Xbox ဂိမ်းစက်တွေက Sony ရဲ့ PlayStation ဂိမ်းစက်တွေနဲ့ အပြိုင်နာမည်ကြီးသလို Fan တွေလည်း အများကြီးရှိပါတယ်။ Microsoft ကတော့ သူတို့ရဲ့ တစ်ခုတည်းသော Game Console ကို အမြဲ တစ်လှမ်းသာအောင် ကြိုးစားနေပါတယ်။

နောက်ဆုံး သတင်းပေါက်ကြားချက်တစ်ခုအရ Microsoft က Xbox အတွက် Controller တစ်ခုကို ထုတ်လုပ်စမ်းသပ်နေတယ်လို့ သိရပါတယ်။ Controller ရဲ့ပုံလည်းပေါက်ကြားလာပြီဖြစ်တာကြောင့် အားလုံးက စိတ်ဝင်စားနေကြပါတယ်။ Sony ကိုယှဉ်ပြိုင်တဲ့နေရာမှာ Microsoft ကဘယ်တော့မှ အရှုံးပေးမှာမဟုတ်ပါဘူး။

အခု သတင်းပေါက်ကြားထားတဲ့ Controller က သာမန် Xbox Controller တွေနဲ့ မတူဘဲ ကွဲပြားထူးခြားတဲ့ Design နဲ့ထုတ်ထားတာကို ပုံမှာတွေ့ရပါတယ်။ D-pad ကို ပုံမှန်အရွယ်ထက် နည်းနည်းသေးထားတာကိုတွေ့ရပါတယ်။ A pad နဲ့ B pad တွေကိုတော့ ဆိုဒ်အကြီးကြီးတွေဖြစ်အောင်လုပ်ပေးထားတာကို တွေ့ရပါတယ်။

အဲံဒီလို ထူးခြားတဲ့ Design အပြင် Controller မှာ USB အပေါက်နဲ့ Headphone အပေါက်လည်းပါပါသေးတယ်။ အခု Controller ကိုတော့ Project Z လို့ Microsoft က နာမည်ပေးထားပါတယ်။ မကြာခင်မှာကျင်းပတော့မယ့် E3 ဂိမ်းပြပွဲကြီးမှာလည်း Microsoft အနေနဲ့ဝင်ရောက်ပြသသူအနေနဲ့ ပါဝင်ဦးမှာဖြစ်တာကြောင့် အခု Controller အကြောင်းကို အဲ့ဒီပွဲရောက်မှပဲ အသေးစိတ်သိရမှာဖြစ်ပါတယ်။