[Zawgyi]

ဒီရက္ပုိင္းမွာ စမတ္ဖုန္းေတြအတြက္ ဒီဇုိင္းအေျပာင္းအလဲ ႀကီးႀကီးမားမားတစ္ခုကို ျမင္ေတြ႕ရဖို႔ ေစာင့္ေမွ်ာ္ေနေပမယ့္ တကယ္တမ္း ထြက္ခ်လာတာက သတင္းထြက္ထားတဲ့ ထုတ္လုပ္သူမဟုတ္ဘဲ အျခား တစ္ေယာက္ျဖစ္ေနပါတယ္။ ရုတ္တရက္ဆုိသလုိ ေၾကျငာလာတဲ့ Meizu Zero ဖုန္းဟာ Physical Button ေတြ၊ စပီကာအေပါက္ သုိ႔မဟုတ္ USB Port ေတာင္ တစ္ခုမွမပါလာတဲ့ ကမာၻ႕ပထမဆုံးဖုန္း ျဖစ္သြားပါၿပီ။

ဖုန္းေတြရဲ႕ေဘးဘက္မွာ ပါေနၾက ပါဝါနဲ႔အသံတုိးခ်ဲ႕ခလုတ္ေတြအတြက္ Touch အာရုံခံႏုိင္တဲ့ Panel ေတြကို အသုံးျပဳလာလို႔လည္း အခုလို Button-less အေနနဲ႔ ထြက္လာႏုိင္တာ ျဖစ္ပါတယ္။ စပီကာအတြက္ေတာ့ Meizu ဟာ Display ရဲ႕ေအာက္မွာ Piezoelectric Transducer ကုိသုံးစြဲလာခဲ့ပါတယ္။

ဒါေပမယ့္ အားလုံးထဲမွာ USB Port ကိုဖယ္ရွားလုိက္ျခင္းက အခက္ခဲဆုံး ဆုံးျဖတ္ခ်က္ျဖစ္မွာပါ။ Meizu Zero ဖုန္းဟာ ႀကိဳးမဲ့အားသြင္းစနစ္ကိုပဲ အလုံးစံုမွီခုိရမယ့္ ဖုန္းျဖစ္လာၿပီး 18W Charging စနစ္ကို ဖန္တီးထားတာေၾကာင့္ အျမန္ဆုံးႀကိဳးမဲ့အားသြင္းႏုိင္တဲ့ ဖုန္းလည္း ျဖစ္လာမွာပါ။ ေဒတာအေျပာင္းအေရႊ႕ကိုေတာ့ ဝုိင္ဖုိင္နဲ႔ မုိဘုိင္းနက္ဝပ္ခ်ိတ္ဆက္မႈေတြကပဲ လုပ္ႏုိင္မွာ ျဖစ္ပါတယ္။ ဒါ့အျပင္ SIM Slot လည္း မပါလာဘဲ အုိင္ဖုန္းအသစ္ေတြလို eSIM ကိုအသုံးျပဳရမွာပါ။

Meizu Zero မွာ 5.99” လက္မအရြယ္ AMOLED Screen ပါဝင္ၿပီး Display ထဲမွာပဲ Fingerprint ထည့္သြင္းထားတယ္။ ဆယ္ဖီကင္မရာက 20MP စြမ္းအားျမင့္ကင္မရာျဖစ္ၿပီး ေနာက္ဘက္မွာ 12MP + 20MP Dual ကင္မရာအစုံပါဝင္တယ္။

Meizu Zero ကိုေတာ့ Snapdragon 845 ခ်စ္ပ္ဆက္ကို အသုံးျပဳလာခဲ့ၿပီး မန္မုိရီပုိင္းနဲ႔ ဘကၳရီတုိ႔ကို မသိရေသးပါဘူး။ ဖုန္းအသစ္ဟာ အနက္နဲ႔အျဖဴေရာင္ ႏွစ္မ်ဳိးထြက္လာမွာျဖစ္ၿပီး ေစ်းႏႈန္းနဲ႔ ရရွိႏုိင္မယ့္ ရက္ကိုလည္း မသိရေသးပါဘူး။

Button-less စမတ္ဖုန္းေတြဟာ တကယ္ပဲ စိတ္ဝင္စားစရာျဖစ္ၿပီး ၂၀၁၈ ႏွစ္ကုန္မွာ ဒီလိုျဖစ္လာဖို႔ ေမွ်ာ္လင့္မထားမိဘဲ ၂၀၁၉ ႏွစ္စမွာ အလားတူဖုန္းတစ္လုံးကိုလည္း Vivo ကထုတ္လုပ္ဖို႔ ျပင္ဆင္ေနပါၿပီ။ Meizu က သူ႕ထက္တစ္ရက္ေစာၿပီး လက္ဦးမႈရယူကာ Meizu Zero ကို ထုတ္ျပလုိက္တာပဲ ျဖစ္ပါတယ္။

