Digital Chat Station က Xiaomi 13 နဲ့ 13 Pro ကို နိုဝင်ဘာလမှာ ကြေညာမှာ ဖြစ်ပြီး ဒီဇင်ဘာလမှာ ရောင်းမယ်လို့ သတင်းပေးလာပါတယ်။ အဲဒီဖုန်းတွေမှာ စွမ်းရည်မြင့် Snapdragon 8 Gen 2 Chipset ထည့်သွင်းထားမယ်လို့ ပြောပါတယ်။

Xiaomi 13

ဒါ့အပြင် Xiaomi 13 နဲ့ 13 Pro မှာ Leica ကင်မရာတွေ၊ စတီရီယို အသံနဲ့ ရေစိုခံစံနှုန်းတွေ ပါလာမယ်လို့ သတင်းထွက်လာပါတယ်။ Xiaomi 13 ပြီးနောက်မှာ Samsung Galaxy S23 နဲ့ တခြား စွမ်းရည်မြင့် စမတ်ဖုန်းတွေမှာ Snapdragon 8 Gen 2 SoC ကို သုံးထားမှာပါ။

Xiaomi 13 and Xiaomi 13 Pro to arrive sooner than expected - NotebookCheck.net News

မကြာခင်ကပဲ Qualcomm က နိုဝင်ဘာလ ၁၄ ရက်ကနေ ၁၇ ရက်အတွင်း Snapdragon Technology Summit ကို ကျင်းပမယ်လို့ ကြေညာခဲ့ပါတယ်။ အဲဒီပွဲမှာ နောက်မျိုးဆက် စွမ်းရည်မြင့် SoC ဖြစ်တဲ့ Snapdragon 8 Gen 2 ကို ချပြနိုင်ပါတယ်။

Digital Chat Station က Snapdragon 8 Gen 2 ကို အခြေပြုထားတဲ့ စွမ်းရည်မြင့် ဖုန်းကို Xiaomi ဟာ ဖန်တီးနေပြီလို့ ပြောပါတယ်။ Qualcomm Snapdragon 8 Gen 2 ဟာ Snapdragon 8 Gen 1 ရဲ့ မျိုးဆက်သစ် ဖြစ်ပြီး 4nm Process နဲ့ တည်ဆောက်ထားမှာ ဖြစ်ပါတယ်။ အဲဒီ ပလက်ဖောင်းမှာ “1 + 3 + 4” Three-Cluster Architecture ကိုပဲ ဆက်လက် အသုံးပြုထားမှာပါ။

Ref : gizchina