ယခုအခါမှာတော့ အူရီဒူးမှနေ၍  ကမ္ဘာကျော်ဘောလုံးအကျော်အမော် Leo Messi နှင့် နာမည်ကျော် မြန်မာ့ရုပ်ရှင်သရုပ်ဆောင် ဇဏ်ခီတို့နှင့်အတူ ပူပေါင်းကာ ဒီဂျစ်တယ်ကမ္ဘာသို့ ၀င်ရောက်ကြည့်ရှုလိုက်သောအခါတွင် ကြည့်ရှုသူများအတွက် ပျော်ရွှင်ခံစားမှုများစွာကို ရရှိမည့် လှုပ်ရှားသက်ဝင်သည့် အစီအစဉ်သစ်ကို မိတ်ဆက်ပေးလိုက်ပါပြီ။ စဉ်ဆက်မပြတ် မိမိပတ်ဝန်းကျင်တွင် ကြည့်ရှူနိုင်သည့် ဗွီဒီယိုဇာတ်လမ်းများစွာကို ကြည့်ရှူသူများစွာအတွက် Leo Messi ၏ ဟန်ပန်မျိုးစုံနှင့်အတူ ဆိုရှယ်မီဒီယာများတွင် အရှိန်အ၀ါသက်ရောက်သူများ၏ ရေပန်းစားသော ပုံစံမျိုးစုံကို အနှောင့်အယှက်မရှိ Share နိုင်တော့မှာပါ။

ကမ္ဘာ့ဘောလုံးလောကရဲ့ အဖိုးတန် ကြယ်ပွင့်တစ်ပွင့်ဖြစ်သည့် Leo Messi ကို အူရီဒူး၏ ကမ္ဘာတ၀ှမ်းနှင့် သက်ဆိုင်သော အမှတ်တံဆိပ် သံတမန်တစ်ဦးအဖြစ်နှင့်အတူ မြန်မာနိုင်ငံအတွက် ဆိုရှယ်မီဒီယာမှာ ထင်ရှားကျော်ကြားသည့် နာမည်ကျော်မြန်မာ့ရုပ်ရှင်သရုပ်ဆောင် ဇဏ်ခီနှင့်အတူ “ပျော်ရွှင်ခံစား အင်တာနက်စွမ်းအား”  ဟုအမည်ရသည့် အစီအစဉ်သစ်တစ်ခုကို ပေါင်းစပ်ကာ မိတ်ဆက်ပေးလိုက်ပါပြီ။ အံ့အားသင့်စေမည့် ဇာတ်လမ်းပုံစံအစုံအလင်ကို စိတ်တိုင်းကျ Share နိုင်မည်ဖြစ်သလို ပရိသတ်တွေအနေနဲ့လည်း ပျော်ရွှင်မှုမျိုးစုံ၊ ရေပန်းစားမှုမျိုးစုံကို အွန်လိုင်းတွင် လွတ်လွတ်လပ်လပ် ထုတ်ဖော်နိုင်သွားမှာဖြစ်ပါတယ်။

နိုင်ငံတကာအထူးအစီအစဉ်ကို https://youtu.be/9VwlQBrBKYo တွင် ကြည့်ရှုနိုင်မည် ဖြစ်သလို သက်ဆိုင်ရာနိုင်ငံအလိုက် တီဗွီကြော်ငြာများ၊ ဒီဂျစ်တယ်ပို့စ်များ နှင့် ဆိုင်းဘုတ်တွေကိုတော့ အူရီဒူးရုံးခန်းများ တည်ရှိရာဒေသများအနှံ့တွင် တွေ့ရှိရမှာဖြစ်ပါတယ်။ နိုင်ငံတကာရုပ်သံများ နှင့် ဒီဂျစ်တယ် ချန်နယ်လ်များတွင်တော့ ယခု ဇွန်လမှစတင်ကာ သြဂုတ်လအထိ တွေ့မြင်ရမှာပါ။

