Unicode

၂၀၁၉ ခုနှစ်ဟာ မိုဘိုင်း App Developers တွေနဲ့ ကုမ္ပဏီတွေအတွက် အကျိုးအမြတ်များစွာရရှိတဲ့နှစ်ဖြစ်ပြီး တစ်ကမ္ဘာလုံးမှာ App Download ပြုလုပ်မှုပမာဏဟာ 9.1% ထိ တိုးတက်လာခဲ့ပါတယ်။ ကမ္ဘာတဝှမ်းက မိုဘိုင်းသုံးစွဲသူတွေဟာ စုစုပေါင်းအကြိမ်ရေ ၁၁၄.၉ ဘီလီယံထိ Download ဆွဲယူခဲ့ကြပြီး Apple ရဲ့ App Store က ၃၀.၆ ဘီလီယံနဲ့ Google Play က ၈၄.၃ ဘီလီယံတို့ ဖြစ်ပါတယ်။

ဒီစာရင်းရဲ့ထိပ်ဆုံးငါးနေရာကို WhatsApp, Facebook, Messenger နဲ့ Instagram တို့က ကြီးစိုးထားဆဲဖြစ်ပေမယ့် မနှစ်က စတုတ္ထနေရာမှ TikTok ဟာ ဒုတိယနေရာထိ တက်လှမ်းလာခဲ့ပါတယ်။ ဒါဟာ အိန္ဒိယ၊ အမေရိကန်နဲ့ ဘရာဇီး တို့လို လူဦးရေထူထပ်များပြားတဲ့ နိုင်ငံကြီးတွေမှာ အောင်မြင်မှုရရှိခဲ့ခြင်းရဲ့ အကျိုးဆက်ပါ။

2019 Q4 ကာလကို ကြည့်မယ်ဆိုရင် Download ဆွဲယူမှုအခံရဆုံးဂိမ်းအဖြစ် Call of Duty Mobile က အကြိမ်ရေ သန်း ၁၈၀ ကျော်နဲ့ ထိပ်ဆုံးက ရပ်တည်နေပြီး ဒုတိယနေရာမှ Sand Balls ဟာ သူ့တစ်ဝက်လောက်သာ ရှိပါတယ်။ CoD Mobile ကို အဓိကဆွဲယူခဲ့သူတွေက Apple သုံးစွဲသူတွေဖြစ်ပြီး Total App Download မှာ သိသာစွာကွာခြားပေမယ့် ဒီဂိမ်းမှာတော့ တစ်ဝက်လောက်က App Store ကနေ ဆွဲယူခဲ့ကြတာပါ။

Ref – GSM Arena

Zawgyi

၂၀၁၉ ခုႏွစ္ဟာ မုိဘုိင္း App Developers ေတြနဲ႔ ကုမၸဏီေတြအတြက္ အက်ဳိးအျမတ္မ်ားစြာရရွိတဲ့ႏွစ္ျဖစ္ၿပီး တစ္ကမာၻလုံးမွာ App Download ျပဳလုပ္မႈပမာဏဟာ 9.1% ထိ တုိးတက္လာခဲ့ပါတယ္။ ကမာၻတဝွမ္းက မုိဘုိင္းသုံးစြဲသူေတြဟာ စုစုေပါင္းအႀကိမ္ေရ ၁၁၄.၉ ဘီလီယံထိ Download ဆြဲယူခဲ့ၾကၿပီး Apple ရဲ႕ App Store က ၃၀.၆ ဘီလီယံနဲ႔ Google Play က ၈၄.၃ ဘီလီယံတုိ႔ ျဖစ္ပါတယ္။

ဒီစာရင္းရဲ႕ထိပ္ဆုံးငါးေနရာကို WhatsApp, Facebook, Messenger နဲ႔ Instagram တုိ႔က ႀကီးစုိးထားဆဲျဖစ္ေပမယ့္ မႏွစ္က စတုတၳေနရာမွ TikTok ဟာ ဒုတိယေနရာထိ တက္လွမ္းလာခဲ့ပါတယ္။ ဒါဟာ အိႏၵိယ၊ အေမရိကန္နဲ႔ ဘရာဇီး တို႔လို လူဦးေရထူထပ္မ်ားျပားတဲ့ ႏုိင္ငံႀကီးေတြမွာ ေအာင္ျမင္မႈရရွိခဲ့ျခင္းရဲ႕ အက်ဳိးဆက္ပါ။

2019 Q4 ကာလကုိ ၾကည့္မယ္ဆုိရင္ Download ဆြဲယူမႈအခံရဆုံးဂိမ္းအျဖစ္ Call of Duty Mobile က အႀကိမ္ေရ သန္း ၁၈၀ ေက်ာ္နဲ႔ ထိပ္ဆုံးက ရပ္တည္ေနၿပီး ဒုတိယေနရာမွ Sand Balls ဟာ သူ႕တစ္ဝက္ေလာက္သာ ရွိပါတယ္။ CoD Mobile ကုိ အဓိကဆြဲယူခဲ့သူေတြက Apple သုံးစြဲသူေတြျဖစ္ၿပီး Total App Download မွာ သိသာစြာကြာျခားေပမယ့္ ဒီဂိမ္းမွာေတာ့ တစ္ဝက္ေလာက္က App Store ကေန ဆြဲယူခဲ့ၾကတာပါ။

Ref – GSM Arena