Xiaomi ဟာ ဇူလိုင်လ ၄ ရက်နေ့ (ဒီနေ့) မှာ Xiaomi 12S Series ဖုန်းတွေကို မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အခုလိုမျိုး တရားဝင်မမိတ်ဆက်ခင်မှာ Xiaomi ကနေ အဆိုပါ Xiaomi 12S Series ဖုန်းတွေမှာ ပြောင်းလဲအသုံးပြုလာမယ့် Feature တစ်ခုအကြောင်းကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဒါကတော့ Xiaomi ဟာ Xiaomi 12S စမတ်ဖုန်းတွေမှာ ယခင်တုန်းက အသုံးပြုဖူးခြင်းမရှိသေးတဲ့ Eco-friendly Leather Material ကို အသုံးပြုလာမှာဖြစ်ပါတယ်။ ဒါဟာ တခြားသော စမတ်ဖုန်းတွေမှာ အသုံးပြုဖူးတဲ့ Silicone Leather အသားပုံစံမျိုးဖြစ်လာမယ်လို့ ယူဆရပြီး သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့အတွက် အခုလိုမျိုး ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ ယူဆရပါတယ်။

Xiaomi က အသုံးပြုထားတဲ့ Silicone Leather အသားဟာ ဖုန်းရဲ့ အကြမ်းခံနိုင်စွမ်းကို သိသိသာသာပိုကောင်းလာစေမှာဖြစ်ပြီး မတော်တဆခြစ်မိတာမျိုးကိုလည်း ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ ကိုင်ဆောင်ထားတဲ့အချိန်မှာ Leather အတိုင်းပဲ Texture ပုံစံကို ခံစားရမှာဖြစ်ပြီး သန့်ရှင်းရေးပြုလုပ်တဲ့နေရာမှာလည်း ပိုမိုလွယ်ကူစေမှာပါ။

Xiaomi ဟာ Xiaomi 12S Series ဖုန်းတွေအနေနဲ့ Xiaomi 12S ၊ Xiaomi 12S Pro နဲ့ Xiaomi 12S Ultra ဆိုပြီး ၃ မျိုးမိတ်ဆက်သွားမှာဖြစ်ပါတယ်။ Xiaomi 12S Ultra ဟာ Qualcomm ရဲ့ လက်ရှိအကောင်းဆုံး Processor ဖြစ်တဲ့ Snapdragon 8+ Gen 1 Chipset ကို အသုံးပြုလာမှာဖြစ်သလို Xiaomi 12S Series ဖုန်းအားလုံးဟာ Camera ပိုင်းမှာ LEICA နဲ့ပူးပေါင်းထားမယ်လို့ သိရပါတယ်။

Ref – Gizmo China