Xiaomi ဟာ Redmi K50 Series ကို ပြီးခဲ့တဲ့ ဧပြီလတုန်းကမှ မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခုနောက်ဆုံးထွက်ရှိလာတဲ့သတင်းတွေအရ Xiaomi ဟာ နောက်ထပ် Redmi K50S Series ဖုန်းတွေကို မိတ်ဆက်သွားဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။

အဆိုပါသတင်းအရ Xiaomi ဟာ Redmi K50S Series ဖုန်းတွေကို လာမယ့် ၂၀၂၂ ခုနှစ် ဒုတိယနှစ်ဝက်ပိုင်းမှာ မိတ်ဆက်သွားမယ်လို့ သိရပြီး အချိန်အတိအကျကိုတော့ မသိရှိရသေးဘူးဖြစ်ပါတယ်။ ဒါပေမယ့်လည်း မိတ်ဆက်သွားမယ့် Redmi K50S Series ဖုန်းတွေကို xiaomiui.net ကနေ ဖော်ပြသွားခဲ့ပါတယ်။

အခုလို ဖော်ပြချက်အရ Xiaomi ဟာ Redmi 50S Series အနေနဲ့ Redmi K50S Pro ၊ Redmi K50S ၊ Xiaomi 12T Series ဖုန်းတွေအနေနဲ့ Xiaomi 12T ၊ Xiaomi 12T Pro နဲ့ Xiaomi 12T Pro HyperCharge ဖုန်းတွေကို မိတ်ဆက်သွားမှာဖြစ်ပါတယ်။ ပုံမှန်အားဖြင့် Redmi K50S Series ဖုန်းတွေဟာ တရုတ်နိုင်ငံအတွင်းမှာ မိတ်ဆက်သွားမှာဖြစ်ပြီး Xiaomi 12T Series ဖုန်းတွေဟာ Global စျေးကွက်မှာ မိတ်ဆက်သွားမှာဖြစ်ပါတယ်။

ထူးခြားတာတစ်ခုကတော့ Redmi K50S Series နဲ့ Xiaomi 12T Series ဖုန်းတွေဟာ Qualcomm ရဲ့ နောက်ဆုံးထွက်ရှိလာမယ့် Flagship Chipset ဖြစ်တဲ့ Snapdragon 8 Gen1+ Chipset ကို အသုံးပြုလာမှာပါ။ ဒါပေမယ့်လည်း Entry Model တွေဖြစ်တဲ့ Xiaomi 12T နဲ့ Redmi K50S ဖုန်းတွေမှာတော့ MediaTek ရဲ့ Dimensity Chipset ကိုပဲ အသုံးပြုသွားမှာဖြစ်ပါတယ်။

Ref – Gizmo China