ဥရောပ အခြေစိုက် Counter-Strike အသင်းတွေဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးအသင်းတွေ ဖြစ်ပေမယ့် အခုချိန်မှာ သူတို့ထက် ပိုပြီး အာရုံစိုက်ခံရတာကတော့ ပိုလန်နိုင်ငံမှာ ကျင်းပသွားတဲ့ လိုကယ် CS:GO ပြိုင်ပွဲလေးပါပဲ။ အဲဒီပြိုင်ပွဲမှာ ဆုအဖြစ် စားစရာတွေကို ဆုချီးမြှင့်ခဲ့တာဖြစ်ပြီး ဒေါ်လာ ၁၀၀၀ ကျော်နဲ့ ညီမျှတဲ့ ဝက်အူချောင်းတွေကို ဆုအနေနဲ့ ပေးအပ်ခဲ့တယ်လို့ ပိုလန် CSGO ကစားသမား “Luz” က ဖော်ထုတ်ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၆ နှစ်ရှိပြီဖြစ်တဲ့ ပိုလန်သား ပရိုကစားသမားဟာ “Tarczynski ChampionChips” အမည်ရ ပြည်တွင်း CSGO ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တဲ့အတွက် ပိုလန်ငွေကြေး ၅၀၀၀ (ဒေါ်လာ ၁၃၃၆ / ကျပ်ငွေ ၁၈ သိန်းကျော်) တန်ကြေးရှိတဲ့ “Kabanos Sausages” ဝက်အူချောင်းတွေကို လက်ခံရရှိခဲ့တာပါ။ ဒီဆုကို လက်ခံရရှိဖို့အတွက် ပိုလန်နိုင်ငံ တစ်ဝက်စာလောက် ခရီးသွားပြီး သွားယူခဲ့ရသေးတယ်လို့ “Luz” က သူ့အတွေ့အကြုံကို ပြန်လည်ဖောက်သည်ချခဲ့ပါတယ်။

ပိုလန်နိင်ငံသား နာမည်ကျော် CSGO ပရိုကစားသမားဖြစ်တဲ့ “pashaBiceps” က ဒီပိုစ့်ကို တုန့်ပြန်ခဲ့ပြီး Luz ရရှိခဲ့တဲ့ စားစရာတွေသာ သူ့ရဲ့ Diet နဲ့ကိုက်ရင် ဝယ်ဖို့ အသင့်ပါပဲလို့ ရေးသားခဲ့ပါတယ်။

နောက်ထပ် တုန့်ပြန်ခဲ့တဲ့ နာမည်ကျော် ကစားသမား တစ်ဦးကတော့ လက်ရှိ MAD Lions မှာ ကစားနေတဲ့ “innocent” ဖြစ်ပြီး အရင်က ပိုလန်ပြည်တွင်း ကောင်တာပြိုင်ပွဲတွေဟာ ပိုလန်ငွေ ၃၀၀ (ဒေါ်လာ ၈၀) ခန့်သာ ဆုချီးမြှင့်လေ့ရှိပြီး အခု ပိုလန်ငွေ ၅၀၀၀ (ဒေါ်လာ ၁၃၃၆) ထိ ပေးအပ်လာတာ ကြီးမားတဲ့ တိုးတက်မှုပဲလို့ မှတ်ချက်ချခဲ့ပါတယ်။

Tarczynski လုပ်ငန်းအနေနဲ့ သူတို့ရဲ့ ထုတ်ကုန်ကို ဆုကြေးအဖြစ် အသုံးချပြီး တစ်ကမ္ဘာလုံးက Esports ပရိသတ် တွေရဲ့ အာရုံစိုက်မှုကို ရယူခဲ့တာ တော်တော်လေး အံ့ဩစရာ ကောင်းတဲ့ အရာပါပဲ။

Ref – AFKGaming