Zawgyi
Reddit, Microsoft နဲ့ တခြား နည်းပညာ Forums တော်တော်များများမှာလည်း အဆိုပါ ပြဿနာမျိုး ကြုံတွေ့နေရကြောင်း October Update ပြုလုပ်ထားတဲ့ User များက သူတို့ရဲ့ အတွေ့အကြုံတွေကို ပြန်လည်မျှဝေပေးထားပါတယ်။ တချို့ User တွေကတော့ အဆိုပါ ပြဿနာမျိုးကို ဖြေရှင်းလို့ရတယ့် နည်းလမ်း ရှာဖွေတွေ့ရှိထားပေမယ့်၊ ပြဿနာဟာ ဘာကြောင့်ဖြစ်တယ်ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။
Ref: The Verge
Unicode
Windows 10 နောက်ဆုံး Update မှာ ဖိုင်တွေ အလိုအလျောက်ပျက်သွားတဲ့ ပြဿနာ ဖြစ်ပေါ်နေ
Microsoft အနေနဲ့ Windows 10 October 2018 Update ကို မကြာသေးခင်က ထုတ်ပေးခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ Update ကို Install ပြုလုပ်သူတွေထဲက တချိူ့ User တွေမှာ Documents ဖိုင်တွေ၊ ဓာတ်ပုံတွေနဲ့ User Profiles တွေ အလိုအလျောက်ပျက်သွားတဲ့ ပြဿနာကို ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
Reddit, Microsoft နဲ့ တခြား နည်းပညာ Forums တော်တော်များများမှာလည်း အဆိုပါ ပြဿနာမျိူး ကြုံတွေ့နေရကြောင်း October Update ပြုလုပ်ထားတဲ့ User များက သူတို့ရဲ့ အတွေ့အကြုံတွေကို ပြန်လည်မျှဝေပေးထားပါတယ်။ တချိူ့ User တွေကတော့ အဆိုပါ ပြဿနာမျိူးကို ဖြေရှင်းလို့ရတယ့် နည်းလမ်း ရှာဖွေတွေ့ရှိထားပေမယ့်၊ ပြဿနာဟာ ဘာကြောင့်ဖြစ်တယ်ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။
Windows 10 October 2018 Update ဟာ Automatic Update အမျိူးအစား မဟုတ်သေးတဲ့အတွက် အခုလိုမျိူး ပြဿနာကို Manual Update ပြုလုပ်ထားတဲ့ User တစ်ချိူ့မှာသာ ကြုံတွေ့ရမှာ ဖြစ်ပါတယ်။ အဆိုပါ ပြဿနာနဲ့ ပတ်သတ်ပြီး Microsoft ဘက်က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေတယ်လို့ သိရပါတယ်။ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးတဲ့အခါမှာ ပြဿနာကို ဖြေရှင်းနိုင်တဲ့ အကောင်းဆုံးနည်းလမ်း ပေါ်ထွက်လာနိုင်တာကြောင့် လောလောဆယ်မှာတော့ Windows 10 October 2018 ကို Update မလုပ်တာ အကောင်းဆုံးပါပဲ။ “ဟင့်အင်း…ရဘူး တို့ကတော့ Update လုပ်ကို လုပ်ရမှ ကျေနပ်မှာ” ဆိုသူတွေ အတွက်ကတော့ ရှိသမျှ Data တွေကို Back Up လုပ်ထားပါလို့ အကြံပေးပါရစေ။
Ref: The Verge