Ref – GSM Arena

[Unicode]

ဒီရက်ပိုင်းမှာ စမတ်ဖုန်းတွေအတွက် ဒီဇိုင်းအပြောင်းအလဲ ကြီးကြီးမားမားတစ်ခုကို မြင်တွေ့ရဖို့ စောင့်မျှော်နေပေမယ့် တကယ်တမ်း ထွက်ချလာတာက သတင်းထွက်ထားတဲ့ ထုတ်လုပ်သူမဟုတ်ဘဲ အခြား တစ်ယောက်ဖြစ်နေပါတယ်။ ရုတ်တရက်ဆိုသလို ကြေငြာလာတဲ့ Meizu Zero ဖုန်းဟာ Physical Button တွေ၊ စပီကာအပေါက် သို့မဟုတ် USB Port တောင် တစ်ခုမှမပါလာတဲ့ ကမ္ဘာ့ပထမဆုံးဖုန်း ဖြစ်သွားပါပြီ။

ဖုန်းတွေရဲ့ဘေးဘက်မှာ ပါနေကြ ပါဝါနဲ့အသံတိုးချဲ့ခလုတ်တွေအတွက် Touch အာရုံခံနိုင်တဲ့ Panel တွေကို အသုံးပြုလာလို့လည်း အခုလို Button-less အနေနဲ့ ထွက်လာနိုင်တာ ဖြစ်ပါတယ်။ စပီကာအတွက်တော့ Meizu ဟာ Display ရဲ့အောက်မှာ Piezoelectric Transducer ကိုသုံးစွဲလာခဲ့ပါတယ်။

ဒါပေမယ့် အားလုံးထဲမှာ USB Port ကိုဖယ်ရှားလိုက်ခြင်းက အခက်ခဲဆုံး ဆုံးဖြတ်ချက်ဖြစ်မှာပါ။ Meizu Zero ဖုန်းဟာ ကြိုးမဲ့အားသွင်းစနစ်ကိုပဲ အလုံးစုံမှီခိုရမယ့် ဖုန်းဖြစ်လာပြီး 18W Charging စနစ်ကို ဖန်တီးထားတာကြောင့် အမြန်ဆုံးကြိုးမဲ့အားသွင်းနိုင်တဲ့ ဖုန်းလည်း ဖြစ်လာမှာပါ။ ဒေတာအပြောင်းအရွှေ့ကိုတော့ ဝိုင်ဖိုင်နဲ့ မိုဘိုင်းနက်ဝပ်ချိတ်ဆက်မှုတွေကပဲ လုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် SIM Slot လည်း မပါလာဘဲ အိုင်ဖုန်းအသစ်တွေလို eSIM ကိုအသုံးပြုရမှာပါ။

Meizu Zero မှာ 5.99” လက်မအရွယ် AMOLED Screen ပါဝင်ပြီး Display ထဲမှာပဲ Fingerprint ထည့်သွင်းထားတယ်။ ဆယ်ဖီကင်မရာက 20MP စွမ်းအားမြင့်ကင်မရာဖြစ်ပြီး နောက်ဘက်မှာ 12MP + 20MP Dual ကင်မရာအစုံပါဝင်တယ်။

Meizu Zero ကိုတော့ Snapdragon 845 ချစ်ပ်ဆက်ကို အသုံးပြုလာခဲ့ပြီး မန်မိုရီပိုင်းနဲ့ ဘက္ထရီတို့ကို မသိရသေးပါဘူး။ ဖုန်းအသစ်ဟာ အနက်နဲ့အဖြူရောင် နှစ်မျိုးထွက်လာမှာဖြစ်ပြီး ဈေးနှုန်းနဲ့ ရရှိနိုင်မယ့် ရက်ကိုလည်း မသိရသေးပါဘူး။

Button-less စမတ်ဖုန်းတွေဟာ တကယ်ပဲ စိတ်ဝင်စားစရာဖြစ်ပြီး ၂၀၁၈ နှစ်ကုန်မှာ ဒီလိုဖြစ်လာဖို့ မျှော်လင့်မထားမိဘဲ ၂၀၁၉ နှစ်စမှာ အလားတူဖုန်းတစ်လုံးကိုလည်း Vivo ကထုတ်လုပ်ဖို့ ပြင်ဆင်နေပါပြီ။ Meizu က သူ့ထက်တစ်ရက်စောပြီး လက်ဦးမှုရယူကာ Meizu Zero ကို ထုတ်ပြလိုက်တာပဲ ဖြစ်ပါတယ်။

Ref – GSM Arena