Xiaomi ဟာ 12T ကို ဖန်တီးနေတယ်လို့ သတင်းထွက်နေပါတယ်။ အခုတော့ တရားဝင် မိတ်ဆက်ပွဲ မတိုင်ခင်မှာ Tipster ၁ ယောက်က အဲဒီ ဖုန်းရဲ့ အဓိက Specs တွေကို မျှဝေလိုက်ပါတယ်။ FCC မှာ အဲဒီ ဖုန်းကို မကြာခင်ကတွေ့လာရပြီ ဖြစ်တဲ့အတွက် ကြေညာဖို့ နီးနေပါပြီ။

Snapdragon 8 Gen1+ Chipset ကို အသုံးပြုလာမယ့် Xiaomi 12T Pro နဲ့ Redmi K50S  Pro – MyTech Myanmar

နာမည်ကြီး Tipster Mukul Sharma က Xiaomi 12T မှာ နောက်ဆုံးထုတ် Snapdragon 8+ Gen 1 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး 8/128GB , 8/256GB နဲ့ 12/256GB Version ၃ မျိုး ထုတ်လုပ်ထားမယ်လို့ ပြောပါတယ်။

First Xiaomi 12T details revealed in new leak with a Dimensity 8100  potentially on the cards - NotebookCheck.net News

မျက်နှာပြင်မှာ 120Hz Refresh Rate ပါလာမှာ ဖြစ်ပြီး Android 12 အခြေပြု MIUI 13 မောင်းနှင်ထားမှာပါ။ ဒါ့အပြင် 120W Fast Charging ပါလာမှာ ဖြစ်ပြီး Tipster က ကင်မရာတွေအကြောင်း မပြောဘဲ OIS ပါလာမယ်လို့ ပြောပါတယ်။ NFC Support လည်း ထည့်သွင်းထားမှာပါ။

Xiaomi 12T ကို မကြာခင်က FCC မှာ တွေ့လာရပြီ ဖြစ်ပြီး မော်ဒယ်နံပါတ်က 22071212AG ဖြစ်ပါတယ်။ အဲဒီမှာ Wi-Fi 802.11ax, 5G (7 bands), Bluetooth, GPS နဲ့ IR Blaster တွေ ပါလာမယ်လို့ ဖော်ပြထားပါတယ်။

အရင်သတင်းအရ Xiaomi 12T ဟာ တရုတ်မှာ ရောင်းချထားတဲ့ Redmi K50S ကို နာမည်ပြောင်းထားတာလို့ သိရပါတယ်။

Ref : gizmochina