Premium Mid-range ဖုန်းတစ်လုံးအဖြစ်ထွက်လာတော့မယ့် Nokia X ရဲ့ဓာတ်ပုံတွေထွက်လာပြီဖြစ်ပါတယ်။ Design ပိုင်းမှာ သေသေသပ်သပ်လုပ်ထားပေးတာကြောင့် အခြား Mid-range ဖုန်းတွေနဲ့ယှဉ်မယ်ဆိုရင် Nokia X ကတော့ Premium ဖုန်းတစ်လုံးဖက်ကို ပိုရောက်တယ်ဆိုတာ သိသာပါတယ်။

Nokia X ကို နောက်ဖက်မှာ Glass အသုံးပြုပေးထားတဲ့အတွက် ဖုန်းကိုကြည့်ရတာ တောက်တောက်ပြောင်ပြောင်ရှိပါတယ်။ အနက်ရောင်နဲ့ Glass နဲ့ပေါင်းလိုက်တော့ တော်တော်လေး ဆွဲဆောင်မှုရှိတာကို တွေ့ရပါတယ်။ အရှေ့ဖက် Display မှာတော့ Notch နဲ့အတူ Front Camera ကိုတွေ့ရပါတယ်။ နောက်ကျောဖက်မှာပဲ Dual Camera ပါတာဖြစ်ပြီး Fingerprint Scanner ကို Camera တွေအောက်မှာ တပ်ဆင်ပေးထားတာကိုတွေ့ရပါတယ်။

Nokia X ကိုတော့Qualcomm Snapdragon 600 Series Processor ၊ RAM 43/4/6 GB နဲ့အတူ 32 GB ဒါမှမဟုတ် 64 GB Storage နဲ့ထွက်လာမယ်လို့ သတင်းထွက်ထားပါတယ်။ Display Resolution ကတော့ 2280×1080 ရှိတာကြောင့် Full HD+ ဖြစ်မှာပါ။ 5.8 Inch Display ကို 19:9 Ratio မှာထားပေးထားပါတယ်။ Dual Camera တွေထဲက Main Camera ကတော့ 16 MP ရှိမယ်လို့သိရပြီး အရှေ့က Selfie Camera ကလည်း 16 MP ပဲရှိမယ်လို့ သိရပါတယ်။ 3000 mAh Battery နဲ့လာမှာဖြစ်တာကြောင့် ဖုန်းကတော့ အရမ်းကြီးထူမှာမဟုတ်ပါဘူး။

Nokia X ကိုတော့ မကြာခင် မိတ်ဆက်မယ်လို့ သတင်းထွက်ထားပြီး $250 ဝန်းကျင်နဲ့ ရောင်းချမယ်လို့လည်းသိရပါတယ်။ Nokia ကတော့ Android ဖုန်းတွေထဲမှာ Pure Android ဖက်အရောက်ဆုံး ကုမ္ပဏီလည်းဖြစ်တာကြောင့် Software ပိုင်းနဲ့ပတ်သက်လို့တော့ စိတ်ပျက်စရာသိပ်မရှိပါဘူး။ Google ကထုတ်ပေးတဲ့ Android Update တော်တော်များများကိုလည်း အခြားဖုန်းတွေထက်မြန်မြန်ဆန်ဆန်ရနိုင်တာကြောင့် Software Update လုပ်ရတာ သဘောကျသူတွေအတွက်တော့ Nokia ဖုန်းတွေက ရွေးချယ်စရာဖြစ်နေဦးမှာပါ။