Xiaomi ဟာ ဒီလ အစောပိုင်းက စွမ်းရည်မြင့် Xiaomi 13 နဲ့ 13 Pro ကို ကြေညာခဲ့ပြီး Snapdragon 8 Gen 2 Processor မောင်းနှင်ထားပါတယ်။ ရိုးရိုး White, Black, Green နဲ့ Light Blue အရောင်တွေ အပြင် Limited Edition အထူးထုတ် အရောင်တွေ ဖြစ်တဲ့ Flame Red, Sapphire Blue, Hurricane Yellow, Jungle Green နဲ့ Cement Gray အရောင်တွေကိုပါ ကြေညာခဲ့ပါတယ်။

အခုတော့ Xiaomi 13 အထူးထုတ် အရောင်တွေကို ကုမ္ပဏီရဲ့ အွန်လိုင်းစတိုး Xiaomi Mall ကနေ ရောင်းပေးလိုက်ပါပြီ။ အဲဒီအထဲမှာ Flame Red, Sapphire Blue, Hurricane Yellow, Jungle Green နဲ့ Cement Gray အရောင်တွေ ပါလာပြီး 12GB RAM /512GB Storage ၁ မျိုးပဲ ထည့်သွင်းထားပါတယ်။ ၄,၉၉၉ ယွမ် သတ်မှတ်ထားပြီး ၇၁၇ ဒေါ်လာ ဝန်းကျင် ရှိပါတယ်။

Xiaomi 13 ရဲ့ Specs တွေကို ပြန်လေ့လာကြည့်ရင် ၆.၃၆ လက်မ Full HD+ AMOLED မျက်နှာပြင်၊ 120Hz Refresh Rate ပါလာပြီး မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာမြှပ်နှံထားပါတယ်။ Snapdragon 8 Gen 2 မောင်းနှင်ထားပြီး 12GB LPDDR5x RAM နဲ့ 512GB UFS 4.0 Storage ပါပါတယ်။ Liquid Cooling အပူလျှော့ချပေးတဲ့ စနစ် ထည့်သွင်းထားပါတယ်။

အနောက်ဘက်မှာ Leica ကင်မရာ ၃ လုံးတပ်ဆင်ထားပြီး 50MP , 12MP Ultrawide Angle နဲ့ 10MP Telephoto တွေ ဖြစ်ပါတယ်။ ဆဲလ်ဖီး ကင်မရာက 16MP ဖြစ်ပါတယ်။ IP68 ရေစိုခံစံနှုန်း ပါပြီး Android 13 အခြေပြု MIUI 13 မောင်းနှင်ထားပါတယ်။ 67W Fast Charging ပါတဲ့ 4,500mAh ဘက်ထရီ တပ်ဆင်ထားပါတယ်။

Ref : gizmochina