အူရီဒူးမြန်မာ ၏ Chief Executive Officer ဖြစ်သူ Mr. Vikram Sinha က “သက်ဆိုင်ရာဒေသအလိုက် နိုင်ငံတကာအဆင့်မီ ကွန်ရက်ကနေ ပြည်သူလူထုကို ဒီဂျစ်တယ် ကမ္ဘာနဲ့ချိတ်ဆက်နိုင်ဖို့ အွန်လိုင်းကနေတဆင့် ပျော်ရွှင်ခြင်းတွေကို ခံစားရရှိဖို့ အကျိုးပြုနေပုံနဲ့အတူ အခုလို ထူးခြားတဲ့ အစီအစဉ်တစ်ခုကို မြန်မာနိုင်ငံက ပြည်သူများအတွက် Messiကို ဇက်ခီနဲ့ အတူ အူရီဒူးမိသားစုကနေ ပူးပေါင်းဆောင်ရွက်ခွင့်ရတဲ့အတွက် တကယ်ကို ၀မ်းမြောက်ရပါတယ်။ Messi ရဲ့ တက်ကြွနေတဲ့ပုံစံမျိုးစုံတွေကို ဇဏ်ခီရဲ့ ထူးခြားတဲ့ပုံစံနဲ့အတူ ပူးပေါင်းပါဝင် ကူညီထားတာဖြစ်လို့ လူတိုင်း နှစ်သက်စွာနဲ့ Share လုပ်နိုင်တဲ့ ဒီဂျစ်တယ် ပို့စ်မျိုးစုံကို ပြုလုပ်ပေးထားတဲ့အတွက်ကြောင့် ကျွန်တော်တို့ရဲ့ကွန်ရက်ကို အားဖြည့်ပေးလိုက်ပြီဖြစ်ပါတယ်။ Messi နဲ့ ဇဏ်ခီတို့နဲ့ အတူ ထူးခြားတဲ့ ပူးပေါင်းဆောင်ရွက်မှုအတွက် ၀မ်းမြောက်ဂုဏ်ယူရတဲ့အပြင် ကျွန်တော်တို့ရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကို စဉ်ဆက်မပြတ်ပံ့ပိုးကူညီတဲ့အတွက် သူ့ကို အထူးကျေးဇူးတင်ရှိပါတယ်။” ဟု ထူးခြားလှတဲ့အစီအစဉ်သစ်အကြောင်းကို ပြောကြားခဲ့ပါတယ်။

အူရီဒူး၏ Global Brand Ambassador ဖြစ်သူ Leo Messi ကလည်း “ အူရီဒူးနဲ့အတူ ကြီးကျယ်လှတဲ့ အစီအစဉ်တစ်ခု ပြုလုပ်ခွင့်ရပြီး ဒီဂျစ်တယ်ကမ္ဘာမှာ ပျော်ရွှင်စရာတွေအများကြီး ရနိုင်တယ်ဆိုတာကို ပြသလိုက်တာပါ။ အူရီဒူးက သင့်အတွက် ပျော်ရွှင်မှုတွေကို လက်တစ်ချက်ထိရုံနဲ့ ရရှိဖို့ ဖန်တီးပေးလိုက်ပါပြီ။ ဒါကြောင့် များစွာသော လူထုနဲ့ ချိတ်ဆက်နိုင်ပြီး အွန်လိုင်းကနေ ပျော်ရွှင်ဖွယ်ရာတွေနဲ့ သူတို့ရဲ့အတွေ့အကြုံတွေကို ကျယ်ကျယ်ပြန့်ပြန့် မျှဝေနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။” ဟု ပြောကြားပေးခဲ့ပါတယ်။

အဆိုပါ Messi နှင့် အူရီဒူး၏ မြန်မာအတွက် မြန်မာ့ပရိသတ်အကြိုက် ဇဏ်ခီ ပါဝင်ထားတဲ့ အထူးအစီအစဉ်ဟာ အူရီဒူး၏ ကွန်ရက်ကို အသုံးပြုနေသူများအတွက် နှစ်သက်ဖွယ်ရာ အွန်လိုင်းအစီအစဉ်တစ်ခုဖြစ်လာမှာအသေအချာပါ။ ဤထူးခြားသည့် အစီအစဉ်မှတဆင့် သီးသန့်တီဗွီကြော်ငြာများတွင် အူရီဒူး၏ သက်ဆိုင်ရာနိုင်ငံအလိုက်နှင့် ပရိသတ်နှင့် ကိုက်ညီသည့် အစီအစဉ်မြောက်များစွာကို တင်ဆက်နိုင်ဖို့ ပြုလုပ်ထားပါတယ်။

ယခုအစီအစဉ်ဟာဆိုရင် ဒစ်ဂျစ်တယ်ကဏ္ဍမှ တောက်ပကောင်းမွန်သော အနာဂတ်ဆီသို့ ဆိုသည့်ကတိနှင့်အတူ အူရီဒူး၏ နိုင်ငံတကာ အဆင့်မြင့်ကွန်ရက်နှင့်ထူးခြားမှုများ၊ Share ပြုလုပ်ချင်စရာ ပို့စ်တွေကို ပြုလုပ်ပေးထားသည့်အတွက် ပြည်သူတွေအနေနဲ့ အင်တာနက်စွမ်းအားကို အပြည့်အ၀ခံစားရရှိနိုင်သည့် အူရီဒူးအမှတ်တံဆိပ်၏ အဓိက အခန်းကဏ္ဍကို မြှင့်တင်ပေးထားတာကို တွေ့ရပါတယ်။

