Zawgyi

ၿပီးခဲ့တဲ့ႏွစ္ႏွစ္အတြင္း စမတ္ဖုန္းနည္းပညာေလာကထဲမွာ သိသာစြာတုိးတက္လာတာတစ္ခုကေတာ့ Fast Charging နည္းပညာပဲျဖစ္ပါတယ္။ လက္ရွိေစ်းကြက္ထဲမွာ အျမန္ဆုံးလို႔ဆုိရမွာက Oppo ရဲ႕ 65W Super VOOC 2.0 ျဖစ္ၿပီး သူတုိ႔ရဲ႕ Reno Ace စမတ္ဖုန္းမွာ ပါဝင္တာပါ။

ဒါေပမယ့္ Xiaomi ကလည္း သူတုိ႔ရဲ႕ 100W Super Charge Turbo အားအျမန္သြင္းနည္းပညာသစ္ကို အားက်မခံ ထုတ္ေဖာ္ျပသခဲ့ပါတယ္။ အခုရက္သတၱပတ္အေစာပိုင္းမွာက်င္းပခဲ့တဲ့ Xiaomi Developer Conference မွာ ဒီနည္းပညာကို ျပသခဲ့ၿပီး လာမယ့္ႏွစ္မွာ ထြက္ရွိလာမယ့္ Xiaomi ဟန္းဆက္ေတြမွာ စတင္အသုံးျပဳလာမယ္လို႔လည္း အတည္ျပဳခဲ့တယ္။

Xiaomi အႀကီးအကဲေတြျဖစ္တဲ့ Lu Weibing နဲ႔ Lin Bin တုိ႔ရဲ႕ေျပာၾကားခ်က္မ်ားအရ ဒီနည္းပညာအသစ္ကို အခုႏွစ္ထဲမွာပဲ ေစ်းကြက္ဝင္ထုတ္လုပ္လာမယ္လို႔ အေစာပုိင္းမွာေမွ်ာ္လင့္ခဲ့ေပမယ့္  Xiaomi နဲ႔ Redmi တုိ႔က မိတ္ဆက္ခဲ့တဲ့ Flagship စမတ္ဖုန္းအသစ္ေတြမွာ မျမင္ခဲ့ရပါဘူး။

XDC ကြန္ဖရင့္မွာေတာ့ Xiaomi ဟာ ဒီအားသြင္းစနစ္သစ္နဲ႔ ပတ္သက္ၿပီး ပုိတိက်တဲ့ အခ်က္အလက္ေတြကို ေဖာ္ျပခဲ့ပါတယ္။ ဒီနည္းပညာအတြက္ သူတုိ႔ဟာ Oppo Find X Lamborghini Edition မွာလုိ ဘကၳရီႏွစ္လုံးတြဲကို အသုံးျပဳလာမွာျဖစ္ၿပီး ျမန္ႏႈန္းျမင့္အားသြင္းစနစ္အတြက္ ဟန္းဆက္ကိုမထိခုိက္ေအာင္ Software/Hardware ကာကြယ္မႈေတြလည္း ထည့္သြင္းလာမွာပါ။

Ref – Gizmo China

Unicode

ပြီးခဲ့တဲ့နှစ်နှစ်အတွင်း စမတ်ဖုန်းနည်းပညာလောကထဲမှာ သိသာစွာတိုးတက်လာတာတစ်ခုကတော့ Fast Charging နည်းပညာပဲဖြစ်ပါတယ်။ လက်ရှိဈေးကွက်ထဲမှာ အမြန်ဆုံးလို့ဆိုရမှာက Oppo ရဲ့ 65W Super VOOC 2.0 ဖြစ်ပြီး သူတို့ရဲ့ Reno Ace စမတ်ဖုန်းမှာ ပါဝင်တာပါ။

ဒါပေမယ့် Xiaomi ကလည်း သူတို့ရဲ့ 100W Super Charge Turbo အားအမြန်သွင်းနည်းပညာသစ်ကို အားကျမခံ ထုတ်ဖော်ပြသခဲ့ပါတယ်။ အခုရက်သတ္တပတ်အစောပိုင်းမှာကျင်းပခဲ့တဲ့ Xiaomi Developer Conference မှာ ဒီနည်းပညာကို ပြသခဲ့ပြီး လာမယ့်နှစ်မှာ ထွက်ရှိလာမယ့် Xiaomi ဟန်းဆက်တွေမှာ စတင်အသုံးပြုလာမယ်လို့လည်း အတည်ပြုခဲ့တယ်။

Xiaomi အကြီးအကဲတွေဖြစ်တဲ့ Lu Weibing နဲ့ Lin Bin တို့ရဲ့ပြောကြားချက်များအရ ဒီနည်းပညာအသစ်ကို အခုနှစ်ထဲမှာပဲ ဈေးကွက်ဝင်ထုတ်လုပ်လာမယ်လို့ အစောပိုင်းမှာမျှော်လင့်ခဲ့ပေမယ့်  Xiaomi နဲ့ Redmi တို့က မိတ်ဆက်ခဲ့တဲ့ Flagship စမတ်ဖုန်းအသစ်တွေမှာ မမြင်ခဲ့ရပါဘူး။

XDC ကွန်ဖရင့်မှာတော့ Xiaomi ဟာ ဒီအားသွင်းစနစ်သစ်နဲ့ ပတ်သက်ပြီး ပိုတိကျတဲ့ အချက်အလက်တွေကို ဖော်ပြခဲ့ပါတယ်။ ဒီနည်းပညာအတွက် သူတို့ဟာ Oppo Find X Lamborghini Edition မှာလို ဘက္ထရီနှစ်လုံးတွဲကို အသုံးပြုလာမှာဖြစ်ပြီး မြန်နှုန်းမြင့်အားသွင်းစနစ်အတွက် ဟန်းဆက်ကိုမထိခိုက်အောင် Software/Hardware ကာကွယ်မှုတွေလည်း ထည့်သွင်းလာမှာပါ။

Ref – Gizmo China