Smartphone တွေနောက်မှာ လူသုံးများလာတဲ့ Smartwatch တွေကလည်း Function တွေ ပိုစုံလာပါပြီ။ Techfield ထဲမှာ အပြိုင်အဆိုင် ဖြစ်နေကြတဲ့ Brand တွေကတော့ အကျိတ်အနယ် ပြိုင်နေကြဆဲပါပဲ။

2017 ရဲ့ အကောင်းဆုံး Smartwatch တွေထဲမှာ ထိပ်တန်း နာရီ ငါးမျိုးကို ဖော်ပြပေးလိုက်ပါတယ်။

Apple Watch 2

ရေစိုလည်းခံ GPS လည်းပါတဲ့ Apple Watch 2 ကတော့ နံပါတ်တစ်စွဲသွားပါတယ်။ တခြား နာရီတွေထက် ကြာရှည်ခံပေမယ့် ဒီဇိုင်းကတော့ ထူးထူးခြားခြားပြောင်းလဲသွားတာမျိုးမရှိပါဘူး။

Samsung Gear S3

မူလ Apps တွေမပါတာကလွဲရင် S3 က ဈေးကွက်ထဲမှာ နာမည်အကြီးဆုံးနာရီဖြစ်ပါတယ်။ AMOLED Screen နဲ့ နောက်တစ်ကြိမ်အားမသွင်းခင်မှာ သုံးရက်တိတိအသုံးခံတဲ့ Battery ကြောင့် လူကြိုက်များနေပါတယ်။

LG Watch Style

အရမ်းလှ ဈေးချိုလို့ သူကလည်း လိမ်ဖယ်လိမ်ဖယ်နဲ့ ပြန်တက်လာပါတယ်။ battery ကတော့ 24h အထက်တော့ခံပါတယ်။

LG Watch Sport

Phone မလိုဘဲ ခေါ်ဆိုမှုတွေ လုပ်နိုင်ပါတယ်။ Size ကြီးပေမယ့် ပုံစံလေးကတော့ ချစ်စရာလေးပါ။ Battery သက်တမ်းကတော့ ကြာရှည်မခံပါဘူး။ ဖုန်းခေါ်လို့ရတယ်ဆိုပေမယ့်လည်း US မှာတော့ Sim Card လိုပါတယ်တဲ့။ သိပ်နောက်တဲ့ LG

ASUS ZenWatch 3

Screen လေးလည်းလှပြီး Battery လည်းကြာရှည်ခံပါတယ်။ GPS တော့မပါပါဘူး။
Heart Rate Sensor လည်းမပါလို့ Jogging သမားတွေအတွက် သိပ်သဘောကျစရာ မရှိဘူးလို့ဆိုနိုင်ပါတယ်။