Xiaomi 13 Series ကို မကြာခင် ကြေညာတော့မယ်လို့ ထင်ရပြီး ရိုးရိုး Xiaomi 13 နဲ့ Xiaomi 13 Pro တို့ ပါလာမှာ ဖြစ်ပါတယ်။ Xiaomi 13 Ultra ကိုတော့ နောက်ပိုင်းကျမှ ချပြမှာ ဖြစ်ပြီး အခုတော့ နာမည်ကြီး Tipster Digital Chat Station က Xiaomi 13 Ultra ရဲ့ အဓိက Specs တချို့ကို မျှဝေလာပါတယ်။

Xiaomi 13 Ultra မှာ အနောက်ကင်မရာ ၄ လုံး တပ်ဆင်ထားမှာ ဖြစ်ပြီး ၁ လက်မ ပင်မ ဆန်ဆာ (Sony IMX989) ကို တပ်ဆင်ထားမှာ ဖြစ်တယ်လို့ Digital Chat Station က ပြောပါတယ်။ အဲဒါဟာ Xiaomi 12S Ultra နဲ့ တူညီပြီး နည်းပညာ အသစ်အနေနဲ့ Xiaomi 13 Ultra မှာ Gimbal Stabilization ပါလာနိုင်ပါတယ်။

ကျန်တဲ့ ဆန်ဆာတွေရဲ့ သတင်းအချက်အလက်တွေကို လက်ရှိမှာ မသိရသေးပါဘူး။ ဆန်ဆာ အားလုံးမှာ PDAF Autofocus နဲ့ dToF (Direct Time-of-Flight) ဆန်ဆာ ပါလာမယ်လို့ အတည်ပြုချက် ရရှိထားပါတယ်။ Xiaomi 13 Ultra မှာ Xiaomi 12S Ultra ရဲ့ စက်ဝိုင်းပုံ ကင်မရာ Island ကို အသုံးပြုထားနိုင်ပါတယ်။

Xiaomi 13 Ultra မှာ Qualcomm ရဲ့ နောက်ဆုံးထုတ် စွမ်းရည်မြင့် Snapdragon 8 Gen 2 Chipset မောင်းနှင်ထားနိုင်ပါတယ်။ Xiaomi CEO Lei Jun က Xiaomi 13 Ultra ကို နိုင်ငံတကာမှာ ရောင်းချမယ်လို့ အရင်က အတည်ပြုထားပါတယ်။ မိတ်ဆက်ပွဲ မတိုင်ခင်မှာ အဲဒီ စမတ်ဖုန်းရဲ့ သတင်းအချက်အလက်တွေ ထပ်မံ ထွက်ပေါ်လာနိုင်ပါတယ်။

Ref : gsmarena