HTC ကုမ္ပဏီက ကမ္ဘာပေါ်မှာ Megapixel အများဆုံးဟု ပြောဆိုနိုင်တဲ့ စမတ်ဖုန်း HTC One X10 ကို ရှရှားနိုင်ငံမှာ ဧပြီလ ၁၄ ရက်နေ့က စတင်မိတ်ဆက်ခဲ့ပါတယ်။ Samsung Galaxy S8 နဲ့ S8 Plus တောင် 12 Megapixel ဘဲ ရှိပါတယ်။

HTC One X10 ကို အမေရိကန်ဒေါ်လာ ၃၅၅ ဒေါ်လာနဲ့ ရောင်းချမှာဖြစ်ပြီး အခုလောလောဆယ်မှာတော့ အမည်းရောင်နဲ့ ငွေရောင် ၂ မျိုးတည်းသာ ရရှိဦးမှာဖြစ်ပါတယ်။

ဒါပေမယ့် HTC One X10 စမတ်ဖုန်းကို ရုရှားနိုင်ငံအတွင်းမှာဘဲ စတင်ဝယ်ယူလို့ရနိုင်မှာဖြစ်ပြီး တခြားနိုင်ငံတွေကို ရောင်းချမယ့်ရက်အတိအကျကိုတော့ မကြေညာသေးပါဘူး။

ဒီဇိုင်း

HTC One X10 မှာ မျက်နှာပြင် ၅.၅ လက်မ ရှိပြီး Resolution က Full HD ဖြစ်တဲ့ (1080 x 1920 Pixel) ရရှိပါတယ်။ စခရင်ရဲ့ Pixel သိသည်းမှုနှုန်းက 401 PPI (Pixels per Inch) ရှိပြီး အက်ကွက်မှုဒဏ်ကို ပိုမိုခံနိုင်တဲ့ Corning Gorilla Glass ကို အသုံးပြုထားပါတယ်။ Dimension က 152.9 x 75.6×8.2 mm ဖြစ်ပြီး အလေးချိန်က ၁၇၅ ဂရမ်ရှိပါတယ်။

Processor

သူ့မှာ Octa-Core MediaTek P10 Processor တပ်ဆင်ထားပြီး RAM 3 GB နဲ့ ဖုန်းရဲ့ Storage 32 GB အထိ ထည့်နိုင်ပါတယ်။ Micro SD ကဒ်နဲ့ လည်း တွဲဖက်အသုံးပြုနိုင်ပြီး SD ကဒ်သုံးပါက 2 TB (2000 GB) လောက်အထိ ထည့်နိုင်မယ်လို့ ကြေညာထားပါတယ်။

HTC One X10 ရဲ့ နောက်ထပ်ထူးခြားချက်က Nano SIMs ကဒ်၂ကဒ်သုံးလို့ရပြီး အဲ့ဒီ ဆင်းကဒ် (SIM Card) ၂ ကဒ်လုံးကလည်း 4G ရရှိပါတယ်။

ကင်မရာ

အနောက်ကင်မရာက 16 MP ရှိပြီး Autofocus လည်း မြန်ဆန်ပြီး အလင်းဝင်ပေါက် (Aperture) ကလည်း F/2.0 ရှိပါတယ်။ LED မီးလည်း ပါပါတယ်။ အနောက်ကင်မရာမှာ face Detection၊ ပရော်ဖက်ရှင်နယ် Mode ဖြစ်တဲ့ Manual ရိုက်လို့ရတဲ့ စနစ်တွေ၊ RAW ဖိုင် မှတ်လို့ရတဲ့ စနစ်၊ Hyperlapse ရိုက်လို့ရတဲ့ စနစ်၊ မြင်ကွင်းကျယ် (Panorama) နဲ့ Camera Zoom စတဲ့ စနစ်တွေနဲ့ သုံးပြီး ရိုက်ကူးလို့ရပါတယ်။

ဗီဒီယိုရိုက်ရင်လည်း Full-HD အရည်အသွေး ဗီဒီယိုတွေကို 30 FPS (Frames per Second) နဲ့ ရိုက်ကူးလို့ရပါတယ်။

အရှေ့ကင်မရာမှာလည်း 8 MP ပါဝင်ပြီး အလင်းဝင်ပေါက် (Aperture) က f/2.2 ရှိပါတယ်။ သူ့မှာလည်း Fixed-Focus နဲ့ BSI ဆင်ဆာတို့လည်း ပါဝင်ပါတယ်။

ဘက်ထရီ

HTC One X10 ရဲ့ ဘက်ထရီက 4000 mAh ရှိတာကြောင့် စကားဆက်တိုက်ပြောချိန်ဆိုရင် ၂၆ နာရီလောက်ခံပြီး 3G Network နဲ့ ဖုန်းကို ဒီအတိုင်းထားမယ်ဆိုရင် ၃၁ရက် အသုံးခံတယ်လို့ ကုမ္ပဏီကပြောထားပါတယ်။ အားသွင်းရတာလည်း မြန်ဆန်ပြီး HTC Boom Sound Feature နဲ့ အသံထွက်အားကောင်းအောင် လုပ်ဆောင်ထားပါတယ်။