[Zawgyi]

Microsoft ဟာ Windows ဖုန္းေတြရဲ႕ ေနဝင္ခ်ိန္ကို တရားဝင္ သတ္မွတ္ေပးလိုက္ၿပီျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ရက္တုန္းက Microsoft Support Page မွာ Windows 10 မိုဘိုင္းလ္ေတြကို ေထာက္ပံ့မႈ ၿပီးဆုံးသြားၿပီျဖစ္ေၾကာင္း တရားဝင္ လႊင့္တင္ခဲ့ပါတယ္။ ဒီအတြက္ Windows ဖုန္းေတြနဲ႔ ပတ္သက္ရင္ ေမးခြန္းအခ်ိဳ႕ကိုပဲ ထပ္မံေျဖၾကားေတာ့မွာ ျဖစ္တယ္လို႔လည္း သိရပါတယ္။

Windows 10 မိုလ္ဘိုင္းကို အသုံးျပဳေနသူေတြ ဘာလုပ္သင့္လဲဆိုတဲ့ ေမးခြန္းေအာက္မွာေတာ့ Microsoft ဟာ Windows ဖုန္းအသုံးျပဳသူေတြအေနနဲ႔ Android ဒါမွမဟုတ္ iOS ဖုန္းေတြကို ေျပာင္းလဲအသုံးျပဳဖို႔ ရည္ၫႊန္းေပးထားတာကိုလည္း ေတြ႕ျမင္ရပါတယ္။ ဒါ့အျပင္ Windows ဖုန္းေတြအတြက္ ေနာက္ဆုံးရက္ကိုလည္း ေၾကညာသြားခဲ့ပါတယ္။

Microsoft ရဲ႕ ေၾကညာခ်က္အရ ယခုႏွစ္ ဒီဇင္ဘာလ ၁၀ ရက္ေန႔ကစၿပီး လုံၿခဳံေရးဆိုင္ရာ ေထာက္ပံ့မႈေတြကို ရပ္တန႔္လိုက္ေတာ့မွာ ျဖစ္ပါတယ္။ Third party Apps အခ်ိဳ႕ကေတာ့ Windows Apps ေတြကို ဆက္ၿပီး ေထာက္ပံ့ေပးေနႏိုင္ေပမယ့္ Microsoft ကေတာ့ ဒီပလက္ေဖာင္းအတြက္ လုံးဝကို ေထာက္ပံ့ေပးေတာ့မွာ မဟုတ္ဘူးလို႔လည္း သိရပါတယ္။

Windows 10 Mobile Version 1709 ကေတာ့ ဒီဇင္ဘာ ၁၀ ရက္ေန႔ထိ Security support patches ေထာက္ပံ့မႈကို ရရွိဦးမွာ ျဖစ္ေပမယ့္ Version 1703 ေတြျဖစ္တဲ့ Lumia 640 နဲ႔ 640 XL တို႔ကေတာ့ ဇူလိုင္လ ၁၁ ရက္ေန႔ထိပဲ ေထာက္ပံ့မႈကို ရေတာ့မွာ ျဖစ္ပါတယ္။ ဒါေၾကာင့္မို႔ အခုအခ်ိန္ထိ Windows ဖုန္းအသုံးျပဳေနေသးရင္ေတာ့ ေနာက္ဆုံးရက္မတိုင္မီမွာ Manually backup ျပဳလုပ္ထားသင့္ေၾကာင္း Microsoft က အႀကံေပးခဲ့ပါတယ္။

Ref: GSMArena

[Unicode]

Windows ဖုန်းတွေ ခေတ်ကုန်သွားပြီမို့ iOS ဒါမှမဟုတ် Android ပြောင်းသုံးဖို့ ပြောလိုက်တဲ့ Microsoft

Microsoft ဟာ Windows ဖုန်းတွေရဲ့ နေဝင်ချိန်ကို တရားဝင် သတ်မှတ်ပေးလိုက်ပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်တုန်းက Microsoft Support Page မှာ Windows 10 မိုဘိုင်းလ်တွေကို ထောက်ပံ့မှု ပြီးဆုံးသွားပြီဖြစ်ကြောင်း တရားဝင် လွှင့်တင်ခဲ့ပါတယ်။ ဒီအတွက် Windows ဖုန်းတွေနဲ့ ပတ်သက်ရင် မေးခွန်းအချို့ကိုပဲ ထပ်မံဖြေကြားတော့မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

Windows 10 မိုလ်ဘိုင်းကို အသုံးပြုနေသူတွေ ဘာလုပ်သင့်လဲဆိုတဲ့ မေးခွန်းအောက်မှာတော့ Microsoft ဟာ Windows ဖုန်းအသုံးပြုသူတွေအနေနဲ့ Android ဒါမှမဟုတ် iOS ဖုန်းတွေကို ပြောင်းလဲအသုံးပြုဖို့ ရည်ညွှန်းပေးထားတာကိုလည်း တွေ့မြင်ရပါတယ်။ ဒါ့အပြင် Windows ဖုန်းတွေအတွက် နောက်ဆုံးရက်ကိုလည်း ကြေညာသွားခဲ့ပါတယ်။

Microsoft ရဲ့ ကြေညာချက်အရ ယခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့ကစပြီး လုံခြုံရေးဆိုင်ရာ ထောက်ပံ့မှုတွေကို ရပ်တန့်လိုက်တော့မှာ ဖြစ်ပါတယ်။ Third party Apps အချို့ကတော့ Windows Apps တွေကို ဆက်ပြီး ထောက်ပံ့ပေးနေနိုင်ပေမယ့် Microsoft ကတော့ ဒီပလက်ဖောင်းအတွက် လုံးဝကို ထောက်ပံ့ပေးတော့မှာ မဟုတ်ဘူးလို့လည်း သိရပါတယ်။

Windows 10 Mobile Version 1709 ကတော့ ဒီဇင်ဘာ ၁၀ ရက်နေ့ထိ Security support patches ထောက်ပံ့မှုကို ရရှိဦးမှာ ဖြစ်ပေမယ့် Version 1703 တွေဖြစ်တဲ့ Lumia 640 နဲ့ 640 XL တို့ကတော့ ဇူလိုင်လ ၁၁ ရက်နေ့ထိပဲ ထောက်ပံ့မှုကို ရတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ အခုအချိန်ထိ Windows ဖုန်းအသုံးပြုနေသေးရင်တော့ နောက်ဆုံးရက်မတိုင်မီမှာ Manually backup ပြုလုပ်ထားသင့်ကြောင်း Microsoft က အကြံပေးခဲ့ပါတယ်။

Ref: GSMArena