Xiaomi ဟာ အခုအချိန်မှာ နောက်ထပ် Flagship စမတ်ဖုန်းတစ်လုံးဖြစ်လာမယ့် Xiaomi 12S Pro ကို မိတ်ဆက်ဖို့ စီစဥ်နေတာဖြစ်ပါတယ်။ အစောပိုင်းထွက်ရှိထားတဲ့သတင်းတွေအရတော့ အဆိုပါ Xiaomi 12S Pro ဖုန်းဟာ Qualcomm ရဲ့ Snapdragon 8 Gen1+ Chipset ကို အသုံးပြုလာမှာဖြစ်ပါတယ်။

အခုနောက်ဆုံးအနေနဲ့ ထွက်ပေါ်လာတဲ့သတင်းတွေအရတော့ Xiaomi ဟာ Snapdragon 8 Gen1+ Chipset တစ်မျိုးတည်းကို Xiaomi 12S Pro ဖုန်းမှာ အသုံးပြုလာမှာမဟုတ်ဘူးလို့ သိရပါတယ်။ ဘာကြောင့်လဲဆိုရင် Xiaomi 12S Pro ဟာ MediaTek ရဲ့ Dimensity 9000 Chipset နဲ့ပါ မိတ်ဆက်လာမယ်လို့ သတင်းတွေထွက်လာတာကြောင့်ဖြစ်ပါတယ်။

အဆိုပါသတင်းကိုတော့ Xiaomiui ကနေ ဖော်ပြခဲ့တာဖြစ်ပြီး Xiaomi ဟာ Xiaomi 12S Pro ဖုန်းကို Processor ၂ မျိုးနဲ့ Version ၂ မျိုးစီ ထုတ်သွားမယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ကျန်တဲ့ Feature တွေနဲ့ Hardware ပိုင်း Specification တွေကတော့ တူညီမယ်လို့ သိရပါတယ်။

Dimensity 9000 Chipset နဲ့ Xiaomi 12S Pro ဖုန်းဟာ Mi Code ထဲမှာလည်း တွေ့ရှိရပြီး Model Number အနေနဲ့ 2207122MC အနေနဲ့ ထွက်ရှိလာမှာဖြစ်ပါတယ်။ Codename အနေနဲ့ကတော့ “dauimer” လို့ ပေးထားတယ်လို့ သိရပါတယ်။

Xiaomi 12S Pro စမတ်ဖုန်းဟာ 6.55″ Full HD+ AMOLED Display ပါဝင်မှာဖြစ်ပြီး 64MP Triple Camera Setup နဲ့ 16MP Selfie Camera တွေပါဝင်မှာဖြစ်ပါတယ်။ Battery ပိုင်းအနေနဲ့ကတော့ 4500mAh Battery ကိုမှ 67W Fast Charging ကို ထောက်ပံ့ထားမှာဖြစ်ပါတယ်။

Ref – Gizmo China