Windows 11 ကို Microsoft ကနေ တရားဝင်မိတ်ဆက်ပေးလိုက်ပြီဖြစ်ပြီး အစောဆုံးအနေနဲ့ ယခုနှစ်ကုန်ပိုင်းမှာ မိတ်ဆက်လာမယ့် Laptop တွေမှာ ပါဝင်လာမှာဖြစ်ပါတယ်။ သီးသန့် Upgrade ပြုလုပ်ချင်တဲ့သူတွေအတွက်ကတော့ လာမယ့် နှစ်အစောပိုင်းမှပဲ ရရှိလာမှာပါ။

Windows 11 ဟာ Android App တွေကို အသုံးပြုနိုင်မှာဖြစ်တဲ့အပြင် တခြားသော Design ပိုင်းတွေ၊ Visual ပိုင်းတွေမှာလည်း သိသိသာသာကို ပြောင်းလဲထားတာဖြစ်ပါတယ်။ အခုလိုမျိုး ပြောင်းလဲမှုအများအပြားရှိလာသလို လုံခြုံရေးပိုင်းကိုလည်း တိုးမြှင့်ခဲ့တဲ့အတွက် Intel 8th Generation နဲ့ အထက် Processor ပါဝင်တဲ့ ကွန်ပျူတာတွေပဲ အသုံးပြုနိုင်မယ်လို့ သိရပါတဘ်။

အခုလည်း Microsoft ကနေ နောက်ပိုင်းမှာ Windows 11 ကို အသုံးပြုမယ်ဆိုရင် ကန့်သတ်ချက်တစ်ခုကို ထပ်မံထုတ်ပြန်လိုက်ပါတယ်။ ဒါကတော့ Laptop တွေမှာပါဝင်တဲ့ Web Cam တွေဟာ အနည်းဆုံး HD Quality ရှိဖို့ လိုအပ်တာပဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် Windows 11 မှာပါဝင်လာတဲ့ Auto-Exposure ၊ Auto-White Balancing နဲ့ Windows Hello Face Unlock Feature တွေကြောင့်ဖြစ်တယ်လို့ ယူဆရပါတယ်။

တစ်ခုထူးခြားတာကတော့ အဆိုပါ ကန့်သတ်ချက်ဟာ ၂၀၂၃ ခုနှစ်မှ စတင်ပြီးသက်ရောက်မှာဖြစ်တဲ့အတွက် လာမယ့် ၂၀၂၂ မှာ ထုတ်လုပ်မယ့် Laptop တွေဟာ Web Cam မပါရင်တောင် Windows 11 ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဘာပဲဖြစဖြစ် လောလောဆယ်မှာ ASUS ROG Gaming Laptop အပါအဝင် တချို့ Laptop တွေဟာ Screen-to-Body Ratio ကောင်းမွန်ဖို့အတွက် Webcam တွေကို ထည့်သွင်းထားခြင်းမရှိတာက မကြာခင်မှာ ပြန်လည်ပါဝင်လာတော့မယ်လို့ ယူဆရပါတယ်။

Ref – Android Authority