Zawgyi

Xiaomi ကေန ျပီးခဲ့တဲ့ရက္ပုိင္းတုန္းက Mi CC9 Series စမတ္ဖုန္းေတြကို မိတ္ဆက္ထားခဲ့တာပဲျဖစ္ပါတယ္။ အဆုိပါ Mi CC9 Series ဖုန္းေတြက တျခားေသာ Xiaomi ဖုန္းေတြနဲ႔ မတူညီဘဲ Performance ထက္ Selfie ကို ဦးစားေပးထားတဲ့ဖုန္းေတြလည္းျဖစ္ပါတယ္။

Xiaomi ကေန အဆုိပါ Mi CC9 Series ဖုန္းေတြနဲ႔အတူ AR Emoji Feature အသစ္တစ္ခုျဖစ္တဲ့ Mimoji ကိုပါ မိတ္ဆက္သြားခဲ့ပါတယ္။ အဆုိပါ Mimoji Feature ဟာ Apple ရဲ႕ iOS 12 မွာပါဝင္လာတဲ့ Memoji နဲ႔ နာမည္ေရာ၊ အသံုးျပဳပံုေတြပါ ထပ္တူနည္းပါးဆင္တူေနတဲ့ AR Sticker Feature လည္းျဖစ္ပါတယ္။ ဒီ Feature ၂ ခုစလံုးက ကုိယ္နဲ႔ အကိုက္ညီဆံုးျဖစ္တဲ့ AR Emoji ကို ဖန္တီးေပးျပီးေတာ့ Message ပို႔တဲ့ေနရာမွာ Short Video အေနနဲ႔ အသံုးျပဳႏုိင္တာလည္းျဖစ္ပါတယ္။

ဒါေပမယ့္လည္း Xiaomi ကေန အခု Mimoji ကို ေၾကာ္ျငာဖုိ႔အတြက္ Xiaomi Website မွာ ေၾကာ္ျငာတင္လုိက္တဲ့အခ်ိန္မွာေတာ့ Apple ရဲ႕ Memoji ေၾကာ္ျငာကို မွားယြင္းျပီးတင္မိခဲ့ပါတယ္။ အဆိုပါ ေၾကာ္ျငာက Apple ရဲ႕ အဆုိေတာ္ Khalid နဲ႔ Memoji ေပါင္းစပ္ထားတဲ့ ေၾကာ္ျငာျဖစ္ျပီး Xiaomi ရဲ႕ Mimoji ေၾကာ္ျငာကလည္း Apple ေၾကာ္ျငာနဲ႔ ေတာ္ေတာ္ေလးကို ဆင္တူေနတာျဖစ္ပါတယ္။

ဒီလုိမွားယြင္းျပီးတင္မိတဲ့အေပၚကို Xiaomi ရဲ႕ Public Relations General Manager ျဖစ္တဲ့ Xu Jieyun က ျပန္္လည္ေတာင္းပန္ခဲ့ရျပီး သူတို႔ရဲ႕ ဝန္ထမ္းတစ္ေယာက္က မွားယြင္းျပီး တင္မိခဲ့တာျဖစ္တယ္လုိ႔ ေျပာၾကားသြားခဲ့တာပါ။ အခုအခ်ိန္မွာေတာ့ Xiaomi ကေန မွားတင္မိတဲ့ Apple Memoji ေၾကာ္ျငာကို ျပန္လည္ဖ်က္လုိက္ျပီျဖစ္ပါတယ္။

Xiaomi ဟာ Apple Product ေတြနဲ႔ ဆင္တူတဲ့ Product ေတြကို ဆက္တိုက္ထုတ္လုပ္ေနတာျဖစ္ျပီး ယခင္တုန္းကလည္း Apple AirPods Design အတိုင္း Xiaomi AirDots ဆုိျပီး Wireless Earbuds တစ္ခုကို မိတ္ဆက္ခဲ့ပါေသးတယ္။

Ref – Android Authority

Unicode

Xiaomi ကနေ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက Mi CC9 Series စမတ်ဖုန်းတွေကို မိတ်ဆက်ထားခဲ့တာပဲဖြစ်ပါတယ်။ အဆိုပါ Mi CC9 Series ဖုန်းတွေက တခြားသော Xiaomi ဖုန်းတွေနဲ့ မတူညီဘဲ Performance ထက် Selfie ကို ဦးစားပေးထားတဲ့ဖုန်းတွေလည်းဖြစ်ပါတယ်။

Xiaomi ကနေ အဆိုပါ Mi CC9 Series ဖုန်းတွေနဲ့အတူ AR Emoji Feature အသစ်တစ်ခုဖြစ်တဲ့ Mimoji ကိုပါ မိတ်ဆက်သွားခဲ့ပါတယ်။ အဆိုပါ Mimoji Feature ဟာ Apple ရဲ့ iOS 12 မှာပါဝင်လာတဲ့ Memoji နဲ့ နာမည်ရော၊ အသုံးပြုပုံတွေပါ ထပ်တူနည်းပါးဆင်တူနေတဲ့ AR Sticker Feature လည်းဖြစ်ပါတယ်။ ဒီ Feature ၂ ခုစလုံးက ကိုယ်နဲ့ အကိုက်ညီဆုံးဖြစ်တဲ့ AR Emoji ကို ဖန်တီးပေးပြီးတော့ Message ပို့တဲ့နေရာမှာ Short Video အနေနဲ့ အသုံးပြုနိုင်တာလည်းဖြစ်ပါတယ်။

ဒါပေမယ့်လည်း Xiaomi ကနေ အခု Mimoji ကို ကြော်ငြာဖို့အတွက် Xiaomi Website မှာ ကြော်ငြာတင်လိုက်တဲ့အချိန်မှာတော့ Apple ရဲ့ Memoji ကြော်ငြာကို မှားယွင်းပြီးတင်မိခဲ့ပါတယ်။ အဆိုပါ ကြော်ငြာက Apple ရဲ့ အဆိုတော် Khalid နဲ့ Memoji ပေါင်းစပ်ထားတဲ့ ကြော်ငြာဖြစ်ပြီး Xiaomi ရဲ့ Mimoji ကြော်ငြာကလည်း Apple ကြော်ငြာနဲ့ တော်တော်လေးကို ဆင်တူနေတာဖြစ်ပါတယ်။

ဒီလိုမှားယွင်းပြီးတင်မိတဲ့အပေါ်ကို Xiaomi ရဲ့ Public Relations General Manager ဖြစ်တဲ့ Xu Jieyun က ပြန်လည်တောင်းပန်ခဲ့ရပြီး သူတို့ရဲ့ ဝန်ထမ်းတစ်ယောက်က မှားယွင်းပြီး တင်မိခဲ့တာဖြစ်တယ်လို့ ပြောကြားသွားခဲ့တာပါ။ အခုအချိန်မှာတော့ Xiaomi ကနေ မှားတင်မိတဲ့ Apple Memoji ကြော်ငြာကို ပြန်လည်ဖျက်လိုက်ပြီဖြစ်ပါတယ်။

Xiaomi ဟာ Apple Product တွေနဲ့ ဆင်တူတဲ့ Product တွေကို ဆက်တိုက်ထုတ်လုပ်နေတာဖြစ်ပြီး ယခင်တုန်းကလည်း Apple AirPods Design အတိုင်း Xiaomi AirDots ဆိုပြီး Wireless Earbuds တစ်ခုကို မိတ်ဆက်ခဲ့ပါသေးတယ်။

Ref – Android Authority