[Zawgyi]

စမတ္ဖုန္းေတြ အားသြင္းေနစဥ္မွာ အပူလြန္ကဲၿပီး မီးေလာင္တဲ့ ျဖစ္ရပ္ေတြ အရင္က ၾကားခဲ့ဖူးပါတယ္။ ဒါေပမယ့္ အခု ျဖစ္ရပ္က ထူးျခားပါတယ္။ အသက္ ၁၉ ႏွစ္အရြယ္ အမ်ိဳးသမီးငယ္တစ္ဦးဟာ သူမရဲ႕ iPhone ကို အားသြင္းထားတာ မဟုတ္ဘဲ အားသြင္းႀကိဳးေၾကာင့္ လည္ပင္းမွာ အပူေလာင္သြားခဲ့ပါတယ္။

ျဖစ္ပံုက ဒီလိုပါ။ သူမဟာ အိပ္ယာေပၚမွာ လွဲေနခဲ့ပါတယ္။ အားသြင္းႀကိဳးကို ပလက္ေပါက္မွာ ထိုးထားေပမယ့္ iPhone ကို အားသြင္းထားတာ မဟုတ္ပါဘူး။ အားသြင္းႀကိဳးရဲ႕ အစြန္းတစ္ဖက္ဟာ သူမရဲ႕ ေခါင္းအံုးေအာက္မွာ ရွိေနပါတယ္။ အားသြင္းႀကိဳး အစြန္းတစ္ဖက္ဟာ သူမ လည္ပင္းက ဆြဲႀကိဳးနဲ႔ ထိမိၿပီး ဓါတ္လိုက္သြားတာ ျဖစ္ပါတယ္။

သူမဟာ ပူေလာင္တဲ့ ေ၀ဒနာကို ခံစားလိုက္ရတဲ့ အခ်ိန္မွာ ေၾကာက္သြားခဲ့ပါတယ္။ အဲဒီေနာက္မွာ ေဆးရံုကို ခ်က္ခ်င္းသြားခဲ့ပါတယ္။ ဆရာ၀န္ေတြက အားသြင္းႀကိဳး အစြန္းဟာ သူမ လည္ပင္းမွာ ၀တ္ထားတဲ့ ဆြဲႀကိဳးနဲ႔ ထိသြားတဲ့အတြက္ လွ်ပ္စစ္ ကူးသြားတာလို႔ သံုးသပ္ထားပါတယ္။ ဒုတိယ အဆင့္ အပူေလာင္မႈလို႔ ဆရာ၀န္ေတြက ေျပာပါတယ္။

ဆရာ၀န္ေတြက သူမရဲ႕ ေသြးေၾကာေတြကို ထိခိုက္သြားသလားဆိုတာ သိခ်င္လို႔ X-ray ရိုက္ခဲ့ပါတယ္။ သူမရဲ႕ ေသြးေၾကာေတြ၊ တစ္သွ်ဴးေတြေတာ့ ထိခုိက္မႈ မရွိခဲ့ပါဘူး။ သူမဟာ အပူေလာင္တာကို အထူးကုသတဲ့ ဆရာ၀န္ကိုလည္း ျပသခဲ့ပါတယ္။ ဆရာ၀န္က သူမရဲ႕ ဆြဲႀကိဳးကို ျဖဳတ္ေပးခဲ့ပါတယ္။ သူမ နာက်င္တာ သက္သာေစဖို႔ ေမာ္ဖင္းေပးၿပီး အိမ္ျပန္လႊတ္ခဲ့ပါတယ္။ သူမဟာ Apple က ထုတ္တာ မဟုတ္တဲ့ အားသြင္းႀကိဳးကို အသံုးျပဳခဲ့တာပါ။ ကြ်မ္းက်င္သူေတြက Apple က ထုတ္တဲ့ အားသြင္းႀကိဳး အစစ္ေတြကိုသာ အသံုးျပဳဖို႔ အၾကံေပးထားပါတယ္။ တျခား ကုမၸဏီေတြက ထုတ္တဲ့ အားသြင္းႀကိဳးေတြဟာ စိတ္မခ်ရဘူးလို႔ သတိေပးထားပါတယ္။

