ကာလရှည်ကြာ သတင်းပေါက်ကြားနေတဲ့ Xiaomi 12 Lite ရဲ့ ဓါတ်ပုံတွေ ပေါက်ကြားလာပြီး ဒီဇိုင်းကို လေ့လာလို့ရလာပါတယ်။ တရုတ် Tipster ၁ ယောက်က အဲဒီ ဓါတ်ပုံတွေကို တွေ့ရှိခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့ လအနည်းငယ်အကြာက ထွက်ခဲ့တဲ့ သတင်းမှာလို တူညီတဲ့ 2203129G မော်ဒယ်နံပါတ် ဖြစ်တယ်လို့ ပြောပါတယ်။

Xiaomi 12 Lite leaks in live images with flat frame design - GSMArena.com news

Xiaomi 12 Lite မှာ မျက်နှာပြင်ပြား တပ်ဆင်ထားပြီး ကျန်တဲ့ Xiaomi 12 Series စမတ်ဖုန်းတွေနဲ့ မတူညီတာက ဖရိမ်ကို ပလတ်စတစ်နဲ့ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ တခြား Xiaomi 12 Series တွေမှာတော့ မျက်နှာပြင်ကွေး သုံးထားပြီး သတ္တုဖရိမ်တွေ တပ်ဆင်ထားပါတယ်။

Xiaomi 12 Lite leaks in live images with flat frame design - GSMArena.com news

Xiaomi 12 Lite မှာ ၆.၅၅ လက်မ FHD+ OLED မျက်နှာပြင်၊ 120Hz Refresh Rate နဲ့ မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာတွေ ပါလာမယ်လို့ သတင်းထွက်နေပါတယ်။ စတီရီယို စပီကာ ၂ လုံးနဲ့ IR Blaster တွေ ထည့်သွင်းထားမှာပါ။ အနောက်ဘက်မှာ ကင်မရာ ၃ လုံး ပါလာမှာ ဖြစ်ပြီး 108MP Main ထည့်သွင်းထားနိုင်ပါတယ်။ အရင်သတင်းတွေအရ တချို့နိုင်ငံတွေမှာ 64MP Main ကင်မရာ သုံးထားမယ်လို့ သိရပါတယ်။ ကျန်တဲ့ ကင်မရာတွေက 8MP Ultrawide နဲ့ 5MP Macro တို့ ဖြစ်ကြပါတယ်။

အရင်က Geekbench စာရင်းအရ Xiaomi 12 Lite မှာ Qualcomm Snapdragon 778G Plus Chipset မောင်းနှင်ထားနိုင်ပြီး  67W Fast Charging ပါတဲ့ 4,500mAh ဘက်ထရီ ပါလာနိုင်ပါတယ်။

Ref : gsmarena