ပြီးခဲ့တဲ့ရက်က Windows 11 ရဲ့ Screenshot တွေ ထွက်ပေါ်လာပြီးနောက် သုံးစွဲသူတွေအကြားမှာ ဒီ Windows သစ်အကြောင်း ရှာဖွေမှုတွေ များပြားသွားပါတယ်။ ယေဘုယျအားဖြင့်သိချင်ကြတာက Windows 11 ကို အခမဲ့ Upgrade လုပ်လို့ရလား၊ ဘယ်အချိန် ရမှာလဲဆိုတာမျိုးတွေပါ။

Microsoft အနေနဲ့ Windows 11 ကို တရားဝင်ထုတ်ပြန်ကြေညာသေးတာ မဟုတ်ပါဘူး။ လာမယ့် ဇွန်လ ၂၄ ရက်နေ့မှာ သူတို့ရဲ့ Windows သစ်အတွက် Event ရက် သတ်မှတ်ထားတာပါ။ အဲဒီ Event မှာပဲ Windows 11 release လုပ်ပေးမဲ့ရက်ကို ထုတ်ပြန်ကြေညာမယ်လို့ ယုံကြည်ရပါတယ်။

လက်ရှိအချိန်မှာ Windows သစ်ကို တရားဝင်မဖြန့်ချိသေးပေမယ့် Windows 11 32/64 bit ISO file ကိုတော့ Download ဆွဲပြီးစမ်းသပ်သုံးစွဲလို့ရနေပြီ ဖြစ်ပါတယ်။ ယိုစိမ့်ထွက်ပေါ်လာတဲ့ ISO File ဟာ 4.54 GB အရွယ်အစားဖြစ်ပါတယ်။ ဒါပေမယ့် ဒီ ယိုစိမ့်ဗားရှင်းမှာ Features တွေအစုံအလင်မပါဝင်သေးကြောင်းလည်း သိရပါတယ်။ ဒါကြောင့် အမှန်တကယ် Release လုပ်ချိန်မှာ Actual file ဟာ 4.5 ကနေ 6 GB အတွင်း ရှိနိုင်တယ်လို့ ခန့်မှန်းရပါတယ်။

Windows 11 ကို အခမဲ့ ရယူနိုင်လားလို့မေးရင်တော့ ရနိုင်တယ်လို့ပဲ ဖြေရမှာဖြစ်ပါတယ်။ အခုအချိန်အထိ တွေ့ရသလောက်တော့ Microsoft ဟာ Windows 7, 8 နဲ့ 8.1 တွေကို Windows 10 ဆီ အခမဲ့ မြှင့်တင်ခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် Digital ဒါမှမဟုတ် OEM license ရှိပြီးသားဆိုရင်တော့ Activation key အသစ် ဝယ်စရာမလိုဘဲ Windows 11 ကိုအခမဲ့ မြှင့်တင်နိုင်မယ်လို့ ယုံကြည်ရပါတယ်။

Windows 11 System Requirements

1.2 GHz single-core processor (32-bit)

1.4 GHz single-core processor (64-bit)

2GB RAM or more

1024 x 768 screen resolution

15GB of hard disk space.

Recommended Configuration

2.0 GHz dual-core processor or faster

4 GB RAM or more

1680 x 1050 screen resolution or higher

18 GB of hard disk space

Windows 11 ISO file ကို ဒီနေရာမှာ ရယူနိုင်ပါတယ်။

Ref: mpnrc