Ref : dailymail

[Unicode]

iPhone အားသွင်းကြိုးကြောင့် အမျိုးသမီးငယ်တစ်ဦး လည်ပင်းမှာ အပူလောင်သွားခဲ့

စမတ်ဖုန်းတွေ အားသွင်းနေစဉ်မှာ အပူလွန်ကဲပြီး မီးလောင်တဲ့ ဖြစ်ရပ်တွေ အရင်က ကြားခဲ့ဖူးပါတယ်။ ဒါပေမယ့် အခု ဖြစ်ရပ်က ထူးခြားပါတယ်။ အသက် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးဟာ သူမရဲ့ iPhone ကို အားသွင်းထားတာ မဟုတ်ဘဲ အားသွင်းကြိုးကြောင့် လည်ပင်းမှာ အပူလောင်သွားခဲ့ပါတယ်။

ဖြစ်ပုံက ဒီလိုပါ။ သူမဟာ အိပ်ယာပေါ်မှာ လှဲနေခဲ့ပါတယ်။ အားသွင်းကြိုးကို ပလက်ပေါက်မှာ ထိုးထားပေမယ့် iPhone ကို အားသွင်းထားတာ မဟုတ်ပါဘူး။ အားသွင်းကြိုးရဲ့ အစွန်းတစ်ဖက်ဟာ သူမရဲ့ ခေါင်းအုံးအောက်မှာ ရှိနေပါတယ်။ အားသွင်းကြိုး အစွန်းတစ်ဖက်ဟာ သူမ လည်ပင်းက ဆွဲကြိုးနဲ့ ထိမိပြီး ဓါတ်လိုက်သွားတာ ဖြစ်ပါတယ်။

သူမဟာ ပူလောင်တဲ့ ဝေဒနာကို ခံစားလိုက်ရတဲ့ အချိန်မှာ ကြောက်သွားခဲ့ပါတယ်။ အဲဒီနောက်မှာ ဆေးရုံကို ချက်ချင်းသွားခဲ့ပါတယ်။ ဆရာဝန်တွေက အားသွင်းကြိုး အစွန်းဟာ သူမ လည်ပင်းမှာ ဝတ်ထားတဲ့ ဆွဲကြိုးနဲ့ ထိသွားတဲ့အတွက် လျှပ်စစ် ကူးသွားတာလို့ သုံးသပ်ထားပါတယ်။ ဒုတိယ အဆင့် အပူလောင်မှုလို့ ဆရာဝန်တွေက ပြောပါတယ်။
ဆရာဝန်တွေက သူမရဲ့ သွေးကြောတွေကို ထိခိုက်သွားသလားဆိုတာ သိချင်လို့ X-ray ရိုက်ခဲ့ပါတယ်။ သူမရဲ့ သွေးကြောတွေ၊ တစ်သျှူးတွေတော့ ထိခိုက်မှု မရှိခဲ့ပါဘူး။ သူမဟာ အပူလောင်တာကို အထူးကုသတဲ့ ဆရာဝန်ကိုလည်း ပြသခဲ့ပါတယ်။ ဆရာဝန်က သူမရဲ့ ဆွဲကြိုးကို ဖြုတ်ပေးခဲ့ပါတယ်။ သူမ နာကျင်တာ သက်သာစေဖို့ မော်ဖင်းပေးပြီး အိမ်ပြန်လွှတ်ခဲ့ပါတယ်။ သူမဟာ Apple က ထုတ်တာ မဟုတ်တဲ့ အားသွင်းကြိုးကို အသုံးပြုခဲ့တာပါ။ ကျွမ်းကျင်သူတွေက Apple က ထုတ်တဲ့ အားသွင်းကြိုး အစစ်တွေကိုသာ အသုံးပြုဖို့ အကြံပေးထားပါတယ်။ တခြား ကုမ္ပဏီတွေက ထုတ်တဲ့ အားသွင်းကြိုးတွေဟာ စိတ်မချရဘူးလို့ သတိပေးထားပါတယ်။
Ref : dailymail