ေဖာက္သည္အေတာ္မ်ားမ်ားက Platform ေျပာင္းသုံးသြားမယ့္ ျပႆနာကို ရင္ဆိုင္ရေတာ့မွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ အခုသတင္းထြက္ထားတဲ့ မဟာဗ်ဴဟာက Apple ရဲ႕ အေကာင္းဆုံးေျပာင္းလဲမႈျဖစ္လာမလားဆိုတာ စိတ္ဝင္စားဖို႔ေကာင္းေနပါၿပီ။

Ref: Phone Arena