Xiaomi ဟာ ယခင်တုန်းက Xiaomi 13 Series ဖုန်းတွေကို ဒီဇင်ဘာလ ၁ ရက်နေ့မှာ မိတ်ဆက်ဖို့ စီစဥ်ထားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံရဲ့ ယခင်ဦးဆောင်သူတစ်ဦးဖြစ်တဲ့ Jiang Zemin ကွယ်လွန်မှုကြောင့် မိတ်ဆက်မယ့်အချိန်ကို ရွေ့ဆိုင်းခဲ့ရပါတယ်။

အခုအချိန်မှာတော့ Xiaomi ကနေ လာမယ့် ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ Xiaomi 13 Series ဖုန်းတွေကို တရားဝင်ပြန်လည်မိတ်ဆက်သွားမယ်ဆိုပြီး ကြေညာလိုက်ပါပြီ။​ အခုလိုမျိုး ကြေညာချက်ဟာ တရုတ်နိုင်ငံတွင်း Social Media Service တစ်ခုဖြစ်တဲ့ Weibo အပြင် Mi Store App တွေမှာပါ ပြုလုပ်ခဲ့တာဖြစ်ပြီး ဒေသစံတော်ချိန် ည ၇ နာရီမှာ မိတ်ဆက်သွားမှာဖြစ်ပါတယ်။

Xiaomi ဟာ Xiaomi 13 Series ဖုန်းတွေပဲ ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ မိတ်ဆက်သွားမှာမဟုတ်ဘဲ တခြားသော Xiaomi Watch S2 ၊ Xiaomi Buds 4 လိုမျိုး Gadget တွေကိုလည်း မိတ်ဆက်သွားမှာဖြစ်ပြီး MIUI 14 Operating System အသစ်ကိုပါ ကြေညာသွားမှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ ကုမ္ပဏီရဲ့ ပထမဆုံးသော Desktop PC ဖြစ်လာမယ့် Xiaomi Mini Host ကိုလည်း မိတ်ဆက်မယ်လို့ သိရပါတယ်။

Xiaomi 13 Series ဖုန်းတွေဟာ Qualcomm Snapdragon 8 Gen 2 Chipset ကို အသုံးပြုထားမှာဖြစ်ပြီး LPDDR5x RAM နဲ့ UFS 4.0 Storage တွေပါဝင်မှာဖြစ်ပါတယ်။ Camera ပိုင်းအနေနဲ့လည်း 50MP Triple Camera Setup ကို အသုံးပြုထားမှာဖြစ်ပြီး Leica နဲ့ပါ ပူးပေါင်းထားမှာဖြစ်ပါတယ်။ Fast Charging ပိုင်းမှာတော့ 120W Fast Charging အထိ ထောက်ပံ့ပေးမယ်လို့ သိရပါတယ်။ ဒါ့အပြင် 120Hz QHD+ AMOLED Display ၊​ Leather နဲ့ Ceramic Back Design တွေအပြင် IP68 Dust & Water Resistant Rating တွေပါဝင်မှာဖြစ်ပါတယ်။

Ref – Gizmo China