[Unicode]

ကိုရိုနာဗိုင်းရက်စ် ကူးစက်မှုကြောင့် ဝူဟန်မြို့ အဝင်၊ အထွက်ကို ပိတ်ထားပါတယ်။ ဒါပေမယ့် Chip ထုတ်လုပ်သူ Yangtze Memory Technologies (YMTC) နဲ့ Wuhan Xinxin Semiconductor Manufacturing (XMC) တို့က ကိုရိုနာဗိုင်းရက်စ်ကြောင့် Chip ထုတ်လုပ် ရောင်းချတာ မနှောင့်နှေးဘူးလို့ ပြောပါတယ်။ ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူက ထုတ်လုပ်မှု ပုံမှန်အတိုင်း လည်ပတ်နေအောင် စီမံထားနိုင်ပြီး ကုန်ကြမ်း ထောက်ပံ့မှုကလည်း ပုံမှန်ပဲလို့ ပြောပါတယ်။

YMTC က ကုမ္ပဏီ ဝန်ထမ်းတွေ ဘေးကင်းလုံခြုံဖို့အတွက် သိပ္ပံနည်းကျ ကာကွယ်တာတွေ ပြုလုပ်ထားပြီးပြီလို့ ပြောပါတယ်။ ကုမ္ပဏီက Medical Masks တွေ ပံ့ပိုးပေးတာ၊ ကိုယ်အပူချိန် စစ်ဆေးတာ၊ ပိုးသတ်ဆေးဖြန်းတာ၊ အင်တာနက်ကနေ စီမံခန့်ခွဲတာနဲ့ ပိုးကူးစက်ရင် သီးသန့် အခန်းမှာ ကုသပေးတာတွေကို ပြုလုပ်ပေးထားပါတယ်။

ကိုရိုနာ ဗိုင်းရက်စ်ကြောင့် တရုတ်က စမတ်ဖုန်း ထုတ်လုပ်တဲ့ လုပ်ငန်းတွေ ထိခိုက်‌နေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။ မကြာခင်ကပဲ Samsung Galaxy S20 Series တွေရဲ့ Accessories တွေ၊ iPhone 9 နဲ့ AirPods ထုတ်လုပ်မှုတွေ နှောင့်နှေးမယ်ဆိုတဲ့ သတင်းတွေ ထွက်လာပါတယ်။ ဒါပေမယ့် Foxconn ကတော့ လုပ်ငန်းအားလုံး ပုံမှန်အတိုင်း လည်ပတ်နေတယ်လို့ ပြောပါတယ်။

တရုတ် အစိုးရက ဗိုင်းရက်စ် ကူးစက်တာကို ထိန်းချုပ်ဖို့အတွက် တရုတ် နှစ်သစ်ကူး အားလပ်ရက်ကို တိုးမြှင့်ပေးထားပါတယ်။ စက်ရုံ အများစုကလည်း လုပ်ငန်းတွေ ရပ်နားထားကြပါတယ်။

Ref : gizmochina

[Zawgyi]

ဝူဟန္ Chipmakers ေတြက ကို႐ိုနာဗိုင္းရက္စ္ေၾကာင့္ ထုတ္လုပ္မႈ မေႏွာင့္ေႏွးဘူးလို႔ ေျပာ

ကို႐ိုနာဗိုင္းရက္စ္ ကူးစက္မႈေၾကာင့္ ဝူဟန္ၿမိဳ႕ အဝင္၊ အထြက္ကို ပိတ္ထားပါတယ္။ ဒါေပမယ့္ Chip ထုတ္လုပ္သူ Yangtze Memory Technologies (YMTC) နဲ႔ Wuhan Xinxin Semiconductor Manufacturing (XMC) တို႔က ကို႐ိုနာဗိုင္းရက္စ္ေၾကာင့္ Chip ထုတ္လုပ္ ေရာင္းခ်တာ မေႏွာင့္ေႏွးဘူးလို႔ ေျပာပါတယ္။ ကုမၸဏီရဲ႕ ေျပာေရးဆိုခြင့္ရွိသူက ထုတ္လုပ္မႈ ပုံမွန္အတိုင္း လည္ပတ္ေနေအာင္ စီမံထားႏိုင္ၿပီး ကုန္ၾကမ္း ေထာက္ပံ့မႈကလည္း ပုံမွန္ပဲလို႔ ေျပာပါတယ္။

YMTC က ကုမၸဏီ ဝန္ထမ္းေတြ ေဘးကင္းလုံၿခဳံဖို႔အတြက္ သိပၸံနည္းက် ကာကြယ္တာေတြ ျပဳလုပ္ထားၿပီးၿပီလို႔ ေျပာပါတယ္။ ကုမၸဏီက Medical Masks ေတြ ပံ့ပိုးေပးတာ၊ ကိုယ္အပူခ်ိန္ စစ္ေဆးတာ၊ ပိုးသတ္ေဆးျဖန္းတာ၊ အင္တာနက္ကေန စီမံခန႔္ခြဲတာနဲ႔ ပိုးကူးစက္ရင္ သီးသန႔္ အခန္းမွာ ကုသေပးတာေတြကို ျပဳလုပ္ေပးထားပါတယ္။

ကို႐ိုနာ ဗိုင္းရက္စ္ေၾကာင့္ တ႐ုတ္က စမတ္ဖုန္း ထုတ္လုပ္တဲ့ လုပ္ငန္းေတြ ထိခိုက္‌ေနတယ္လို႔ သတင္းေတြ ထြက္ေနပါတယ္။ မၾကာခင္ကပဲ Samsung Galaxy S20 Series ေတြရဲ႕ Accessories ေတြ၊ iPhone 9 နဲ႔ AirPods ထုတ္လုပ္မႈေတြ ေႏွာင့္ေႏွးမယ္ဆိုတဲ့ သတင္းေတြ ထြက္လာပါတယ္။ ဒါေပမယ့္ Foxconn ကေတာ့ လုပ္ငန္းအားလုံး ပုံမွန္အတိုင္း လည္ပတ္ေနတယ္လို႔ ေျပာပါတယ္။

တ႐ုတ္ အစိုးရက ဗိုင္းရက္စ္ ကူးစက္တာကို ထိန္းခ်ဳပ္ဖို႔အတြက္ တ႐ုတ္ ႏွစ္သစ္ကူး အားလပ္ရက္ကို တိုးျမႇင့္ေပးထားပါတယ္။ စက္႐ုံ အမ်ားစုကလည္း လုပ္ငန္းေတြ ရပ္နားထားၾကပါတယ္။

Ref : gizmochina