MediaTek ဟာ WiFi 7 နည်းပညာကို ကမ္ဘာ့ပထမဆုံး အနေနဲ့ အောင်မြင်စွာ စမ်းသပ်သရုပ်ပြသနိုင်ခဲ့ပြီး ကုမ္ပဏီက ၂၀၂၃ ခုနှစ်မှာ WiFi 7 ထုတ်ကုန်တွေ ထွက်လာဖို့ မျှော်လင့်ထားတယ်လို့ ပြောပါတယ်။ WiFi 7 Filogic နည်းပညာကို အသုံးပြုကာ MediaTek က WiFi 7 သရုပ်ပြမှု ၂ ခုကို အဓိက ဖောက်သည်တွေနဲ့ လက်တွဲဖော် ကုမ္ပဏီတွေအား ပြသခဲ့တယ်လို့ ပြောပါတယ်။

An Internet speed test.

MediaTek က အခု သရုပ်ပြသမှုရဲ့ ရည်ရွယ်ချက်က WiFi 7 နည်းပညာရဲ့ အလွန်မြန်တဲ့ နှုန်းနဲ့ Latency နည်းပါးမှုကို ပြသဖို့လို့ ပြောပါတယ်။ MediaTek က WiFi 7 Filogic နည်းပညာဟာ WiFi 7 ရဲ့ တရားဝင် နာမည်ဖြစ်တဲ့ IEEE 802.11be က သတ်မှတ်ထားတဲ့ အမြင့်ဆုံး အမြန်နှုန်းကို ရရှိနိုင်တယ်ဆိုတာ ပြသနိုင်ခဲ့ပါတယ်။

Next generation Wi-Fi 7, what can we expect? - 802 Networks

WiFi 7 ဟာ တူညီတဲ့ အန်တင်နာ အရေအတွက် တပ်ဆင်ထားရင် WiFi 6 ထက် ၂.၄ ဆ ပိုမြန်ပြီး 25Gb 4K BlueRay ရုပ်ရှင်ကို စက္ကန့်ပိုင်းအတွင်း Download လုပ်ပေးနိုင်ပါတယ်။ WiFi 7 ဟာ အနည်းဆုံး 30Gbps နဲ့ အမြင့်ဆုံး 40Gbps အထိ ရရှိနိုင်ပါတယ်။ အရင်မျိုးဆက် WiFi 6 ဟာ 9.6Gbps နဲ့ WiFi 5 ဟာ 3.5Gbps အထိပဲ အမြန်နှုန်း ရှိပါတယ်။

WiFi 7 ဟာ 2.4GHz, 5GHz နဲ့ 6GHz အပါအဝင် Spectrum အားလုံးနဲ့ Compatible ဖြစ်ပါတယ်။ WiFi 7 ဟာ 8K Video Streaming , Virtual Reality , Cloud Gaming နဲ့ Cloud Computing တွေလို ဝန်အားကြီးတဲ့ လုပ်ငန်းတွေကို ထောက်ပံ့ပေးနိုင်ပါတယ်။

Ref : digitaltrends