Messi သည် အူရီဒူး၏ ကမ္ဘာ့တ၀ှမ်းနှင့် သက်ဆိုင်သော အမှတ်တံဆိပ် သံတမန် တစ်ဦးအဖြစ် ၂၀၁၃ နှစ်မှ စတင်ပြီး ကုမ္ပဏီ၏ ရည်မှန်းချက်ဖြစ်သည့် ကမ္ဘာတစ်ဝှမ်းမှ လူထုဘ၀ကို တောက်ပကောင်းမွန်စေရန် မြှင့်တင်ပေးဖို့အတွက် ဆောင်ရွက်ပေးခဲ့ပါတယ်။ Messi ဟာ ဘာစီလိုနာကလပ် (FC Barcelona) နှင့် အာဂျင်တီးနားနိုင်ငံ ကိုယ်စားပြု ဘောလုံးအသင်း (Argentina’s National Team) တို့၏ ထင်ရှားသော ဘောလုံးကစားသမားတစ်ဦးဖြစ်ပြီး နိုင်ငံတကာတွင် နာမည်ကြီး ဘောလုံးကစားသမား တစ်ယောက်လည်းဖြစ်ပါတယ်။ FIFA Ballons D’or (၅) ကြိမ် ရရှိထားပြီး အဆိုပါ ဆုကို ကမ္ဘာပေါ်တွင် လေးနှစ်ဆက်တိုက် ရရှိထားသူ တစ်ဦးဆိုလည်း မမှားပါဘူး။

အူရီဒူးမှ ပထမဦးဆုံး ကမ္ဘာတစ်ဝှမ်းတွင် တပြိုင်နက်ပြုလုပ်သည့် Simply Do Wonders အစီအစဉ်ကို ၂၀၁၄ ကမ္ဘာ့ဖလားတွင်  Messi နှင့် အတူစတင်မိတ်ဆက်လိုက်သဖြင့် ကမ္ဘာတစ်ဝှမ်းရှိ လူငယ်များ၏ ပြင်းပြတဲ့ ဆန္ဒကို ဖြည့်ဆည်းပေးလိုက်သလိုပါပဲ။ ဒုတိယမြောက်အစီအစဉ်အဖြစ် ဆုပေးအပ်သော အစီအစဉ်အဖြစ် Together We Do Wonders ကို ၂၀၁၆ခုနှစ်တွင် မိတ်ဆက်ပေးခဲ့ကာ နည်းပညာကို အသုံးပြုပြီး ရရှိနိုင်သော အကျိုးကျေးဇူးများကို ထူးခြားစွာ တင်ပြထားပါတယ်။ အူရီဒူး၏ ရည်မှန်းချက်အတိုင်း လူငယ်များကို တက်ကြွအောင် လှုံ့ဆော်ပေးသည့်အနေဖြင့် အူရီဒူး၏ ကမ္ဘာ့တ၀ှမ်းနှင့် သက်ဆိုင်သော အမှတ်တံဆိပ်သံတမန် တစ်ဦးဖြစ်သူ Messi သည် လူငယ်များစွာအား ဘောလုံးအားကစားကို မျှဝေသင်ကြားပေးလျက်ရှိနေပါတယ်။ ထို့အတူ မြန်မာ့နာမည်ကျော်ရုပ်ရှင်သရုပ်ဆောင်ဖြစ်သူ ဇဏ်ခီမှလည်း အူရီဒူးမြန်မာ၏ “ဖုန်းများများပြောလေ အူရီဒူးက များများလှူပေးလေ” ဆိုသည့် လူမှုအကျိုးပြုလုပ်ငန်းကို တက်ကြွစွာဖြင့် အားဖြည့်ပံ့ပိုးပေးထားပါတယ်။

အူရီဒူး မြန်မာ၏ အကြောင်း

အားလုံးအတွက် မြန်ဆန်သောအင်တာနက်နှင့် ကြည်လင်ပြတ်သားသောအသံတို့ကို ယူဆောင်လာပေးသည့် အူရီဒူးမြန်မာသည် လူနေမှုဘဝများ တိုးတက်ကောင်းမွန်စေမည်. ဝန်ဆောင်မှုများကို  ၂၀၁၄ သြဂုတ်လတွင်  စတင် ပေးအပ်ခဲ့ပါသည်။ ၂၀၁၃ ဇွန်လတွင် ဆက်သွယ်ရေးလိုင်စင်ရရှိပြီးနောက် တစ်နှစ်တာကာလအတွင်း Ooredoo သည် မြန်မာတို့၏နေ.စဉ်ဘဝများတွင် အရေးပါသော အစိတ်အပိုင်းတစ်ရပ်အဖြစ် ပါဝင်ခွင့်ရနိင်ရန် အခြေခံအုတ်မြစ် ချလုပ်ငန်းများကို ဆောင်ရွက်နေခဲ့ပါသည်။ အူရီဒူးမြန်မာ၏ဝန်ဆောင်မှုများသည် မျိုးဆက်သစ် 3G ကွန်ရက်ကို အသုံးပြုထားသဖြင့် မြန်မာတို့၏လူနေမှုဘဝများ တိုးတက်ကောင်းမွန်စေမည့်အပြင် စိတ်လှုပ်ရှားဖွယ်ရာများ ပြည့်နှက်နေသော သုံးစွဲရလွယ်ကူသည့်ဆက်သွယ်ရေးစနစ် ဖြစ်ပါသည်။ ထိုဝန်ဆောင်မှုများသည် မြန်မာတို.၏ တစ်ဦးချင်းစွမ်းရည်များ တိုးတက်ဖွံ့ဖြိုးလာရန်၊ စီးပွားရေးလုပ်ငန်းများ ကောင်းမွန်စွာလည်ပတ်နိုင်ရန်  များစွာ အထောက်အကူပေးပါမည်။