ပြီးခဲ့တဲ့ ဖေဖော်ဝါရီ တုန်းက MWC မှာ VIVO ဟာ သူ့ရဲ့ APEX Concept Phone အကြောင်း ပရိတ်သတ်ကို အမြည်းကျွေးသွားခဲ့ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ တစ်ပတ်ကပဲ Vivo ဟာ လာမယ့် June 12 မှာပရိတ်သတ်ကို အံ့အားသင့်စေမယ့် Device တစ်မျိုး ထုတ်ပြမယ်လို့ ကြေညာခဲ့ပါတယ်။ အဲ့ဒီ Device ကတော့ Vivo NEX ပါပဲ။

Source: news4c.com

တရုတ် Social Media တစ်ခုဖြစ်တဲ့ Weibo မှာ ပြောကြားထားတဲ့ Vivo ရဲ့ စကားအရဆိုရင် Futuristic Experience တစ်ခုကို ပရိတ်သတ်တွေဆီ ယူလာပြမယ်လို့ဆိုပါတယ်။ ဒါ့ကြောင့်လည်း ဒီ Vivo NEX Smartphone ဟာ “No-bezels & 100% screen-to-body ratio” ဖြစ်နိုင်တယ်ဆိုပြီး ကောလဟာလတွေ ထွက်နေပါတယ်။

Source: CNET

ဒါ့ကြောင့် Selfie Camera ဟာ ဖုန်းရဲ့ထိပ်မှာ Peroscope လိုမျိုး ဖြစ်နေနိုင်ပြီး Under-display Fingerprint Scanner လည်းပါလာနိုင်တယ်ဆိုပြီး သတင်းထွက်နေပါတယ်။ OLED Display သုံးထားမယ်လို့ ခန့်မှန်းထားကြတဲ့ ဒီဖုန်းကို Snapdragon 845 နဲ့ Run မယ်လို့ ကောလဟာလတွေ ထွက်နေပါတယ်။

Source: wccftech.com

Vivo NEX ဟာ User တွေအတွက်တော့ စိတ်ကျေနပ်မှု ပေးနိုင်မှာ သေချာသလောက်ပါပဲ။ Vivo ဟာ ဒီဖုန်းကို $1000 နဲ့ $1100 လောက် ဝန်းကျင်နဲ့ စတင်ရောင်းချနိုင်ပါတယ်။ ဒါပေမယ့် Snapdragon 710 သုံးပြီး ဈေးပိုသက်သာတဲ့ Model နောက်တစ်မျိုးကိုတော့ $780 လောက်နဲ့ ရောင်းချနိုင်ပါတယ်။