ဂျာမနီက နာမည်ကြီး ကားထုတ်လုပ်သူ BMW က Consumer Electronics Show (CES) 2022 မှာ ကမ္ဘာ့ ပထမဆုံး အရောင်ပြောင်းတဲ့ ကားကို ပြသလိုက်ပါတယ်။ BMW iX Flow လို့ နာမည်ပေးထားပြီး Concept ကား အဆင့်ပဲ ရှိပါသေးတယ်။ E-reader တွေမှာ တွေ့ရတဲ့ အီလက်ထရောနစ် Ink နည်းပညာကို ကားမှာ အသုံးပြုထားပြီး ကားရဲ့ အပြင်ပိုင်းတွေဟာ အညိုနဲ့ အဖြူရောင်တွေကို Pattern မျိုးစုံနဲ့ ပြောင်းလဲနိုင်ပါတယ်။

BMW shows world's first color-changing car at CES

“ E Ink နည်းပညာကို သုံးထားတဲ့အတွက် စွမ်းအင် စားသုံးမှု နည်းပါးပါတယ်။ ဒါကြောင့်ပဲ အဲဒီ ဒြပ်ထုကို သုံထားတာဖြစ်ပြီး ထူထဲတဲ့ စက္ကူနဲ့ တူပါတယ်။ အဲဒီ နည်းပညာကို ကျွန်တော်တို့ ကားတွေလို 3D Object တွေမှာ ထည့်သွင်းမှာပါ။ “ လို့ BMW ရဲ့ သုတေသန အင်ဂျင်နီယာ Stella Clarke က ပြောပါတယ်။

BMW shows the first car that can change its color - newsylist.com

စမတ်ဖုန်း App ကနေ ထိန်းချုပ်လိုက်တဲ့ လျှပ်စစ် လှိုင်းတွေရဲ့ လှုံ့ဆော်မှုကြောင့် အဲဒီ ဒြပ်ထုရဲ့ မျက်နှာပြင်တွေဟာ မတူညီတဲ့ အရောင်တွေကို ထုတ်လုပ်ပေးပါတယ်။ အဲဒီအတွက် ကားရဲ့ ပုံသဏ္ဌာန် သို့မဟုတ် ဒီဇိုင်းဟာ ပြောင်းလဲသွားပါတယ်။ အနာဂတ်မှာ ကားရဲ့ Dashboard က ခလုတ် သို့မဟုတ် လက်ဟန်ခြေဟန်နဲ့ ဒီလို ပြောင်းလဲနိုင်အောင် ပြုလုပ်ပေးမှာပါ။

Clarke က “ ဒီနည်းပညာကို အသုံးချနိုင်မယ့် အကြိုက်ဆုံး နည်းလမ်းကို ပြောပြချင်ပါတယ်။ နေပူတဲ့ နေ့တွေမှာ အပူသက်သာအောင် ကားကို အဖြူရောင် ပြောင်းနိုင်ပြီး အေးမြတဲ့ နေ့တွေမှာ အပူစုပ်ယူနိုင်အောင် အနက်ရောင် ပြောင်းနိုင်ပါတယ်။ “ လို့ ပြောပါတယ်။

BMW က CES မှာ ပြသခဲ့တဲ့ ကားဟာ အညိုနဲ့ အဖြူရောင်ပဲ ပြောင်းနိုင်ပေမယ့် နောက်ပိုင်းမှာ အရောင်များစွာ ပြောင်းနိုင်အောင် ဖန်တီးမယ်လို့ ပြောပါတယ်။

Ref : bangkokpost