ပြီးခဲ့တဲ့လက တရုတ်မှာ Xiaomi 13 Series စမတ်ဖုန်းတွေကို ကြေညာခဲ့ပြီး နောက်လ MWC မှာ နိုင်ငံတကာအတွက် မိတ်ဆက်မှာ ဖြစ်ပါတယ်။ အဲဒီ Series မှာ Xiaomi 13 နဲ့ 13 Pro တို့ ပါဝင်ပြီး ပေါက်ကြားသတင်းတွေအရ Xiaomi 13 Ultra ကိုလည်း ကြေညာဖို့ရှိနေပါတယ်။

Xiaomi confirms MWC 2023 showcase as Xiaomi 13, Xiaomi 13 Pro and Xiaomi 13S Ultra global launch rumours circulate - NotebookCheck.net News

Xiaomi CEO Lei Jun က Xiaomi 13 Ultra ကို ထုတ်လုပ်ရောင်းချမယ်လို့ အတည်ပြုထားပြီး အဲဒီဖုန်းဟာ နိုင်ငံတကာနဲ့ တရုတ်အတွက် ကုမ္ပဏီရဲ့ အဓိက စွမ်းရည်မြင့် ဖုန်း ဖြစ်လာမှာပါ။ MWC ပွဲမှာ အဲဒီ ဖုန်းကို ကြေညာနိုင်တယ်လို့ ထင်ထားကြပေမယ့် အခုတော့ နာမည်ကြီး Tipster Digital Chat Station က အဲဒီ သတင်းကို ငြင်းဆိုလိုက်ပါတယ်။

Xiaomi

Digital Chat Station က ဇန်နဝါရီလ ၂၂ ရက် တရုတ်နှစ်သစ်ကူးပြီးနောက် မကြာခင်မှာ ဖေဖော်ဝါရီလအတွင်း OPPO Find X6 နဲ့ Honor Magic5 Series ကို ကြေညာမှာ ဖြစ်တယ်လို့ ပြောပါတယ်။ ဒါပေမယ့် Xiaomi 13 Ultra ကို MWC ပွဲမှာ မိတ်ဆက်မှာ မဟုတ်ဘူးလို့ Digital Chat Station က ပြောပါတယ်။

Xiaomi 13 Ultra ကို မတ်လနှောင်းပိုင်း သို့မဟုတ် ဧပြီလ အစောပိုင်း တရုတ်မှာ ရောင်းချနိုင်တယ်လို့ သတင်းထွက်နေပြီး နိုင်ငံတကာမှာ ရောင်းချမယ့် အချိန်ကို မသိရသေးပါဘူး။

ပေါက်ကြားသတင်းတွေအရ Xiaomi 13 Ultra မှာ ၁ လက်မ Sony IMX989 50MP Main အပါအဝင် အနောက်ကင်မရာ ၄ လုံး တပ်ဆင်ထားမှာပါ။ ကင်မရာ ၄ လုံးစလုံးမှာ PDAF Autofocus ပါလာမှာ ဖြစ်ပြီး Main ကင်မရာမှာ Gimbal Optimization ထောက်ပံ့ထားမှာပါ။ Snapdragon 8 Gen 2 Processor မောင်းနှင်ထားနိုင်ပြီး 16GB LPDDR5x RAM နဲ့ 500GB/1TB UFS 4.0 Storage ပါလာနိုင်ပါတယ်။

Ref : gizmochina